Asus Zanfone 3 Max ဟာ Asus ကနေ 2016 နှစ်ကုန်ပိုင်းလောက်က ထုတ်လုပ်ရောင်းချခဲ့တဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။
Zenfone Max series အကုန်လုံးက ဘက်ထရီစွမ်းအားပိုင်းကို
ပိုမိုအလေးပေးထားပြီး ဈေးနှုန်းနဲ့လိုက်ဖက်ညီတဲ့ သင့်တင့်မျှတတဲ့
စွမ်းဆောင်ရည်တွေကို ထောက်ပံ့ပေးထားပါတယ်။ ဒီဇိုင်းပုံစံကိုလည်း
အသေးစိတ်ကအစ သေချာပြုလုပ်ပေးထားတဲ့အတွက် အဆင့်မြင့်စမတ်ဖုန်းတစ်လုံး မှန်း
ကြည့်လိုက်တာနဲ့သိသာပါတယ်။ ၄င်းမှာ ZenUI 3.0 ရဲ့ feature
အသစ်တစ်ခုဖြစ်တဲ့ Game Genie y ပါရှိတာကြောင့် ဂိမ်းကစားရတာ
ပိုအဆင်ပြေပါတယ်။ ဒါ့အပြင် Mobile Manager app ကလည်း အလွန်အသုံးဝင်တဲ့ app
တစ်ခုပါပဲ။ GSM၊ HSPA နဲ့ LTE networks တွေမှာ သုံးစွဲနိုင်ပြီး Nano SIM
card 2 card ကိုတစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။ အနောက်ဘက်မှာ
fingerprint sensor ပါရှိပြီး ၄င်း fingerprint scanner ကလည်း
ဖုန်းကိုလျင်မြန်စွာ unlock လုပ်ပေးနိုင်တဲ့အပြင် ကင်မရာဖွင့်တာတွေနဲ့ဖုန်း
ဖြေကြားတာတွေကိုလည်း လုပ်ဆောင်ပေးနိုင်ပါတယ်။
Design & Build
>>>>>
တည်ဆောက်ပုံဒီဇိုင်းက ခန့်ညားထည်ဝါမှုရှိပြီး ပထမဆုံးအမြင်မှာတင် မျက်စိကို ဖမ်းစားထားနိုင်ပါတယ်။ ဖုန်းအရွယ်အစားက 151.4 x 76.2 x 8.3 mm ဖြစ်ပြီး အလေးချိန်က 175g လေးပါတယ်။ ဒါကြောင့် ပါးလွှာပေါ့ပါးတဲ့ ဖုန်းထဲမှာတော့မပါပါဘူး။ ကိုယ်ထည်ကို သတ္တုနဲ့ပြုလုပ်ပေးထားတဲ့အတွ က်
အကြမ်းခံပြီး ခလုတ်တွေ အကုန်လုံးကိုလည်း ကိုင်တွယ်သုံးစွဲရတာ
အဆင်ပြေတဲ့နေရာတွေမှာ ချည်းပဲ ထားပေးထားပါတယ်။ ဒါ့အပြင် ပါးလွှာတဲ့ bezel က
ဖုန်းရဲ့အကျယ်ကို လျှော့ချပေးနိုင်တာကြောင့် လက်တစ်ဖက်တည်းနဲ့လည်း
ဖုန်းကိုအသုံးပြုနိုင်ပါပြီး one-handed mode လည်း ပါရှိပါသေးတယ်။ အရှေ့မျက်နှာပြင်အပေါ်ဘက်မှာ
အရှေ့ကင်မရာ၊ Noti LED နဲ့အောက်ခြေမှာ capacitive navigation buttons
တွေကိုမြင်တွေ့ရမှာပါ။ ဖုန်းအောက်ခြေဘောင်မှာတော့ mono speaker နဲ့ micro
USB charging port တို့ပါရှိပြီး ထိပ်ဘက်မှာ headphone socket
ကိုထည့်သွင်းပေးထားပါတယ်။ နောက်ကျောဘက်မှာ fingerprint scanner နဲ့
ကင်မရာတို့ပါရှိပြီး ၄င်းတို့ဘေးမှာ LED flash မီးလုံးလေးကို
ကပ်လျက်ထည့်ပေးထားပါတယ်။ ၄င်းဖုန်းကို ရွေးချယ်နိုင်မယ့် အရောင်တွေကတော့
မီးခိုးရောင်၊ရွှေရောင်၊ ငွေရောင်နဲ့ပန်းရောင် တို့ပဲဖြစ်ပါတယ်။
Display
>>>>>
5.5-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို IPS LCD Capacitive touch screen display အမျိုးအစားနဲ့ပြုလုပ်ထား ပြီး 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကိုပြသ ပေးနိုင်ပါတယ်။
မျက်နှာပြင်ပေါ်မှာ လက်ချောင်း 10 ချောင်းအထိ တစ်ပြိုင်နက်တည်း
ထိန်းချုပ်နိုင်တဲ့ multitouch စနစ်ပါရှိပြီး Oleophobic coating
စနစ်နဲ့ထပ်မံဖုံးအုပ်ကာကွယ် ပေးထားပါတယ်။
