7/18/2017

♪ “အဖြူရောင် Xiaomi Mi 6 ကိုရောင်းပြီ” ♫

Image may contain: phone

ရှောင်မီကအဖြူရောင် Mi 6 ကိုရောင်းချပေးလိုက်ပါပြီ။အဖြူရောင်မော်ဒယ်အတွက် မူလမော်ဒယ်လိုပဲ 6GB+64GB နဲ့ 6GB+128GB များထုတ်လုပ်ပေးထားပြီး ၃၆၈ ဒေါ်လာနဲ့ ၄၂၇ ဒေါ်လာအသီးသီး သတ်မှတ် ထားပါတယ်။ ရှောင်မီကဧပြီလမှာMi 6 ကိုမိတ်ဆက်ခဲ့ပြီး အနက်နဲ့အပြာရောင်များရောင်းချပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတောက်ပြောင်တဲ့ Ceramic Model ကိုလည်းထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ အဖြူရောင်ကိုပါ ရွေးချယ်နိုင်ပါပြီ။

Mi 6 ရဲ့ Specifications များကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ Mi 6 မှာ ၅.၁၅ လက်မ 1920x1080 Full HD Display ထည့်သွင်းထားပါ တယ်။ Qualcomm ရဲ့ စွမ်းဆောင်ရည်မြင့် Snapdragon 835 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 6GB RAM , 3350mAh Battery တပ်ဆင်ထားပြီး 64GB or 128GB Storage များရွေးချယ်နိုင်ပါတယ်။ Android 7.1.1 Nougat ကို Xiaomi MIUI 8.0 ဖြင့် ပေါင်းစပ်ထားပါ တယ်။ Ceramic Edition ဟာမူလမော်ဒယ်ထက် ၁၄ ဂရမ် ပိုမိုလေးပြီး ၁၈၂ ဂရမ် အလေးချိန် ရှိပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com