7/22/2017

♪ P55 Max နဲ့ စမတ်ဖုန်းလောကကို ၀င်လာပြန်တဲ့ Panasonic ♫


စမတ်ဖုန်း ရဲ့ နည်းပညာတိုက်ပွဲ၊ ကင်မရာတိုက်ပွဲ၊ Phone Brand တိုက်ပွဲတွေထဲကို အခု အသစ် ၀င်ရောက်လာပြန်တဲ့ သူကတော့ အီလက်ထရောနစ် ဘီလူးကြီးတစ်ကောင် ဖြစ်တဲ့ Panasonic ပါပဲ။

Panasonic ကို ငယ်စဉ်တကည်းက National Panasonic ဆိုတဲ့ ဓါတ်ခဲနာမည်ကနေ စပြီး ကြားဖူးကြမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်း က Panasonic ဟာ ခိုင်ခံခြင်း၊ အကြမ်းခံခြင်း ၊ မာကြာခြင်း ၊ ဈေးနှုန်းသက်သာခြင်း ၊ ပြင်ဆင်ရလွယ်ကူခြင်း၊ သုံးစွဲရလွယ်ကူခြင်း ..စတဲ့ ကောင်းခြင်း ဂုဏ်ဒြပ်တွေနဲ့ နာမည်ကျော်ခဲ့ပြီး သူရဲ့ ရေခဲသေတ္တာ၊ အဲယားကွန်း စတာတွေနဲ့ အ၀တ်လျှော်စက်၊ မီးပူ၊ မီးဖို စတာတွေကိုပါ အဲဒီ ကောင်းသတင်း တွေ မွှေးပျံ့စေခဲ့ပါတယ်။

အခုတော့ နိုင်ငံတကာ နည်းပညာစင်မြင့်မှာ နှစ်အတော်ကြာ ငြိမ်သက်နေခဲ့ပြီးနောက် ဆုံးဖြတ်ချက်အသစ်တွေနဲ့ အတူတူ သုံးစွဲသူတွေဆီကို ယူဆောင်လာခဲ့တဲ့ စမတ်ဖုန်းကလေး က P55 Max အမည်ရတဲ့ ဖုန်းပဲ ဖြစ်ပါတယ်။

P55 Max ကို ဒီကနေ့ ပဲ အိန္ဒယမှာ စတင် ရောင်းချလိုက်ပြီဖြစ်ပါတယ်။ ဘက်ထရီ ပါဝါ 5000 mAh ၀င်ဆန့်တဲ့ ဖုန်းကို Android 7.0 Nougat နဲ့ ထိန်းကျော်ငးပေးထားပါတယ်။ P55 Max ဟာ မည်ကာမတ္တ ၀င်ရောက်လာတာ မဟုတ်ပါဘူး။ ZigPlay ဆိုပြီး အထူးလုပ်ဆောင်ချက် ထည့်သွင်းပေးထားပါတယ်။ အဲဒီ feature ဟာ ကိုယ့်ရဲ့ ဦးစားပေးတွေ အားလုံးကို  မှတ်သားထားနိုင်ပြီး အွန်လိုင်းကတဆင့် Smart Home, car စတာတွေနဲ့ အလုပ်ကိုပါ ချိတ်ဆက်ပေးနိုင်စွမ်း ရှိပါတယ်။

Matte Black နဲ့ ရွှေရောင်ဆိုပြီး အရောင် ၂ မျိုး ထုတ်ပေးထားပါတယ်။ ဒေါ်လာ ၁၃၂ နဲ့ ဈေးကွက်ဖွင့်ခဲ့တဲ့အတွက် မြန်မာငွေ နှုန်း အားဖြင့် တွက်ချက်ပါက ၁၇၁၆၀၀ ပဲ ရှိမယ် လို့ ဆိုလို့ရပါတယ်။
မျက်နှာပြင် ၅.၅ လက်မ ပါရှိပြီး ပရိုဆက်ဆာ အနေနဲ့ MediaTek MTK 6737 Quard Core 1.25 GHz ဟာ RAM 3 GB နဲ့ တွဲဖက် အလုပ်လုပ်ပါလိမ့်မယ်။  HD 1280 x 720 ဟာ နည်းပါးတယ် လို့ ဆိုလို့ရမယ့် Resoultion ရုပ်ထွက်ပါ။ ကင်မရာ အရည်အသွေးကတော့ မဆိုးဘူး လို့ ဆိုလို့ရပါမယ်။ အနောက် ကင်မရာ က 13 MP ရှိပြီး အရှေ့ဘက် ကင်မရာကတော့ 5MP ပါပဲ။ အောက်မှာ ဖော်ပြထားတာကတော့ သူရဲ့ ပါဝင်ဖွဲ့စည်းပုံပဲ ဖြစ်တယ် လို့ သတင်းရရှိပါတယ်။

Panasonic P55 Max Specifications

  • Operating System: Android 7.0 Nougat
  • Display: 13.97 cm (5.5-inch) HD (1280 × 720) IPS
  • Processor: MediaTek MTK6737 Quad Core 1.25 GHz Processor
  • RAM: 3 GB
  • Internal Storage: 16 GB; expandable up to 128 GB with microSD card
  • Rear Camera: 13 MP with Quad LED flash
  • Front Camera: 5 MP
  • Battery: 5,000 mAh
  • Dimensions: 152 × 77.6 × 8.7 mm




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com