7/18/2017

♪ " Huawei P10 Plus နဲ့ iPhone 7 Plus တို့မှာ တစ်ခုခုရွေးချယ်ရမယ်ဆိုရင် ဘယ်ဖုန်းကို သင်တို့ ဦးစားပေးရွေးချယ်မှာလဲ " ♫

Image may contain: phone

အခုနောက်ပိုင်းမှာ Smartphone အသုံးပြုသူတွေဟာ မိမိတို့အသုံးပြုမယ့် Smartphone ကို ဖုန်းပြောဆို၊ အင်တာနက်အသုံးပြုရုံအဖြစ်သာမက Smartphone မှာ အခြားထူးခြားတဲ့ ဘယ်လိုလုပ်ဆောင်ချက်ကောင်းတွေ ပါဝင်လဲ။ Selfie Camera ကရော ကောင်းရဲ့လား။ Fingerprint ရော ပါရဲ့လား။ အနောက်ကင်မရာကရော Professional Camera တစ်လုံးကဲ့သို့ အသုံးပြုနိုင်မှာလား။ CPU ကရော ဘယ် CPU အမျိုးအစားကို အသုံးပြုပေးထားတာလဲ။ RAM ကရော ဘယ်လောက်ပါလဲ။ Micro SD Card ရော ထပ်စိုက်လို့ရမှာလား စတဲ့ မေးခွန်းပေါင်းမြောက်များစွာကို မေးမြန်းစူးစမ်းပြီးမှ ၀ယ်ယူတဲ့အလေ့အထတွေ ပြုလုပ်လာကြပါပြီ။ အဲ့လိုပဲ Smartphone ထုတ်လုပ်သူတွေဟာလည်း အသုံးပြုသူတွေရဲ့ လိုအပ်ချက်နဲ့ကိုက်ညီမယ့် အနောက် Camera ဦးစားပေး Smartphone တွေ၊ Selfie Camera ဦးစားပေး Smartphone တွေ၊ Display ပိုင်းဦးစားပေး Smartphone တွေ၊ ရေစိုခံ အကြမ်းခံ Smartphone တွေ၊ Budget Smartphone တွေ စတဲ့ အမျိုးအစားစုံလင်စွာကို စဉ်ဆက်မပြတ် Model တစ်မျိုးပြီးတစ်မျိုးကို မိတ်ဆက်ထုတ်လုပ်ပေးခဲ့ပါတယ်။ အထူးသဖြင့် Camera ဦးစားပေး Smartphone တွေမှာတောင် အနောက် Dual Camera ပါတဲ့ အမျိုးအစားတွေကို HTC, Huawei, Apple, Xiaomi, One Plus တို့ကနေ မိတ်ဆက်ထုတ်လုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ များပြားလှတဲ့ အနောက် Dual Camera Smartphone Model တွေထဲကမှ (2016) ခုနှစ်အတွင်း ထွက်ရှိထားတဲ့ iPhone 7 Plus နဲ့ ယခု (2017) ခုနှစ်အတွင်း မိတ်ဆက်ပေးထားတဲ့ Huawei P10 Plus တို့မှာ ဘယ်ဖုန်းအမျိုးအစားက ဘယ်လိုလုပ်ဆောင်ချက်ကောင်းတွေ ပါရှိတယ်ဆိုတာကို နှိုင်းယှဉ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

