8/13/2017

♪ တက္ကသိုလ်ပေါင်းစုံ Hackathon ပြိုင်ပွဲကျင်းပမည် ♫


ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ တက္ကသိုလ်ပေါင်းစုံ Hackthon ပြိုင်ပွဲကို ကျင်းပသွားမယ်လို့ သိရပါတယ်။ အကြောင်းအရာ သို့မဟုတ် စိတ်ကူးတစ်ခုကို အခြေခံပြီး Programming ကဲ့သို့ နည်းပညာတွေကို သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်းမှာ အပြိုင်အဆိုင် Develop လုပ်ရတဲ့ပြိုင်ပွဲ တစ်ခုဖြစ်ပါတယ်။ ကိုယ်ပိုင် ပရောဂျက်  တစ်ခုရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီ Uni Hack Challenge 2017 ပြိုင်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ကွန်ပျုတာနဲ့ ဆက်စပ်တက္ကသိုလ်တွေ၊ နည်းပညာတက္ကသိုလ်တွေ၊ ပုဂ္ဂလိက နည်းပညာ သင်တန်းကျောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။


အဲဒီအခမ်းအနားကို သြဂုတ်လ ၁၈ ရက်ကနေ ၂၀ ရက်အထိ ကျင်းပမှာဖြစ်ပြီး ယခုကျင်းပတာဟာ ဒုတိယအကြိမ်လို့ သိရပါတယ်။ ယှဉ်ပြိုင်လိုသူတွေအနေနဲ့ New Westminister ကုမ္ပဏီကို ပရောဂျက်တွေပေးပို့ ရမှာဖြစ်ပါတယ်။ ပါဝင်သူတွေအနေနဲ့ ပွဲစဉ်အတွင်းမှာ အဓိကအားဖြင့် Web/ Mobile application, Facebook Page, Vinyl, Presentation, ၃၀ စက္ကန့်ရှိတဲ့ Video အစရှိတဲ့ လှုပ်ရှားမှုတွေကို ပြီးမြောက်အောင်မြင်ရမယ်လို့ ဆိုပါတယ်။ အနိုင်ရရှိတဲ့ အဖွဲ့တွေအနေနဲ့ သူတို့ရဲ့ပရောဂျက်တွေကို ဈေးကွက်ထဲကို ရောက်ရှိတဲ့အထိ ထပ်မံတိုးချဲ့နိုင်ဖို့ New Westminster ကုမ္ပဏီမှ ဆက်လက်အကြံပြု လမ်းညွှန်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံသူတွေနဲ့ ချိတ်ဆက်ပေးတာ၊ အလုပ်ခန့်အပ်တာတွေကိုလည်း ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။


နည်းပညာနယ်ပယ်နဲ့ ဆက်စပ်လျက်ရှိတဲ့ အစိုးရတက္ကသိုလ်နဲ့ ပုဂ္ဂလိကသင်တန်းကျောင်းတွေက ကျောင်းသားကျောင်းသူတွေကို လုပ်ငန်းခွင် သဘောတရားတွေနဲ့ ပြင်ပစီးပွားရေးအမြင်တွေ ထက်သန်လာစေဖို့၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ ထူထောင်တဲ့အခါ ဒါမှမဟုတ် လုပ်ငန်းခွင်ကို ဝင်ရောက်တဲ့အခါ လုပ်ငန်းလည်ပတ်ပုံတွေကို နည်းပညာရှုတောင့်မှာသာမက စီးပွားရေး၊ လူမှုရေးနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ရေးတို့ အရေးပါပုံကို သိရှိစေဖို့ ရည်ရွယ်ပြီးကျင်းပတာလို့ ဆိုပါတယ်။


-ထွန်းထွန်း

Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com