
ညအိပ်ခါနီးမှာ စမတ်ဖုန်း၊ တက်ဘလက်များကို
အသုံးပြုရင် အဲဒီကနေ ထွက်တဲ့ Blue Light ကြောင့် အိပ်စက်ခြင်းကို
ထိခိုက်စေတယ်ဆိုတဲ့ သုတေသနစစ်တမ်းများစွာ ထွက်ပေါ်ခဲ့ပြီးပါပြီ။ အဲဒီအတွက်
ဖုန်းထုတ်လုပ်သူများဟာ သူတို့ရဲ့ ဖုန်းများမှာ Blue Light Filter
စွမ်းရည်ကို ထည့်သွင်းပေးထားကြပါတယ်။ သင့်ဖုန်းမှာ အဲဒီလို
စွမ်းဆောင်ချက်မျိုး မပါရင် အောက်ပါ Blue Light Filter App များကို
သုံးနိုင်ပါတယ်။
၁။ Midnight

Midnight က Blue Light ကို ပိတ်ပင်ပေးတဲ့ App ဖြစ်ပါတယ်။ Black, Yellow, Blue , Red Light စတဲ့ အရောင်များကိုလည်း ချိန်ညှိနိုင်ပါတယ်။ အရောင်များကို ချိန်ညှိပြီးရင် အစမ်းကြည့်ဖို့အတွက် Play Button ကို နှိပ်ပါ။ Filter လုပ်မယ့် အချိန်အပိုင်းအခြားကိုလည်း သူ့မှာ သတ်မှတ်နိုင်ပါတယ်။
Download
၂။ Night Screen

Night Screen ကတော့ Midnight လောက် စွမ်းဆောင်ချက် မများပါဘူး။ သူ့ရဲ့ အဓိက အားသာချက်က လွယ်ကူစွာ အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။ သူ့ကို ဖွင့်ပြီး Blue Light နဲ့ Brightness ကို လျှော့ချပေးလိုက်ရုံပါပဲ။ ၁.၉၉ ဒေါ်လာဖြင့် Night Screen+ ကို ၀ယ်ယူရင်တော့ ကြော်ညာများ မကြည့်ရတော့သလို Blue Light ကို အဖွင့်၊ အပိတ်လုပ်မယ့် အချိန်ကို Schedule လုပ်နိုင်ပါတယ်။ ဒါ့အပြင် Control Widget လည်း ပါလာမှာပါ။
Download
၃။ Dimly

Blue Light Filter App များမှာ ကြုံတွေ့ရတဲ့ အခက်အခဲက Brightness ကို ချိန်ညှိတဲ့ အခါမှာ အလွန် မှောင်သွားခြင်း ဖြစ်ပါတယ်။ Dimly မှာတော့ မူလ Brightness ကို ပြန်ရအောင် လုပ်ပေးတဲ့ Shake to Restore Brightness စွမ်းရည်ပါပါတယ်။ ဖုန်းကို လှုပ်ခါလိုက်တာနဲ့ မူလ Brightness ကို ပြန်ရစေမှာပါ။
Night Screen လိုပဲ Dimly မှာ Brightness ကို ချိန်ညှိနိုင်မယ့် Slider ပါပါတယ်။ သူ့ကို အခမဲ့ အသုံးပြုနိုင်ပေမယ့် ၁.၉၉ ဒေါ်လာဖြင့် ၀ယ်ယူရင် ကြော်ညာများ ဖျောက်ပေးပြီး Schedule ပြုလုပ်နိုင်ပါတယ်။
Download
၎။ My Eyes Protection

My Eyes Protection က အသုံးပြုရလွယ်ကူတဲ့ App ဖြစ်ပါတယ်။ Blue Light Filter ကို လွယ်ကူစွာ ပြုလုပ်ဖို့အတွက် Slider ပါပါတယ်။ App သို့မဟုတ် Notification Bar ကနေ Filter အဖွင့်၊ အပိတ် လုပ်နိုင်ပါတယ်။ ဒါပေမယ့် Schedule လုပ်နိုင်တဲ့ စွမ်းရည်တော့ မပါပါဘူး။ သူ့မှာ စာဖတ်တဲ့ အချိန် အလွန် ကြာလာရင် သတိပေးမယ့် Eyestrain Prevention ပါပါတယ်။
Download