* Camera *

>>>>>>>>

ပထမဦးဆုံးအနေနဲ့ Camera အကြောင်းကနေ ပြောရမယ်ဆိုရင် Huawei P10 Plus ရဲ့ အနောက်နဲ့ အရှေ့ Camera တွေမှာ Leica ရဲ့ မှန်ဘီလူးတွေကို တပ်ဆင်အသုံးပြုပေးထားပါတယ်။ Huawei ဟာ P9 Model မှာကတည်းက Leica နဲ့ လက်တွဲပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ P10 Plus မှာဆိုရင် အနောက် (20MP + 12MP) Camera ကို တပ်ဆင်အသုံးပြုပေးထားကာ Leica Dual-Camera 2.0 Pro Edition ကိုပါ ထည့်သွင်းပေးထားပါတယ်။ F/1.8 aperture ရှိသော Leica SUMMILUX-H မှန်ဘီလူးပါဝင်တာကြောင့် အလင်းရောင်နည်းပါးတဲ့ အခြေအနေမျိုးတွေမှာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ကောင်းမွန်စွာ ရိုက်ကူးနိုင်မှာဖြစ်ပြီး မြန်ဆန်တဲ့ Auto-Focus စနစ်တွေကြောင့် လှုပ်ရှားမှုမြန်ဆန်တဲ့ အချိန်မှာဖြစ်စေ၊ ရွှေ့လျားနေတဲ့ ပုံရိပ်တွေကို ဖမ်းယူတဲ့အခါမှာပဲဖြစ်စေ အလွန်ကို အဆင်ပြေစေမှာပါ။ နောက်ပြီးတော့ မှန်ဘီလူးနှစ်ခုမှာက Monochrome နဲ့ RGB Sensor ပါရှိတဲ့အတွက် Portrait Mode တွေ ရိုက်ကူးတဲ့အခါ အသုံးတည့်စေမှာဖြစ်ပြီး Wide Aperture စနစ်က အထူးသဖြင့် Professional ဓာတ်ပုံဝါသနာရှင်တွေ အကြိုက် (Depth of Field) Bokeh Effect တို့ပါရှိတဲ့ ဓာတ်ပုံတွေ အလွယ်တကူရိုက်ကူးနိုင်အောင် ထောက်ပံ့ကူညီပေးမှာ ဖြစ်ပါတယ်။ Optical Zoom လုပ်ဆောင်ချက်လည်းပါရှိတဲ့အတွက် အဝေးက ရုပ်ပုံတွေကို ဆွဲယူရိုက်ကူးတဲ့အခါမှာ အရည်အသွေးမြင့် ဓာတ်ပုံတွေကို ရရှိစေမှာဖြစ်ကာ OIS စနစ်လည်း ထည့်သွင်းပေးထားတာကြောင့် ရိုက်ကူးနေရင်း လက်တုန်ခါမှုတွေဖြစ်ပေါ်တဲ့အခါ ပုံရိပ်ေ၀၀ါးသွားခြင်းမျိုး မဖြစ်စေပါဘူး။ ဒါ့အပြင် အနောက်ကင်မရာဖြင့် 4K ဗီဒီယိုတွေကိုပါ ရိုက်ကူးလို့ရမှာ ဖြစ်ပါတယ်။ အရှေ့ဘက်မှာတော့ (8.0) MP ရှိတဲ့ Camera မှာ Leica f1.9 မှန်ဘီလူးကို တပ်ဆင်ပေးထားတာကြောင့် Selfie ဓာတ်ပုံတွေလည်း ကောင်းမွန်စွာ ရိုက်ကူးနိုင်မှာဖြစ်တဲ့အပြင် Beauty Level ကိုပါ စိတ်ကြိုက်ချိန်ညှိရိုက်ကူးနိုင်မှာဖြစ်တာကြောင့် လှပတဲ့ Selfie ဓာတ်ပုံကောင်းများစွာကို ဖန်တီးနိုင်မှာပါ။
Apple ရဲ့ iPhone 7 Plus မှာပါရှိတဲ့ အနောက်ကင်မရာဟာဆိုရင်လည်း Dual Camera အမျိုးအစားဖြစ်ပြီး Dual 12MP Camera ကို တပ်ဆင်ပေးထားကာ f/1.8, 28mm Wide Lens နဲ့ f/2.8, 56mm Telephoto Lens ကို အသုံးပြုပေးထားတာကြောင့် Portrait ဓာတ်ပုံတွေ ရိုက်ကူးတဲ့အခါမှာ Depth of Field ကို ရရှိနိုင်စေမှာဖြစ်လို့ ဓာတ်ပုံဝါသနာရှင်တွေ စိတ်ကြိုက်ဖြစ်စေမယ့် Camera ကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ phase detection autofocus စနစ်တွေနဲ့အတူ ဓာတ်ပုံရိုက်ကူးဖို့ အကောင်းဆုံးအထောက်အပံ့ပေးမယ့် OIS, 2x optical zoom, ဓာတ်ပုံရိုက်ကူးတဲ့အခါ အဝေးမှာရှိသော ရုပ်ပုံတွေရိုက်ကူးဖို့အတွက် 10x Digital Zoom, ဗီဒီယိုရိုက်ကူးတဲ့အခါမှာ အသုံးပြုနိုင်မယ့် 6x Digital Zoom စနစ်တွေလည်း ပါရှိပါတယ်။ ဒါ့အပြင် 4K Video Recording စနစ်လည်း iPhone 7 Plus မှာ ပါဝင်ပါတယ်။ နောက်ပြီးတော့ (7.0) Megapixels ရှိတဲ့ အရှေ့ကင်မရာမှာ f2.2 Lens ကို တပ်ဆင်ပေးထားတဲ့အတွက် အရည်အသွေးမြင့် Selfie ပုံရိပ်တွေကို ဖမ်းယူနိုင်မှာဖြစ်ပြီး Full HD Video တွေကိုပါ ရိုက်ကူးနိုင်ပါလိမ့်မယ်။

* Body & Display *

>>>>>>>>

Huawei P10 Plus နဲ့ iPhone 7 Plus တို့ရဲ့ ကိုယ်ထည်ပိုင်းတွေကို သတ္တုနဲ့ ဖန်တီးပြုလုပ်ပေးထားတာဖြစ်ပြီး အလေးချိန်အားဖြင့်ဆိုရင် Huawei P10 Plus က(165) ဂရမ်ရှိပြီး iPhone 7 Plus က (188) ဂရမ် ရှိပါတယ်။ ဖုန်းရဲ့အထူမှာဆိုရင် iPhone 7 Plus က (7.3) မီလီမီတာရှိကာ P10 Plus က (7.0) မီလီမီတာပါ။ နောက်ပြီးတော့ Huawei P10 Plus မှာ Splash Resistant ပါဝင်ပြီး iPhone 7 Plus မှာက IP67 certified ဖြစ်တာကြောင့် ရေစိုနဲ့ ဖုန်ဒဏ် ခံနိုင်ပါတယ်။ iPhone 7 Plus နဲ့ P10 Plus တို့ရဲ့ မျက်နှာပြင်အရွယ်အစားတွေကတော့ (5.5) လက်မစီရှိကြကာ Display Resolution ပိုင်းမှာတော့ ခြားနားချက်တွေ ရှိပါတယ်။ iPhone 7 Plus ရဲ့ Display မှာက 3D Touch Technology ကို အသုံးပြုပေးထားပြီး Screen Resolution က Full HD (1080 x 1920) Pixels ဖြစ်ပါတယ်။ P10 Plus မှာတော့ WQHD (1440 x 2560) Pixels ရှိတဲ့ Display ကို အသုံးပြုပေးထားတာပါ။

