7/18/2017

♪ “Samsung Galaxy On7” Price » 198,000 Ks အကြောင်းအသေးစိတ်ဖော်ပြချက်များ ♫

Image may contain: phone and screen

Samsung Galaxy On7 က ၂၀၁၅ ခုနှစ်လောက်ကတည်းက ထုတ်လုပ် ခဲ့တဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးဖြစ်ပြီး ဈေးနှုန်းသက်သက်သာသာ နဲ့ဝယ်ယူနိုင်မယ့် budget ဖုန်းအမျိုးအစားပဲဖြစ်ပါတယ်။ Samsung ရဲ့ On Series တွေအကုန်လုံးက ဈေးနှုန်းသက်သာပြီး သုံးစွဲလို့ အဆင်ပြေ ပါတယ်။ Samsung Galaxy On7 ဟာ On5 ထက်အနည်းငယ် အဆင့်မြင့်ပြီး သူ့အပေါ် မှာ On7 Pro နဲ့ On8 ဆိုတဲ့ မော်ဒယ်တွေရှိ ပါသေးတယ်။ သူတို့တွေက တစ်ခုနဲ့တစ်ခု specs တွေသာ အနည်းငယ် စီကွာခြား သွားပေမယ့် ဒီဇိုင်းပုံစံတွေ အားလုံးကတော့ အတူတူပါပဲ။ ကျစ်လျစ်သေသပ်တဲ့ တည်ဆောက်ပုံဒီဇိုင်းက ဆွဲဆောင်မှုရှိပြီး အနောက်ဘက်က Leather-feel back cover ဖြစ်တဲ့အတွက် ကိုင်တွယ်သုံးစွဲလို့ကောင်းပါတယ်။ Frame နဲ့ Bezel က ပါးလွှာပြီး grip type မို့ လက်ထဲကနေလည်းအလွယ်တကူလျှောကျတာတွေ၊
ပြုတ်ကျတာတွေ မဖြစ်စေနိုင်ပါဘူး။ ဖုန်းရဲ့ ထောင့်စွန်းလေးတွေက အနည်းငယ်ခုံးနေပေမယ့် လေးထောင့်ပုံစံမျိုးရှိပါတယ်။ ၎င်းဖုန်းမှာ သုံးစွဲလို့ကောင်းတဲ့ အသင့်အတင့် ရှိတဲ့ specs တွေနဲ့features
တွေကိုထည့်သွင်းထားလို့ သုံးစွဲရတာလည်း အဆင်ပြေပါတယ်။

GSM ၊ HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Micro SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်တဲ့ Dual SIM စနစ်ပါရှိပါတယ်။ ဖုန်း အရွယ်အစားက 151.8 x 77.5 x 8.2 mm ရှိပြီး အလေးချိန်က 172g လေးပါတယ်။ အရှေ့ဘက်မျက်နှာပြင်မှာလည်း Samsung ရဲ့ မူလပုံစံအတိုင်းပဲ အပေါ်ဘက်မှာ အရှေ့ကင်မရာ Lens ၊ အောက်ခြေမှာ Home button နဲ့ Capacitive button နှစ်ခုကို ထည့်သွင်းထားပါတယ်။ နောက်ကျောဘက်မှာတော့ အနောက်ကင်မရာ Lens ၊ LED Flash မီးလုံးနဲ့ စပီကာဘောက်တို့ကို အပေါ်အလယ် တည့်တည့်မှာ ဘေးတိုက်ယှဉ်လျက်တွေ့ရပြီး အောက်ဘက်မှာ Samsung logo ရှိပါတယ်။ ပါဝါခလုတ်က ဘယ် ဘက်ဘေးဘောင် မှာရှိပြီး အသံအတိုးအကျယ်ခလုတ်တွေက ညာဘက်ဘေးဘောင်မှာရှိပါ တယ်။အောက်ဘက်ဘောင်မှာ USB ပေါက်နဲ့ headphone ပေါက်တွေကို ထားပေးထားပြီး အားလုံးဟာ သူ့နေရာနဲ့သူသေသေသပ်လေး ရှိနေ တာကြောင့် သုံးရတာ အဆင်ပြေပါတယ်။ မျက်နှာပြင်အကျယ် က ၅ လက်မခွဲရှိပြီး HD မြင်ကွင်းတွေကို အပြည့်အ၀ပေးစွမ်းနိုင်လို့ ရုပ်ရှင်ကြည့် တာတွေ၊ စာဖတ်တာတွေနဲ့ဂိမ်းကစားတာတွေကိုလည်း
အေးအေးဆေးဆေးလုပ်ဆောင်နိုင်ပါတယ်။ မျက်နှာပြင်ပေါ်မှာ multitouch စနစ်ကို သုံးစွဲနိုင်တာကြောင့် လုပ်ဆောင်ချက်တွေကို တစ်ပြိုင်နက်တည်း ထိန်းချုပ်စေခိုင်းနိုင်လို့ အချိန်ကုန်လည်း သက်သာပါ တယ်။ အထဲမှာ Android 5.1 (Lollipop) ကို run ထားပြီး 6.0.1 (Marshmallow) ကို ထပ်မံအဆင့်မြှင့်တင်သုံးစွဲနိုင်ပါတယ်။

