8/10/2017

♪ ဂိမ်းကစားဖို့ အကောင်းဆုံး စမတ်ဖုန်းများ ♫


နှစ်စဉ်နှစ်တိုင်း စမတ်ဖုန်းများရဲ့ RAM နဲ့ Processors များဟာ စွမ်းရည်မြင့်မားလာကြတဲ့အတွက် ဂိမ်း ကစားဖို့ အလွန် ကောင်းမွန်လာကြပါတယ်။ ဒါပေမယ့် ဂိမ်းကစားဖို့ ကောင်းမွန်တဲ့ စမတ်ဖုန်းများစွာ ထွက်ပေါ်နေတဲ့အတွက် ရွေးချယ်ရတာ မလွယ်ကူပါဘူး။ အဲဒီအတွက် Digital Times က စာဖတ်သူများ အဆင်ပြေစေဖို့ ဂိမ်း ကစားဖို့ အကောင်းဆုံး စမတ်ဖုန်းများကို ရွေးချယ်ပေးလိုက်ပါတယ်။

Samsung Galaxy S8
Galaxy S8 ဟာ ဈေးကွက်ထဲမှာ အကောင်းဆုံး Android Phone ဖြစ်ပြီး ဂိမ်းကစားရာမှာ အလွန် စွမ်းရည်မြင့်မားပါတယ်။ Galaxy S7 မှာ မိတ်ဆက်ခဲ့တဲ့ ဂိမ်းကစားတဲ့အခါ စွမ်းရည်မြှင့်ပေးတဲ့ ဆော့ဖ်ဝဲကိုလည်း S8 မှာ အဆင့်မြှင့်ပေးထားပါတယ်။ Phone Settings ရဲ့ Device Maintenance ကဏ္ဍမှာ Game Mode ကို Enable လုပ်နိုင်ပါတယ်။ အဲဒီမှာပဲ Game Launcher နဲ့ Game Tools တို့ ရှိပါတယ်။ Game Launcher မှာ သင့်ရဲ့ ဂိမ်းများ အားလုံးကို ပြသထားပါတယ်။ Game Tools ကတော့ 18.5:9 Aspect Ratio ကို မထောက်ပံ့တဲ့ ဂိမ်းများအတွက် အဆင်ပြေစေမယ့် Screen Mode ကို ပြောင်းလဲပေးပါတယ်။ Game Mode ကို သုံးထားရင် ဂိမ်းကစားတဲ့ အခါမှာ ချောမွတ်ပြီး Notifications များကို ပိတ်ပေးထားမှာပါ။



၅.၈ လက်မ AMOLED Infinity Display ( 1440×2960 Resolution ) ဟာ 18.5:9 Aspect Ratio ဖြစ်ပါတယ်။ ဒါဟာ သာမာန် QHD Phones များထက် 400 Pixels ပိုမို ရှည်လျားပါတယ်။ S8 မှာ စွမ်းရည်မြင့် Snapdragon 835 Processor , Adreno 540 GPU , 4GB RAM ထည့်သွင်းထားပါတယ်။

OnePlus 5


OnePlus ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် စမတ်ဖုန်း ဖြစ်ပြီး Galaxy S8 မှာလို Snapdragon 835 ထည့်သွင်းထားပါတယ်။ OnePlus 5 ကို ဂိမ်းကစားဖို့ ရွေးချယ်သင့်တဲ့ အကြောင်းကတော့ 6GB RAM ကနေ 8GB RAM အထိ ရွေးချယ်နိုင်လို့ ဖြစ်ပါတယ်။ သူ့မှာ ဂိမ်း စွမ်းဆောင်ချက် နှစ်ခု ပါပြီး Gaming Do Not Disturb Mode နဲ့ Dash Charge While Gaming တို့ ဖြစ်ကြပါတယ်။ ဂိမ်းကစားနေစဉ် Notification များလို အနှောင့်အယှက်များကို ပိတ်ခြင်းနဲ့ ဂိမ်း ကစားနေစဉ် လျှင်မြန်စွာ အားသွင်းခြင်းများကို အသီးသီး ပံ့ပိုးပေးမှာပါ။ Do Not Disturb မှာ ဂိမ်းကစားနေစဉ် ခလုတ်များ မှားယွင်းနှိပ်မိခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ၅.၅ လက်မ Full HD Display နဲ့ 3300mAh Battery များက အပူမလွန်ကဲစေဘဲ စွမ်းရည်မြင့် ဂိမ်းများကို ကစားနိုင်အောင် ပံ့ပိုးပေးပါတယ်။

