Samsung ကုမ္ပဏီအနေနဲ့ အနောက်ဘက်မှာ dual ကင်မရာ တပ်ဆင်ထားတဲ့
စမတ်ဖုန်းအနေနဲ့ C10 ကို မိတ်ဆက်လိုက်ပါတယ်။ သို့ပေမယ့်လည်း နောက်ထွက်မယ့်
Galaxy Note 8 မှာလည်း ကင်မရာနှစ်လုံး ပါဝင်လိမ့်မယ် ထင်ပါတယ်။ Galaxy C10
မှာ ကင်မရာနှစ်လုံးပါရှိချိန်မှာ Galaxy J7 (2017) နဲ့
အခြားတရုတ်ဗားရှင်းဖုန်းတွေမှာလည်း ကင်မရာနှစ်လုံးပါဝင်တဲ့ စမတ်ဖုန်းတွေကို
အသီးသီးမိတ်ဆက်နေ ကြပြီ ဖြစ်ပါတယ်။ ယခုလည်း ကင်မရာနှစ်လုံးနဲ့ Galaxy C10
ရဲ့ ဒီဇိုင်းပုံနှစ်ပုံ ထွက်ရှိလာပါတယ်။
Galaxy C10 က မေလအကုန်မှာ အပြီးသတ်နိုင်ခဲ့တာလို့ သိရပြီး real-life version မှာ ဖော်ပြထားချက်အရ C စီးရီးတွေရဲ့ထုံးစံအတိုင်း နောက်ကျောဘက်မှာ matte aluminum ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ပြောင်းလဲလိုက်တဲ့အချက်က ကင်မရာတစ်လုံးအစား နှစ်လုံးထည့်သွင်းလာတာဖြစ်ပြီး ဒေါင်လိုက် အနေအထားဖြစ်မယ်လို့ သိရပါတယ်။ တရုတ်ကထုတ်တဲ့ J7 (2017) လိုပဲ C10 မှာလည်း flash ကို ကင်မရာဘေးမှာပဲ တပ်ဆင်ထားတယ်လို့ သိရပါတယ်။
Galaxy Note 8 မှာလည်း ဘေးဘက်မှာ ကင်မရာနှစ်လုံးပါဝင်ပြီး flash ကိုလည်း ကင်မရာနားမှာပဲ တပ်ဆင်ထားပြီး fingerprint sensor ကိုလည်း တပ်ဆင်ထားပါတယ်။ ဒီစမတ်ဖုန်းရဲ့ ပုံနှစ်ပုံကို Twitter မှာ တင်ထားတာကို တွေ့မြင်ခဲ့ရပြီးတော့ ကင်မရာရဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြထားခြင်းမရှိဘူးလို့ သိရပါတယ်။
#gsmarena
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal