7/24/2017

♪ “Huawei Y6 II” Price » 185,000 Ks ♫

Image may contain: phone

Huawei Y6 II က ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်လောက်ကတည်းက ထုတ်လုပ်ခဲ့တဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးဖြစ်ပြီး ဈေးနှုန်းသက်သက်သာသာနဲ့ ၀ယ်ယူနိုင်မယ့် budget ဖုန်းအမျိုးအစားပဲဖြစ်ပါတယ်။ Huawei ရဲ့ Y Series ထဲမှာ မော်ဒယ် ပေါင်းများစွာကို ထုတ်လုပ်ထားခဲ့ပြီး ၎င်းဟာ ဈေးနှုန်းနဲ့ထိုက်တန်တဲ့ စွမ်းဆောင်ရည်တွေကို ထောက်ပံ့ပေးနိုင်တဲ့ အတွက် Y Series တော်တော်များများက ဈေးကွက်ထဲမှာ ရောင်းအား တော်တော်ကောင်းတာကိုတွေ့ရပါတယ်။ ဒီနှစ်ထဲမှာ Huawei က ၎င်းရဲ့ budget phone series ထဲက Y Series ကို အလေးပေးထုတ်လုပ် ပေးနေပါတယ်။ ပေးရတဲ့ ဈေးနှုန်းနဲ့ထိုက်တန်မှုရှိတဲ့ specs တွေနဲ့ features တွေကို ထောက်ပံ့ပေးထားပြီး စက်စွမ်းဆောင်ရည်ကောင်းမွန် ခြင်း၊ ကင်မရာအရည်အသွေးပြည့်ဝခြင်း၊ မျက်နှာပြင်စွမ်းအားမြင့်မား ခြင်းတွေ အားလုံးပြည့်စုံမှုရှိပါတယ်။ ကိုယ်ထည်တည်ဆောက်ပုံ ဒီဇိုင်း ပုံစံက သေသပ်လှပပြီး ကိုယ် ထည်တစ်ခုလုံးကို သတ္တုနဲ့ပြုလုပ်ပေးထား လို့ အကြမ်းခံပြီး ကိုင်တွယ်သုံးစွဲလို့ကောင်းပါတယ်။ ဖုန်းရဲ့ထောင့်စွန်း လေးတွေက အနည်းငယ်ခုံးပြီး နောက်ကျောဘက်မှာလည်း ခုံးပေးထား ပါတယ်။ ဒါကြောင့် လက်ထဲမှာ ကိုင်တွယ်သုံးစွဲရတာ အဆင်ပြေပါ တယ်။ ၄င်းက အရင် Y6 နဲ့ ဒီဇိုင်းပုံစံ သိပ်မကွာခြားပေမယ့် အထဲမှာပါရှိတဲ့ specs တွေတော်တော်များများကိုတော့ ပိုမိုအဆင့် မြှင့်တင်ထားတာ ကိုတွေ့ရပြီး တော်တော်လေးလည်း သုံးစွဲလို့ကောင်းလာပါတယ်။

