7/15/2017

♪ " 22.3 MP နဲ့ Dual ကင်မရာပါဝင်လာမယ့် Nokia 8 စမတ်ဖုန်း " ♫

Image may contain: phone

Nokia 3 ၊ Nokia 5 နဲ့ Nokia 6 စမတ်ဖုန်းတွေကို ရောင်းချပြီးနောက်မှာ HMD Global ကုမ္ပဏီက Iris scanner ၊ bezel-less display ၊ Zeiss lens တို့ကို အသုံးပြုထားတဲ့ Nokia 9 နဲ့ Nokia 8 တို့ ထွက်ပေါ်လာနိုင်ရေးအတွက် အချိန်ယူလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ Nokia 9 ကိုတော့ လာမယ့်လတွေမှာ မိတ်ဆက်မယ်လို့ အတည်ပြုထားပြီး Nokia 8 လည်း မကြာခင်ထွက်ရှိမယ်ဆိုတဲ့ သတင်းတွေ ထပ်မံထွက်ပေါ်လာပါတယ်။

Nokia 8 စမတ်ဖုန်းရဲ့ ပုံနဲ့ လုပ်ဆောင်ချက်တွေကတော့ တရုတ်ရဲ့ CNMO.com ကနေ ထွက်ပေါ်လာတာဖြစ်ပြီး ထွက်ပေါ်လာတဲ့ သတင်းအရတော့ အနောက်ဘက်မှာ dual ကင်မရာပါရှိမှာဖြစ်ပြီး ကင်မရာတစ်လုံးက 22.3 MP ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ရှေ့ကင်မရာကတော့ 12MP ရှိမှာဖြစ်ပြီး ဒီစမတ်ဖုန်းမှာ ဘေးဘောင်မရှိသလောက် curved bezel-less display နဲ့ USB Type-C port တို့ကိုလည်း အသုံးပြုထားပါတယ်။ ထွက်ပေါ်လာတဲ့ပုံနဲ့ လုပ်ဆောင်ချက်တွေအရဆိုရင်တော့ Nokia 8 က Samsung Galaxy S8 နဲ့ Apple ရဲ့ နှစ်ပတ်လည် edition iPhone တို့လိုမျိုး အချိန်ယူလုပ်ဆောင်ဖို့ လိုအပ်ပြီး 2017 ခုနှစ် စတုတ္ထလေးလပတ်ထဲမှာ ထွက်ရှိနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ တာဝန်ရှိသူတွေက ဆိုထားပါတယ်။

ကောလာဟလသတင်းအရ ထွက်ပေါ်လာတဲ့ Nokia 8 မှာ Samsung Galaxy S8 နဲ့ S8+ တို့မှာ တွေ့မြင်ခဲ့ရတဲ့ ဘေးဘောင်မရှိသလောက် curved bezel-less display အသုံးပြုထားပြီး 5.5 လက်မ display ကိုထောက်ပံ့ပေးထားတဲ့ အမြင့်ပိုင်း Nokia 8 စမတ်ဖုန်းနဲ့ 5.2 လက်မ QHD AMOLED display ပါဝင်မယ့် ဈေးနှုန်းအနည်းငယ်လျော့တဲ့ စမတ်ဖုန်းဆိုပြီး နှစ်မျိုးထွက်လာမယ်လို့ သိရပါတယ်။ Nokia က Nokia 8 အတွက် premium metal design ကို အသုံးပြုဖို့မျှော်လင့်ထားပြီး သတ္တုကိုယ်ထည်နဲ့ unibody design ကိုလည်း အသုံးပြုနိုင်ပါတယ်။ USB Type-C port ကို အောက်ခြေမှာထားပြီး stereo စပီကာရဲ့ ဘေးမှာတည်ရှိပါတယ်။ ဒါ့အပြင် 3.5mm နားကျပ်ပေါက်လည်း ပါဝင်ပါတယ်။

Nokia 8 မှာ Samsung Galaxy S8 နဲ့ S8+ မှာ မိတ်ဆက်ခဲ့တဲ့ iris scanner ပါဝင်မယ်လို့ သိရပြီး ဒီလုပ်ဆောင်ချက်ကို Apple ကလည်း နောက်ထွက်လာမယ့် iPhone မှာ အသုံးပြုနိုင်ဖို့ မျှော်လင့် ထားပါတယ်။ Nokia 8 မှာ ဖုန်ဒဏ်နဲ့ ရေစိုဒဏ်ခံနိုင်တဲ့ IP68 လည်းပါဝင်တယ်လို့ ကောလာဟလ သတင်းတွေအရ သိရပါတယ်။ Nokia 8 မှာ non-removable Li-Ion 4000mAh ဘက်ထရီကို အသုံးပြုထားတယ်လို့လည်း သိရပါတယ်။ Processor ပိုင်းကိုလည်း နှစ်မျိုးခွဲခြားထွက်ရှိလာမှာဖြစ်ပြီး တစ်မျိုးက Snapdragon 821 ၊ 4GB RAM / storage 64 GB နဲ့ဖြစ်ပြီး နောက်တစ်မျိုးကတော့ Snapdragon 835 နဲ့ 6GB RAM / Storage 128 GB အဖြစ် ထွက်ရှိလာမှာဖြစ်ပါတယ်။

Micro SD ကတ်ကိုတော့ 128 GB အထိ တိုးချဲ့နိုင်မှာပါ။ Android Nougat 7.0 ကို ထောက်ပံ့ပေး ထားမှာဖြစ်ပြီး Carl Zeiss ကုမ္ပဏီနဲ့ ကင်မရာပိုင်း ပူးတွဲလုပ်ဆောင်မယ်လို့ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တာကြောင့် Nokia 8 နဲ့ Nokia 9 မှာ Carl Zeiss optics ပါဝင်လာမယ်ဆိုတာကတော့ မငြင်းနိုင်ပါ ဘူး။ ဈေးနှုန်းအနေနဲ့တော့ ဈေးနှုန်းမြင့် Nokia 8 က ငွေကျပ် 9 သိန်းဝန်းကျင်ရှိမှာဖြစ်ပြီး ဈေးနှုန်း အနည်းငယ်သက်သာမယ့် Nokia 8 ကတော့ ငွေကျပ် 8 သိန်းဝန်းကျင်လို့ သိရပါတယ်။


#http://indiatoday.intoday.in/

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com