7/04/2017

♪ Recovery အီးမေလ်သုံးပြီး Apple ID password ကို ဘယ်လို Reset လုပ်မလဲ ♫



မိမိအနေနဲ့ Apple ID password ကို မေ့သွားခဲ့ရင် Apple ID အကောင့်ဖွင့်တုန်းက အသုံးပြုခဲ့တဲ့ အီးမေလ်ကို အသုံး ပြုပြီး password ကို reset လုပ် နိုင်ပါတယ်။

အရင်ဆုံးဖုန်းထဲက Safari ကို ဖွင့်လိုက်ပါ။


ပြီးရင်တော့ အပေါ်နားက search အကွက်ထဲမှာ iforgot.apple.com ဆိုတဲ့စာသားကို ရိုက်ပါ။


အောက်မှာပြထားတဲ ပုံထဲကအတိုင်း Enter Your Apple ID ကို နှိပ်ပါ။

ပြီးရင်တော့ Password Retrieval အောက်နားက အကွက်ထဲမှာ recover အီးမေးလ်ကို ထည့်ပေးပါ။ 

ပြီးရင်တော့ ညာဘက်အပေါ်ထောင့်နားက Next ကို နှိပ်ပါ။

ပြီးရင်တော့ အောက်ကပုံပါ အတိုင်း Reset By Email ကို နှိပ်ပါ။


Reset By Email ကို နှိပ်ပြီးရင်တော့ ခုလိုမျိုးအီးမေးလ်ကို ပို့လိုက်ပြီဆိုတဲ့ စာသားပေါ်လာမှာ ဖြစ်ပါတယ်။
အဲ့ဒီလိုစာသားပေါ်လာရင်တော့ ကိုယ့်ရဲ့အီးမေးလ်ထဲမှာ password ကို reset လုပ်ဖို့ link ရောက်ရှိနေ မှာဖြစ်ပြီး အဲဒီ link ကနေ password အသစ်ကို ထပ်ထည့်ပေးလိုက်ရုံပဲ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း





Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com