Nokia
ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းဖြစ်တဲ့ Nokia 8 ကို ဇူလိုင်လ (31)
ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အဲဒီသတင်းဟာ Scandinavian
အရောင်းဆိုင်တစ်ခုကနေ ထွက်ပေါ်လာတာ ဖြစ်ပြီး သူက ယူရို 589 သတ်မှတ်ထားပါတယ်။
အဲဒီစမတ်ဖုန်းရဲ့ သတင်းအချက်အလက်များဟာ စမတ်ဖုန်းစွမ်းဆောင်ရည်ကို စစ်ဆေးပေးတဲ့ Antutu နဲ့ GeekBench ၀က်ဆိုက်များကနေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ GeekBench မှာ ဖော်ပြထားချက်များအရ Nokia 8 ကို 4GB RAM နဲ့ 8GB RAM Models များ ထုတ်လုပ်ပေးထားမယ်လို့ သိရပါတယ်။ Scandinavian အရောင်းဆိုင်ကတော့ 4GB RAM Model ကို ရောင်းချဖို့ စာရင်းတင်ထားပါတယ်။ Nokia 8 မှာ အနည်းဆုံးအနေဖြင့် 64GB Storage ထည့်သွင်းထားမယ်လို့ သိရပါတယ်။ အရောင်လေးမျိုး ထုတ်လုပ်ပေးထားမှာဖြစ်ပြီး အပြာ၊ အညို၊ ရွှေပြာနဲ့ ရွှေကော့ပါးအရောင်များ ဖြစ်ပါတယ်။
Nokia 8 မှာ Qualcomm Snapdragon 835 Chipset ထည့်သွင်းထားမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ သူ့မှာ 5.3 လက်မ QHD Displayနဲ့ 13MP Rear Camera တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အချို့သတင်းများအရ လည်း အဲဒီစမတ်ဖုန်းကို Nokia 9 လို့ အမည်ပေးထားမယ်လို့ သိရပါတယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal

https://www.facebook.com/