* Performance *

>>>>>>>>

ဖုန်းတွင်းစွမ်းဆောင်ရည်ပိုင်းမှာဆိုရင်လည်း iPhone 7 Plus မှာက Apple A10 Fusion အမျိုးအစား Quad-core 2.34 GHz Processor ကို အသုံးပြုပေးထားကာ RAM 3GB က အကောင်းမွန်ဆုံးဖြစ်အောင် ထောက်ပံ့ပေးမှာဖြစ်တာကြောင့် Graphic မြင့်တဲ့ ဂိမ်းတွေ ဆော့ကစားတဲ့အခါမှာ အလွန်အဆင်ပြေစေမှာပါ။ Internal Memory တွေအနေနဲ့ 32GB, 128GB, 256GB တို့ကို ရွေးချယ်နိုင်မှာဖြစ်ပေမယ့် Memory ကို ထပ်မံတိုးမြှင့်အသုံးပြုဖို့ SD Card Slot တော့ မပါရှိပါဘူး။ Operating System မှာဆိုရင်လည်း Apple ရဲ့ iOS 10.0.1 Version ကို အသုံးပြုပေးထားပါတယ်။ Huawei P10 Plus မှာကတော့ Huawei ရဲ့ Flagship Model တွေမှာ အသုံးပြုနေကျ Kirin အမျိုးအစား Kirin 960 Processor ကို အသုံးပြုပေးကာ CPU ရဲ့ အမြန်နှုန်းက Octa-Core 2.4 GHz ရှိပါတယ်။ RAM 4GB, ROM 64GB နဲ့ RAM 6GB, ROM 128GB ဆိုပြီး အမျိုးအစားနှစ်မျိုးကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်သလို တကယ်လို့ Sim Slot 2 မှာ Sim Card ထည့်မသုံးဘူးဆိုရင် Micro SD Card ထည့်သွင်းအသုံးပြုနိုင်တာကြောင့် Internal Memory ကိုတော့ ထပ်မံတိုးမြှင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Software ပိုင်းအတွက် Android 7.0 (Nougat) နဲ့အတူ EMUI 5.1 ကို အသုံးပြုပေးထားပါတယ်။ Fingerprint Scanner ကိုတော့ iPhone 7 Plus နဲ့ Huawei P10 Plus တို့ရဲ့ ဖုန်းအရှေ့ဘက် မျက်နှာပြင်တွေမှာ တပ်ဆင်ပေးထားတာကို တွေ့မြင်ရမှာပါ။

* Battery *

>>>>>>>>

iPhone 7 Plus မှာ Non-removable Li-Ion 2900 mAh ဘက်ထရီကို တပ်ဆင်ပေးထားကာ Fast Charging လုပ်ဆောင်ချက်တော့ မပါရှိပါဘူး။ Huawei P10 Plus မှာတော့ Non-removable Li-Ion 3750 mAh ဘက်ထရီကို အသုံးပြုပေးထားတဲ့အပြင် Fast Charging စနစ် ပါရှိပါတယ်။ ဒီဖုန်းအမျိုးအစားနှစ်ခုလုံးဟာ 4G (LTE) စနစ်ကို အပြည့်အ၀ထောက်ပံ့ပေးနိုင်တဲ့ ဖုန်းအမျိုးအစားတွေဖြစ်ပြီး P10 Plus မှာ Dual Sim အသုံးပြုနိုင်ပေမယ့် iPhone 7 Plus မှာတော့ Sim Card 1 Card သာ ထည့်သွင်းအသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ဈေးနှုန်းအနေအထားအရ ကြည့်မယ်ဆိုရင်လည်း Huawei P10 Plus က ငွေကျပ် (9) သိန်းဝန်းကျင်ရှိပြီး iPhone 7 Plus 128GB ကတော့ ငွေကျပ် (11) သိန်းဝန်းကျင် ရှိပါတယ်။ ဒီတော့ Huawei P10 Plus နဲ့ iPhone 7 Plus တို့မှာ တစ်ခုခုရွေးချယ်ရမယ်ဆိုရင် ဘယ်ဖုန်းကို သင်တို့ ဦးစားပေးရွေးချယ်မှာလဲဆိုတဲ့ မေးခွန်းလေးနဲ့ပဲ အဆုံးသတ်လိုက်ပါရစေ …..? ။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com