
တယ်လီနောမြန်မာအနေဖြင့်
ယင်း၏သုံးစွဲသူများကို အာရှ-ပစိဖိတ် ဒေသမှ ၈ နိုင်ငံနှင့် အမေရိကန် ပြည်
ထောင်စုအပါအ၀င် နိုင်ငံပေါင်း ၉ နိုင်ငံသို့ အသက်သာဆုံးနှုန်းထားနှင့်
ခေါ်ဆိုနိုင်မည့် Happy Hour အစီ အစဉ်ကို စတင်မိတ်ဆက်လိုက်သည်။အဆိုပါပရိုမိုးရှင်းအစီအစဉ်ကို အသုံးပြု၍မြန်မာနိုင်ငံမှ တယ်လီနောသုံးစွဲသူများအနေဖြင့် တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊တောင်ကိုရီးယား၊
ဂျပန်၊ သြစတေးလျနှင့် ဟောင်ကောင်နိုင်ငံများတွင် ရှိသည့်
သူငယ်ချင်းများနှင့် မိသားစုများထံသို့ တစ်မိနစ်လျှင် ၅၀ကျပ်နှုန်းထားဖြင့်
ခေါ်ဆိုနိုင်မည်ဖြစ် ကာ အဆိုပါနှုန်းထားသည် Happy Hour အချိန်ဖြစ်သည့် ည ၁၀
နာရီမှ နံနက် ၇ နာရီအတွင်း ခေါ်ဆိုမှုများ အတွက်သာ အကျုံးဝင်မည်ဟုဆို သည်။
အဆိုပါနှုန်းထားသည် အခွန်နှုန်းပါဝင်ခြင်းမရှိသေးပဲ
ကြိုတင်ငွေဖြည့် သုံးစွဲသူများ (prepaid) နှင့် အသုံးပြုပြီးမှ
ငွေပေးသွင်းသုံးစွဲသူ (Postpaid) အားလုံးရယူအသုံးပြု နိုင်မည်ဖြစ် သည်။
ပြည်ပသို့ ပုံမှန်ဖုန်းခေါ်ဆိုမှုနှုန်းထားများမှာ
ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနှင့် စင်ကာပူနိုင်ငံများသို့ခေါ် ဆိုမည်ဆိုပါက
တစ်မိနစ်လျှင် ၂၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး သြစတေးလျ၊ ဟောင်ကောင်၊ ဂျပန်၊
တောင်ကို ရီးယားနှင့် အမေရိကန်နိုင်ငံများသို့ ခေါ်ဆိုမည်ဆိုပါက
တစ်မိနစ်လျှင် ၄၀၀ ကျပ်ကျသင့်မည်ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် တယ်လီနော၏
"Happy Hour" ပရိုမိုးရှင်းအစီအစဉ်နှင့် ပြည်ပသို့ ဖုန်းခေါ်ဆိုပါက ၈၈
ရာခိုင်နှုန်းအထိ သက်သာသော နှုန်းထားနှင့် ခေါ်ဆိုနိုင်မည် ဖြစ်သည်။
တယ်လီနောအနေဖြင့် ပြီးခဲ့သည့် ဇွန်လမှစတင်ကာထိုင်းနှင့် မလေးရှားနိုင်ငံသို့ ပြည်တွင်းဖုန်း ခေါ်ဆိုမှုနှုန်းထား နှင့်ခေါ်ဆိုနိုင်မည့် အစီအစဉ်တစ်ခုကိုလည်း ပေးအပ်ခဲ့ပြီး ထိုပရိုမိုးရှင်းအစီအစဉ်ဖြင့်
မြန်မာနိုင်ငံမှ အသုံးပြုသူ များသည် ထိုင်းနိုင်ငံရှိ dtac နှင့်
မလေးရှားနိုင်ငံ ရှိ Digi သုံးစွဲသူများထံသို့ ပြည်တွင်းဖုန်းခေါ်ဆိုမှုနှုန်းထားဖြစ်သည့် တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းထားဖြင့် ခေါ်ဆိုနိုင်ခဲ့သည်။
ကောင်းမြတ်ရာ
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
အဆိုပါနှုန်းထားသည် အခွန်နှုန်းပါဝင်ခြင်းမရှိသေ
တယ်လီနောအနေဖြင့် ပြီးခဲ့သည့် ဇွန်လမှစတင်ကာထိုင်းနှင့် မလေးရှားနိုင်ငံသို့ ပြည်တွင်းဖုန်း ခေါ်ဆိုမှုနှုန်းထား နှင့်ခေါ်ဆိုနိုင်မည့် အစီအစဉ်တစ်ခုကိုလည်း ပေးအပ်ခဲ့ပြီး ထိုပရိုမိုးရှင်းအစီအစဉ်ဖြင
ကောင်းမြတ်ရာ
Mobile Guide Journal (Every Monday)
https://www.facebook.com/