ဒီဖုန်းကို GSM ၊ HSDPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Dual SIM စနစ်ပါရှိတာကြောင့် SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။ ဖုန်းအရွယ်အစားက 154.3 x 77 x 8.45 mm ရှိပြီးအလေးချိန်က 168g လေးပါတယ်။ အရှေ့ဘက်မျက်နှာပြင်က အလွန် ရိုးရှင်းပြီး အပေါ်ဘက်မှာ အရှေ့ ကင်မရာ Lens ၊ အောက်ခြေမှာ Capacitive buttons တွေနဲ့ Huawei logo ကို တွေ့ရမှာပါ။ နောက် ကျောဘက်မှာတော့ အနောက်ကင်မရာ Lens ကို ညာဘက်ထောင့်မှာ တည်ရှိပြီး သူ့အောက်မှာ LED Flash မီးလုံးနဲ့ အလယ် တည့်တည့်မှာ Huawei logo ရှိပါတယ်။ ပါဝါခလုတ်နဲ့အသံအတိုးအကျယ်ခလုတ်တွေ အကုန်လုံးက ဘယ်ဘက်ဘေးဘောင်မှာ ရှိပြီး အောက်ဘက်ဘောင်မှာ USB ပေါက်နဲ့ စပီကာပေါက်တွေကို အောက်ခြေဘောင်မှာ တွေ့ရပါ တယ်။ Headphone ပေါက်ကတော့ အပေါ်ဘက်ဘောင်ပေါ်မှာ သီးသီး သန့်သန့်လေးရှိနေမှာပါ။ အားလုံးဟာ သူ့နေရာနဲ့သူသေသေသပ်လေး ရှိနေတာကြောင့် ထိန်းချုပ်သုံးစွဲရတာ အဆင်ပြေပါတယ်။ မျက်နှာပြင် အကျယ်က ၅ လက်မခွဲရှိပြီး 720 x 1280 pixels ရှိတဲ့ မြင်ကွင်း တွေကို အပြည့်အ၀ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်ပေါ်မှာ multitouch စနစ်ကို သုံးစွဲနိုင်ပြီး မျက်နှာပြင်ကို Scratch Resistant protection စနစ်ပါရှိတာကြောင့် တော်ရုံတန်ရုံပြုတ်ကျ မှုဒဏ်တွေကိုလည်း ခံနိုင်ပြီး အဆင်းရာ အခြစ်ရာတွေကိုလည်း အလွယ်တကူမဖြစ်စေနိုင်ပါဘူး။ အထဲမှာ 6.0 (Marshmallow) ကို run ထားပြီး အားလုံးနဲ့ရင်းနှီးပြီးသား ဖြစ်တဲ့ Emotion UI 4.1 user interface ကို သုံးထားလို့ သုံးစွဲရတာလည်း အဆင်ပြေမှာပါ။ ဖုန်းထဲမှာ Data တွေကိုသိမ်းဆည်းဖို့အတွက် Internal memory 16GB ကို ထောက်ပံ့ထားတဲ့အပြင် Micro SD card ကို 128GB အထိထပ်မံတိုးချဲ့သုံးစွဲနိုင်ပါတယ်။ ဒါကြောင့် Data တွေ တော်တော်များများကို စိတ်ကြိုက်သိမ်းထားနိုင်မှာပါ။

ဖုန်းလုပ်ဆောင်နိုင်စွမ်းတွေအတွက်လည်း Qualcomm Snapdragon 617 chipset, Octa-core 1.5 GHz processor တို့ကို ပံ့ပိုးထားပြီး ရုပ်ထွက်ပိုင်းလည်း အထူး ကောင်းမွန်ပါတယ်။ ဒါကြောင့် Social Media Plat-form တွေအကုန်လုံးကိုလည်း ကောင်းမွန်စွာသုံးစွဲနိုင်မှာဖြစ်ပြီး ရုပ်ရှင်ကြည့်တာတွေ၊ စာဖတ်တာတွေ၊ ဂိမ်းကစားတာတွေအကုန်လုံးကို အဆင်ပြေပြေ လုပ်ဆောင်နိုင်မှာပါ။ Bluetooth 4.0၊ LE စနစ်တွေကို သုံးစွဲနိုင်ပြီး Wi-Fi 802.11 b/g/n နဲ့ microUSB 2.0 တို့ကို အသုံးပြုနိုင် ပါတယ်။ အားလုံးကိုခြုံကြည့်မယ်ဆိုရင် ၎င်းကဘက်ထရီ စွမ်းအား၊ စက်စွမ်းဆောင်ရည်၊ ကင်မရာအရည်အသွေးတွေ အကုန်လုံးမှာ ပေးရတဲ့ ဈေးနှုန်းနဲ့ယှဉ်ကြည့်မယ်ဆိုရင် ပြီးပြည့်စုံ မှုရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် Huawei Brand ထဲက လူတိုင်းတတ်နိုင်တဲ့ ဈေးနှုန်းနဲ့ budget ဖုန်းကောင်းကောင်း တစ်လုံးကို ၀ယ်မယ်ဆိုရင်တော့ ဒီ Huawei Y6II က အဆင်ပြေပါတယ်။