ဒါ့အပြင် Samsung ရဲ့ သုံးနေကျ User interface ကိုပဲ သုံးထားလို့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ ဖုန်းထဲမှာ Data တွေကို သိမ်းဆည်းဖို့ အတွက် Internal memory 8GB ကို ထောက်ပံ့ထားတဲ့အပြင် Micro SD card ကို 256GB အထိထပ်မံ တိုးချဲ့သုံးစွဲနိုင်ပါတယ်။ ဒါကြောင့် သီချင်းတွေ၊ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေစတဲ့ personal data တွေတော်တော် များများကို ထည့်သိမ်းထား နိုင်မှာပါ။ စက်စွမ်းဆောင်ရည်ပိုင်းအတွက် လည်း Qualcomm MSM8916 Snapdragon 410 chipset ,
Quad-core 1.2 GHz Cortex-A53 processor တို့က လက်တွဲညီညီ ပူးပေါင်းလုပ်ဆောင်ပေးမှာဖြစ်လို့ တိကျလျင်မြန်တဲ့လုပ်ဆောင်ချက်
တွေကို ပြုလုပ်နိုင်ပြီး Social Media Platform တွေအကုန်လုံးကို လည်း ကောင်းမွန်စွာသုံးစွဲနိုင်မှာပါ။ Bluetooth 4.1 ,A2DP စနစ် တွေကို ပံ့ပိုးထားပြီး Wi-Fi 802.11 b/g/n နဲ့ microUSB 2.0 တို့ကိုအသုံးပြုနိုင် ပါတယ်။ ဒါ့အပြင် FM radio စနစ်လည်း ပါရှိပါ သေးတယ်။ အားလုံးကို ခြုံကြည့်မယ်ဆိုရင် ၎င်းကဘက်ထရီစွမ်းအား၊ စက်စွမ်းဆောင်ရည်၊ ကင်မရာအရည်အသွေးတွေ အကုန် လုံးကပေးရတဲ့ ဈေးနှုန်းနဲ့ ထိုက်တန် တဲ့ ရလဒ်တွေအပြည့်အ၀ပေးစွမ်းနိုင်တာကိုတွေ့ရပါတယ်။ ဒါကြောင့် Samsung brand ထဲက လူတိုင်းတတ်နိုင်တဲ့ ဈေးနှုန်းနဲ့ budget ဖုန်းကောင်းကောင်းတစ်လုံးကို ၀ယ်မယ်ဆိုရင်တော့ ဒီ Samsung Galaxy On7 လေးက အဆင်ပြေပါတယ်။