Samsung Galaxy S7
Galaxy S8 ကို မတတ်နိုင်တဲ့ လူများအတွက် သူ့ရဲ့ ယခင်မျိုးဆက်ကလည်း ဂိမ်းကစားဖို့ အလွန် ကောင်းမွန်ပါတယ်။ Galaxy S7 မှာ Vulkan APIs ကို ထောက်ပံ့တဲ့အတွက် ဂရပ်ဖစ်များ အရည်အသွေး ကောင်းမွန်ပါတယ်။ ၅.၁ လက်မ Super AMOLED Display ဟာ QHD Resolution ရှိပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၅၇၇ ဖြစ်ပါတယ်။ အဲဒီအတွက် အလွန် အသေးစိတ်ကျတဲ့ ရုပ်ထွက်များကို ပံ့ပိုးပေးပါတယ်။ မိနစ် ၉၀ အတွင်းမှာ အားအပြည့်ဖြည့်ပေးတဲ့ 3000mAh Battery ပါပါတယ်။ Octa-Core Snapdragon 820 Processor , Adreno 530 GPU, 4GB RAM များက စွမ်းရည်မြင့် ဂိမ်းများကို ထောက်ပံ့ပါတယ်။

S7 ဟာ Game Launcher ပါတဲ့ ပထမဆုံး Samsung Phone ဖြစ်ပြီး S8 မှာလည်း ထည့်သွင်းပေးထားပါတယ်။ အဲဒီကနေ သင့်ရဲ့ ဂိမ်းများကို ကဏ္ဍများဖြင့် ခွဲခြားထားနိုင်ပြီး ကစားချင်တဲ့ ဂိမ်းကို လျှင်မြန်စွာ ဖွင့်နိုင်မှာပါ။ Game Tool က Notification များကို ပိတ်ခြင်း၊ ဂိမ်းကစားခြင်းကို Record လုပ်ခြင်းများကို ပြုလုပ်ပေးပါတယ်။

Sony Remote Play ပါတဲ့ Xperia Device များ





သင့်မှာ PlayStation 4 ရှိရင် Sony Remote Play ဖြင့် PS4 Games များကို Xperia Device များကနေ ကစားနိုင်ပါတယ်။ Xperia X, Z3, Z4, Z5 များမှာ ကစားနိုင်မှာပါ။ PS4 နဲ့ စမတ်ဖုန်းကို တူညီတဲ့ ၀ိုင်ဖိုင်မှာ ချိတ်ဆက်ထားတာနဲ့ ဖုန်းမှာ ဂိမ်းများကို Dualshock 4 Controller ဖြင့် ကစားနိုင်မှာပါ။ Controller ရဲ့ ထိပ်မှာ သင့်ဖုန်းကို တပ်ဆင်နိုင်မယ့် Game Control Mount ကို သုံးရင်တော့ ကစားရတာ ပိုမို ကောင်းမွန်မှာပါ။ PS4 နဲ့ တွဲဖက် ကစားနိုင်တဲ့ နောက်ဆုံးထုတ် Xperia Z5 မှာ ၅.၂ လက်မ မျက်နှာပြင်၊ Snapdragon 810 Processor , 3GB RAM ပါပါတယ်။





Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com