<Design & Display>

ဒီဇိုင်းပုံစံက ရိုးရှင်းပြီး အနောက်ဘက်က 3D Texture Pattern Design Back Cover လေးကတော့ ဒီဖုန်းရဲ့ ထူးခြားမှု ပါပဲ။ ၅ လက်မခွဲကျယ်တဲ့ မျက်နှာပြင်ကို IPS LCD capacitive touchscreen display (16.7M Colors) နဲ့ပြုလုပ်ထားပြီး 720 x 1280 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေ ကိုပေးစွမ်းနိုင်ပါတယ်။ ၁ လက်မအတိုင်းအတာမှာတော့ M267ppi သိပ်သည်းဆ ပမာဏရှိပါတယ်။

<Camera>

အနောက်ကင်မရာက 13MP, f/2.0 aperture ၊ 28mm စွမ်းအားရှိပြီး autofocus, Voice Capture, LED flash, Burst Mode, Smile detection စတဲ့ features တွေများစွာပါရှိပါတယ်။ အရှေ့ကင်မရာ ကတော့ 8MP, f/2.0 aperture နဲ့ 77 Degree Wide Selfie စွမ်းအား ပါရှိပြီး Beauty Mode လည်း ပါရှိတဲ့အတွက် လှပတဲ့ Selfie ဓာတ်ပုံတွေ ကို ရရှိနိုင်ပါတယ်။

<Processor>

ရှင်းလင်းလှပနေတဲ့ကိုယ်ထည်အတွင်းထဲမှာ ထည့်သွင်းထားတဲ့ Processor နဲ့ Chipset တို့အပြင် ထောက်ပံ့ပေးနိုင်တဲ့ Adreno 405 GPU ကြောင့် ရုပ်ထွက်ပိုင်းကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ RAM စွမ်းအား 2GB ကလည်း စက်စွမ်း ဆောင်ရည်တွေကို ပံ့ပိုးပေးနိုင် ပါသေးတယ်။ ဒါကြောင့် လျင်မြန်တိကျတဲ့ စွမ်းဆောင်ရည်တွေကို ပြုလုပ်နိုင်မှာပါ။

<Performance>

ဒီဖုန်းလေးက ပေးရတဲ့ ဈေးနှုန်းနဲ့ထိုက်တန်တဲ့ ဖုန်းစွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်တဲ့ အဆင့်မြင့် စမတ်ဖုန်းတစ်လုံး ဖြစ်ပြီး အဆင့်မြင့်ဂိမ်းတွေ၊ app တွေတော်တော်များများကိုလည်း အဆင်ပြေပြေထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ဖုန်းလိုင်းဆွဲ အားကောင်းတဲ့အပြင် အင်တာနက် သုံးရတာလည်း လျင်မြန်ပါတယ်။ ဒါ့အပြင် ဖုန်းအကြာကြီးအသုံးပြုခြင်း ကြောင့် ဖြစ်တတ်တဲ့ စက်ပူခြင်းတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

<Battery Life>

ထောက်ပံ့ပေးထားတဲ့ Non-Removable Li-Ion 3000 mAh battery က နာရီပေါင်း ၁၂ နာရီကြာ ဖုန်းဆက်တိုက် ပြောနိုင်ပြီး Standby mode နဲ့ဆိုရင်တော့ နာရီပေါင်း ၂၈၀ ကြာသုံးစွဲနိုင်မှာဖြစ်ပြီး Quick Charge စနစ်လည်း ပါရှိလို့ ဖုန်းအားသွင်းရတာလည်း မြန်ဆန်ပါတယ်။

<Technical Specs>

» Network............... GSM/HSPA/LTE
» Dimensions......... 154.3 x 77 x 8.45 mm
» Weight.................. 168g
» Display................. 5.5-inch
» Resolution........... 720 x 1280 pixels
» Type....................... IPS LCD Capacitive touchscreen
» OS......................... Android 6.0 (Marshmallow)
» CPU...................... Octa-core 1.5 GHz processor
» Memory................. 16GB
» Camera................ Back : 13 MP, Front : 8MP
» Connectivity.......... GSM, WLAN, Bluetooth 4.0, USB 2.0
» Sensors................ Accelerometer, Proximity,
Compass, Ambient Light
» Battery.................... Non-removable Li-Ion 3000 mAh

Price » 185,000 Ks
Contact » 01-224502
(CTM Computer & Mobile)



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com