7/24/2017

♪ " Facebook က စမတ်ဖုန်းထုတ်လုပ်ရန် လျှို့ဝှက် လုပ်ဆောင်နေ " ♫

No automatic alt text available.

Google က မနှစ်က သူ့ရဲ့ Project Ara လုပ်ငန်းလုပ်ဆောင်ခြင်းကို ရပ်တန့်လိုက်ပြီးနောက်ပိုင်းမှာ ကုမ္ပဏီတော်တော်များများက Modular စမတ်ဖုန်းကို ထုတ်လုပ်ဖို့ ကြိုးစားလာကြပါတယ်။ ယခုအချိန်မှာတော့ Facebook ကုမ္ပဏီ တာဝန်ရှိသူတစ်ချို့က hardware ဈေးကွက်ထဲကို ဝင်လာပြီး Modular စမတ်ဖုန်းထုတ်လုပ်မှုမှာ ပါဝင်ဖို့ လျှို့ဝှက်လုပ်ဆောင်နေခဲ့ကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။ Facebook ရဲ့ Modular စမတ်ဖုန်းကို အဖွဲ့ ရှစ်ဖွဲ့နဲ့ ပြုလုပ်မှာဖြစ်ပြီး Google Project Ara က အဖွဲ့ဝင်အတော်များများ ပြန်လည်ပါဝင်နေတာဖြစ်ပါတယ်။
 
ဒီလုပ်ငန်းမှာ ပါဝင်လှုပ်ရှားနေတဲ့ အတွင်းလူတစ်ဦးက Facebook ကလုပ်ဆောင်နေတဲ့ "modular electromechanical" စမတ်ဖုန်းမှာ touch display ၊ GPS လုပ်ဆောင်ချက်၊ စပီကာ၊ မိုက်ကရိုဖုန်းနဲ့ ဖုန်းခေါ်ဆိုနိုင်မှု အစရှိတဲ့ အချက်အလက်တွေ ပါဝင်တဲ့အကြောင်း ထုတ်ဖော်ခဲ့တာပဲ ဖြစ်ပါတယ်။


စာရွက်စာတမ်းမှာတော့ ဒီပစ္စည်းကို ရုပ်လုံးပေါ်စေတဲ့ အရာတွေဖြစ်တဲ့ အောက်ခံ body နဲ့ သူနဲ့ချိတ်ဆက်ထားတဲ့ အရာတွေကို တွေ့ရမှာပါ။ ပြီးတော့ module တစ်ခုချင်းစီမှာလည်း မတူညီတဲ့လုပ်ဆောင်ချက်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ 


အထူးသဖြင့် မူပိုင်ခွင့်လျှောက်ထားတဲ့အပိုင်းမှာတော့ ဒီပစ္စည်းဟာ စမတ်ဖုန်းအဖြစ် သို့မဟုတ် စပီကာအဖြစ် မြင်တွေ့ရမှာပါလို့ ဖော်ပြထားပါတယ်။မူပိုင်ခွင့်မှာ ဒီပစ္စည်းအတွက် ဖွဲ့စည်းပုံဇယားကိုလည်း ပြထားပြီး ဒီ device သစ်က ဖုန်းနဲ့တူမှာ မဟုတ်ဘဲ အနာဂတ်ရဲ့ modular device အနေနဲ့ပဲ ထုတ်လုပ်မှာလို့ သိရပါတယ်။ team အနေနဲ့လည်း ဒီ device က မူပိုင်ခွင့်ပိုင်းကို လွတ်လွတ်ကင်းကင်းကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။


Facebook ကုမ္ပဏီ အနေနဲ့ မနှစ်ကဧပြီလအတွင်း Google ကုမ္ပဏီမှာ အကြီးတန်းနည်းပညာသမားအဖြစ် လုပ်ကိုင်နေတဲ့ Regina Dugan ကို ခေါ်ယူခန့်အပ်ခဲ့ပြီး Dugan က modular ဖုန်းတီထွင်နေတဲ့ အဖွဲ့ 8 ဖွဲ့ကို ဦးဆောင်နေတာ ဖြစ်ပါတယ်။


Facebook ရဲ့ မူပိုင်ခွင့်သစ်က 2017 ဇန်န၀ါရီ မှာ လျှောက်ထားခဲ့တာဖြစ်ပြီး ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်တွေအရ တစ်ချို့နည်းပညာတွေက ခေတ်မမီတော့ဘူးလို့ လေ့လာသုံးသပ်သူတွေက ဆိုထားပါတယ်။

#gadgets.ndtv.com

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com