<Design & Display>

ဒီဇိုင်းပုံစံက ရိုးရှင်းပြီး Classy design ဖြစ်တာကြောင့် ဆွဲဆောင်မှုလည်း ရှိပါတယ်။ ၅ လက်မခွဲကျယ်တဲ့ မျက်နှာပြင်ကို TFT capacitive touchscreen display (16M Color) နဲ့ပြုလုပ်ထားပြီး 720 x 1280 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပေးစွမ်းနိုင်ပါတယ်။ ၁ လက်မ အတိုင်းအတာမှာတော့ M267ppi သိပ်သည်းဆပမာဏရှိပါတယ်။

<Camera>

၎င်းရဲ့အနောက်ကင်မရာက 13MP, f/2.1 aperture စွမ်းအားရှိပြီး autofocus, LED flash, Geo-tagging, face detection စတဲ့ features တွေပါရှိပါတယ်။ 30fps မှာ 1080p အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကိုရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် 5MP, f/2.2 aperture စွမ်းအားရှိတဲ့အရှေ့ကင်မရာကို တပ်ဆင်ပေးထားပါတယ်။

<Processor>

လှပသေသပ်တဲ့ကိုယ်ထည်အတွင်းထဲမှာ ထည့်သွင်းထားတဲ့ Processor နဲ့ Chipset တို့ကို ထောက်ပံ့ပေးနိုင်တဲ့ Adreno 306 GPU ကလည်း ရုပ်ထွက်ပိုင်းကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ RAM စွမ်းအားအနေနဲ့တော့ 1.5 GB သာပါရှိပေမယ့် သင့်တင့်လျောက်ပတ်တဲ့ စက်စွမ်းဆောင်ရည်တွေကိုပေးစွမ်းနိုင်ပါတယ်။

<Performance>

ဒီဖုန်းလေးက ပေးရတဲ့ ဈေးနှုန်းနဲ့ထိုက်တန်တဲ့ ဖုန်းစွမ်းဆောင်ရည်
တွေကို ပေးစွမ်းနိုင်တဲ့ အဆင့်မြင့် စမတ်ဖုန်းတစ်လုံး ဖြစ်ပြီး အဆင့်မြင့် ဂိမ်းတွေ၊ app တွေတော်တော်များများကိုလည်း အဆင်ပြေပြေ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဖုန်းလိုင်းဆွဲ အားကောင်းတဲ့အပြင် အင်တာနက်သုံးရတာလည်း လျင်မြန်ပါတယ်။ ဒါ့အပြင် ဖုန်းအကြာကြီး အသုံးပြုခြင်းကြောင့် ဖြစ်တတ်တဲ့စက်ပူခြင်းတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

<Battery Life>

ထောက်ပံ့ပေးထားတဲ့ Removable Li-Ion 3000 mAh battery က နာရီပေါင်း ၂၁ နာရီကြာ ဖုန်းဆက်တိုက်ပြောနိုင်ပြီး သီချင်းတွေကို ဆက်တိုက်နားထောင်မယ်ဆိုရင်တော့ နာရီပေါင်း ၇၈ နာရီကြာ သုံးစွဲနိုင်မှာပဲဖြစ်ပါတယ်

<Technical Specs>

» Network............... GSM/HSPA/LTE
» Dimensions......... 151.8 x 77.5 x 8.2 mm
» Weight.................. 172g
» Display................. 5.5-inch
» Resolution........... 720 x 1280 pixels
» Type....................... TFT capacitive touchscreen
» OS......................... Android 5.1 (Lollipop)
» CPU...................... Quad-core 1.2 GHz Cortex-A53
» Memory................. 8GB
» Camera................ Back : 13 MP , Front : 5MP
» Connectivity.......... GSM, WLAN, Bluetooth 4.1, USB 2.0
» Sensors................ Accelerometer, proximity
» Battery.................... Removable Li-Ion 3000 mAh

Price » 198,000 Ks
Contact » 09-253358885,09-972219955
(Innwa Mobile)



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com