7/04/2017

♪ ဈေးကွက်အတွင်း ၀င်ရောက်လာပြီ ဖြစ်တဲ့ Huawei ရဲ့ Y Family ♫


Y7 Prime၊ Y6II Prime၊ Y5 2017နှင့် Y3 2017 တို့ ပါဝင်တဲ့ Y Family ကို ဈေးကွက်အတွင်း ဖြန့်ချိလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
Y7 Prime
==============
Y 7 Prime ဟာ ဂိမ်းဆော့ကစားရသည်ကို ကြိုက်နှစ်သက်သူများအတွက် အသင့်တော်ဆုံးဖြစ်မည့် မျက်နှာပြင်ကြီးကြီး၊ သွက်သွက်လက်လက်လုပ်ဆောင်နိုင်မည့် Processor၊ ကြွားဝါသော ဒီဇိုင်း၊ စွမ်းအင်ချွေတာနိုင်မည့် နည်းပညာဖြစ်သည့် Smart Battery Saving Technology ဖြင့် 4,000 mAh ဘက်ထရီနှင့် လှပသော ရိုက်ချက်တို့ ပေးစွမ်းနိုင်မည့် ကင်မရာတို့ပါဝင်ပြီး လူငယ်များအကြိုက်တွေ့မည့် စမတ်ဖုန်းဖြစ်ပါတယ်။

နောက်ဆုံးပေါ် Android 7 ပါဝင်ကာ EMUI 5.1၊ 5.5”HD မျက်နှာပြင်ကျယ်၊ 2.5D မျက်နှာပြင်ကွေးနှင့် ၀.၃ စက္ကန့်အတွင်း ပွင့်စေနိုင်မည့် fingerprint ဆင်ဆာတို့ကလည်း လူငယ်များနှင့် လိုက်ဖက်စေမည်ဖြစ်တယ် လို့ သိရပါတယ်။ Y7 Prime ဟာ Y စီရီးစမတ်ဖုန်းများတွင် ပထမဆုံး OTG အသုံးပြုနိုင်သည့် စမတ်ဖုန်းဖြစ်ပါတယ်။

Y6 II Prime
================
ကြည်လင်တောက်ပသော အရည်အသွေးကို ပေးစွမ်းနိုင်မည့် 5.5” HD မျက်နှာပြင်ကျယ်၊ ကင်မရာအရည်အသွေးကို အပြည့်အဝထောက်ပံ့ပေးနိုင်မည့် အနောက်ကင်မရာ 13MP နှင့် အရှေ့ကင်မရာ 8MP၊ စွမ်းအင်ချွေတာစနစ်ပါဝင်ကာ တစ်နေ့တာအတွက် ကောင်းမွန်စွာ လုံလောက်သော 3,000 mAh ဘက်ထရီတို့က Y6 II Prime ကို စွမ်းအင်ပြည့်ဝသော ဖုန်းတစ်လုံး ဖြစ်စေရန် အပြည့်အဝအထောက်အပံ့ပေးထားသည်။ ထို့အပြင် Y6 II Prime ကို Google AndroidTM 6.0 နှင့် ဖန်တီးထားသည့်အတွက် Google ၏ Operating System ကို အပြည့်အဝ ခံစားနိုင်မည် ဖြစ်တယ် လို့ ဆိုပါတယ်။

Y5 2017
====================
အပြာရောင်၊ ပန်းရောင် ကဲ့သို့သော ငယ်ရွယ်သစ်လွင်သော အရောင်များနှင့် အနုစိတ်လက်ရာများဖြင့် ဖန်တီးထားသော Y5 2017 သည် နှုတ်ခမ်းနီမလေးများအကြိုက် ဖြစ်ပါလိမ့်မယ်။ Y5 2017 တွင် လျင်မြန်သော လုပ်ဆောင်ချက်ကို ပေးစွမ်းနိုင်မည့် RAM 2G နှင့် ROM 16 GB၊ ရှုထောင့်အသစ်များကို ဖန်တီးနိုင်မည့် အနောက်ကင်မရာ 8MP နှင့် အရှေ့ကင်မရာ 5MP နှင့် ပြည့်ဝသော 3,000 mAh ဘက်ထရီတို့ပါဝင်ပါသည်။ Y5 2017 တွင် မိမိလုပ်ဆောင်လိုသော လုပ်ဆောင်ချက်များကို အလွယ်တကူသတ်မှတ် လုပ်ဆောင်နိုင်မည့် Easy Key လုပ်ဆောင်ချက်လည်း ပါဝင်ပါတယ်။

Y3 2017
======================
မျက်နှာပြင်အနေတော်နှင့် လက်ထဲတွင် ကျစ်ကျစ်လျစ်လျစ်အသုံးပြုရသည်ကို ကြိုက်နှစ်သက်သူများ အတွက် မျက်နှာပြင်အကျယ် 5” ပါဝင်ကာ အင်အားပြည့် Quad Core Processorနှင့် Android 6.0 တို့ ပါဝင်သော သင့်တော်သောဈေးနှုန်းနှင့် Y3 2017 က ယခုမှ စမတ်ဖုန်းကို စတင်ကိုင်ဆောင်မည့် သူများအတွက် အသင့်တော်ဆုံး စမတ်ဖုန်းတစ်လုံး ဖြစ်တယ် လို့ ဆိုပါတယ်။

လက်ရှိဈေးကွက်မှာ Y7 Prime၊ Y6 II Prime နှင့် Y5 2017 တို့ကို စတင်ရောင်းချနေပြီဖြစ်ပြီး Y3 2017 ကို သြဂုတ်လတွင် စတင်ရောင်းချမှာ ဖြစ်တယ် လို့ သိရပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com