Operating System and Camera
>>>>>
အထဲမှာ Android OS,v6.0.1 (Marshmallow) ကို run ထားပြီး ASUS ZenUI 3.0 ကို အသုံးပြုထားပါတယ်။ အနောက်ကင်မရာက 16 MP ရှိပြီး အရှေ့ကင်မရာက 8 MPရှိပါတယ်။ ကင်မရာ 2 ခုလုံးက ကြည်လင် ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကို ပေးစွမ်းနိုင်တဲ့အပြင် three-axis electronic image stabilizer (EIS) က ဗီဒီယိုတွေကို ကောင်းမွန်စွာရိုက်ကူး နိုင်ပါတယ်။
Performance
>>>>>
လျင်မြန်တိကျတဲ့ စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်တဲ့ ဖုန်းတစ်လုံးမှာ processorကအလွန်အရေးကြီးပါ တယ်။ ဒီဖုန်းထဲမှာတော့ သူ့ဈေးနှုန်းနဲ့သူ သုံးစွဲရတာ အဆင်ပြေတဲ့ Qualcomm MSM8937 Snap dragon 430 chipset နဲ့ Octa-core 1.4 GHz Cortex-A53 processor တွေကို ထည့်သွင်းပေးထားပြီး Adreno 505 GPU ကို ထောက်ပံ့ပေးထားပါတယ်။ RAMကတော့ 3GB ပါရှိပါတယ်။
Battery
>>>>
Non-removable Li-Ion 4100 mAh battery စွမ်းအားက 17 နာရီကြာ ဖုန်းပြောဆိုနိုင်ပြီး 72 နာရီကြာ သီချင်းနားထောင်နိုင်ပါတယ်။ Standby Mode နဲ့ဆိုရင် 38 ရက်လောက်ထိ ထားသုံးနိုင်မှာပဲဖြစ်ပါတယ် ။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
Design & Build
>>>>>
တည်ဆောက်ပုံဒီဇိုင်းက ခန့်ညားထည်ဝါမှုရှိပြီး ပထမဆုံးအမြင်မှာတင် မျက်စိကို ဖမ်းစားထားနိုင်ပါတယ်။ ဖုန်းအရွယ်အစားက 151.4 x 76.2 x 8.3 mm ဖြစ်ပြီး အလေးချိန်က 175g လေးပါတယ်။ ဒါကြောင့် ပါးလွှာပေါ့ပါးတဲ့ ဖုန်းထဲမှာတော့မပါပါဘူး။ ကိုယ်ထည်ကို သတ္တုနဲ့ပြုလုပ်ပေးထားတဲ့အတွ
Display
>>>>>
5.5-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို IPS LCD Capacitive touch screen display အမျိုးအစားနဲ့ပြုလုပ်ထား ပြီး 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကိုပြသ
Operating System and Camera
>>>>>
အထဲမှာ Android OS,v6.0.1 (Marshmallow) ကို run ထားပြီး ASUS ZenUI 3.0 ကို အသုံးပြုထားပါတယ်။ အနောက်ကင်မရာက 16 MP ရှိပြီး အရှေ့ကင်မရာက 8 MPရှိပါတယ်။ ကင်မရာ 2 ခုလုံးက ကြည်လင် ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကို
Performance
>>>>>
လျင်မြန်တိကျတဲ့ စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်တဲ့ ဖုန်းတစ်လုံးမှာ processorကအလွန်အရေးကြီးပါ တယ်။ ဒီဖုန်းထဲမှာတော့ သူ့ဈေးနှုန်းနဲ့သူ သုံးစွဲရတာ အဆင်ပြေတဲ့ Qualcomm MSM8937 Snap dragon 430 chipset နဲ့ Octa-core 1.4 GHz Cortex-A53 processor တွေကို ထည့်သွင်းပေးထားပြီး Adreno 505 GPU ကို ထောက်ပံ့ပေးထားပါတယ်။ RAMကတော့ 3GB ပါရှိပါတယ်။
Battery
>>>>
Non-removable Li-Ion 4100 mAh battery စွမ်းအားက 17 နာရီကြာ ဖုန်းပြောဆိုနိုင်ပြီး 72 နာရီကြာ သီချင်းနားထောင်နိုင်ပါတယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/