Nokia 8 လို့ခေါ်တဲ့ Nokia flagship စမတ်ဖုန်းအသစ်ကို ဇူလိုင်လ 31 ရက်နေ့မှာ စတင်ရောင်းချမယ်လို့ သိရပြီး
ဈေးနှုန်းကတော့ ယူရို 589 (မြန်မာကျပ်ငွေ 9 သိန်းကျော်) ရှိတယ်လို့
သိရပါတယ်။ TA-1004 မော်ဒယ်နာမည်နဲ့ FCC certification ရရှိထားပြီး
Geekbench မှာ ဖော်ပြထားချက်အရ RAM 4GB နဲ့ 8GB ပါဝင်မယ်လို့ တွေ့ရပါတယ်။
ဒါပေမယ့် လက်လီရောင်းချသူတစ်ဦးဖြစ်တဲ့
Scandinavian ကတော့ RAM 4GB နဲ့ storage 64GB ကိုသာ ရရှိမယ်လို့
ဆိုထားပါတယ်။ အရောင်အားဖြင့်တော့ blue ၊ steel ၊ gold/blue နဲ့ gold/ copper
ဆိုပြီး ရရှိနိုင်မှာဖြစ်ပြီး ဈေးကွက်ရှာဖွေရေးအဖွဲ့ကတော့ ဒီအရောင်တွေကို
အများနဲ့မတူတဲ့ နာမည်ပေးသွားဖို့ idea ရှိတယ်လို့လည်း
ပြောကြားခဲ့ပါသေးတယ်။
ဒီစမတ်ဖုန်းမှာ Snapdragon 835 ၊ 5.3 လက်မ QHD display နဲ့ အနောက်ဖက်မှာ 13MP dual ကင်မရာ တပ်ဆင်ထားပါတယ်။ ဒါ့အပြင် Nokia 8 က Nokia 9 နဲ့အတူ ထွက်ပေါ်လာမယ်ဆိုတဲ့သတင်းကလည်း အတည်မပြုနိုင်သေးပေမယ့် ခိုင်မာတဲ့သတင်းရင်းမြစ်ကနေ ပြောကြားထားတာပဲ ဖြစ်ပါတယ်။
ဇူလိုင်လ 31 ရက်မှာသာ တကယ်တမ်းမိတ်ဆက်မယ်ဆိုရင် ဒီအဆင့်မြင့် စမတ်ဖုန်းအကြောင်းသိရှိရဖို့  2 ပတ်လောက်ပဲ လိုတော့တာဖြစ်ပါတယ်။
#gsmarena
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
ဒါပေမယ့် လက်လီရောင်းချသူတစ်ဦးဖြစ်တ
ဒီစမတ်ဖုန်းမှာ Snapdragon 835 ၊ 5.3 လက်မ QHD display နဲ့ အနောက်ဖက်မှာ 13MP dual ကင်မရာ တပ်ဆင်ထားပါတယ်။ ဒါ့အပြင် Nokia 8 က Nokia 9 နဲ့အတူ ထွက်ပေါ်လာမယ်ဆိုတဲ့သတင်းကလည
ဇူလိုင်လ 31 ရက်မှာသာ တကယ်တမ်းမိတ်ဆက်မယ်ဆိုရင် ဒီအဆင့်မြင့် စမတ်ဖုန်းအကြောင်းသိရှိရဖို
#gsmarena
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/