7/04/2017

♪ LG က mini G6 ကို ရောင်းမည် ♫


မေလမှာ LG က စွမ်းဆောင်ရည်မြင့် G6 ရဲ့ Mini Version ကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်ခဲ့ဖူးပါတယ်။ G6 ရဲ့ ၅.၇ လက်မ အရွယ် မျက်နှာပြင်အစား Mini Version မှာ ၅.၄ လက်မ မျက်နှာပြင်ကို တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Aspect Ratio ကတော့ တူညီပြီး 18:9 ဖြစ်ပါတယ်။

အခုလည်း စမတ်ဖုန်းများရဲ့ သတင်းများကို ကြိုတင်ထုတ်ဖော်ရာမှာ နာမည်ကြီးတဲ့ Evan Blass က mini G6 ရဲ့ သတင်းအချက်အလက်များကို Twitter မှာ ဖွင့်ထုတ်လိုက်ပါတယ်။ သူ့ရဲ့ သတင်းအချက်အလက်များအရ mini Version မှာ အနောက်ကင်မရာ တစ်လုံးကိုသာ တပ်ဆင်ထားမှာ ဖြစ်ပြီး 13 Megapixel Camera ဖြစ်ပါတယ်။ mini Version ကို LG Q6 လို့ အမည်ပေးထားမှာ ဖြစ်ပါတယ်။

ယခု သတင်းများအရ LG Q6 မှာ 3GB RAM ထည့်သွင်းထားပြီး Aspect Ratio ကို 18.5:9 အဖြစ် အနည်းငယ် ပြောင်းလဲထားမှာ ဖြစ်ပါတယ်။ အဲဒီ Aspect Ratio ကို Samsung Galaxy S8 နဲ့ Galaxy S8 Plus များမှာလည်း အသုံးပြုထားပါတယ်။

LG Q6 ရဲ့ အခြား Specification များကိုတော့ Evan Blass က ပြောကြားခြင်း မရှိပါဘူး။ မှန်းဆချက်များအရ အဲဒီ စမတ်ဖုန်းမှာ Snapdragon 821 Processor ကို ထည့်သွင်းထားနိုင်ပါတယ်။ ကင်မရာက မြင်ကွင်းကျယ် ဓါတ်ပုံများကို ရိုက်ကူးပေးနိုင်မှာ ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com