7/04/2017

♪ Facebook ကနေ အခမဲ့ ၀ိုင်ဖိုင် ကွန်ရက်များကို ရှာဖွေနည်း ♫


Facebook က သင့် အနီးအနားမှ အခမဲ့ ၀ိုင်ဖိုင် ကွန်ရက်များကို ရှာဖွေပေးတဲ့ Find WiFi ကို ကမ္ဘာအ၀န်းမှ Android Users များအတွက် ထည့်သွင်းပေးနေပါတယ်။ Find WiFi က ၀ိုင်ဖိုင် ကွန်ရက်ကို ပံ့ပိုးပေးထားတဲ့ ကုမ္ပဏီ၊ စားသောက်ဆိုင်များရဲ့ သတင်းအချက်အလက်များနဲ့ ၀ိုင်ဖိုင် ကွန်ရက် မြေပုံကို ပြသပေးနိုင်ပါတယ်။ Facebook ဒီ စွမ်းဆောင်ချက်ကို ယခင်နှစ်ကတည်းက နိုင်ငံအချို့မှာ စမ်းသပ်နေတာ ဖြစ်ပြီး အခုတော့ တစ်ကမ္ဘာလုံးအတွက် ဖြန့်ချီပေးနေပါတယ်။ သင့်မှာ မိုဘိုင်းဒေတာ ကုန်ဆုံးသွားတဲ့ အချိန်တွင် ဒီ စွမ်းဆောင်ချက်က အသုံးဝင်ပါတယ်။

အသုံးပြုနည်း


၁။ Facebook App ကို ဖွင့်ပြီး ညာဘက်အပေါ်ထိပ်မှ More Tab ကို နှိပ်ပါ။

၂။ Find WiFi ကို တွေ့ရင် တစ်ချက်နှိပ်ပါ။ ဒါဆိုရင် ဒီစွမ်းဆောင်ချက်ကို On ခိုင်းမှာ ဖြစ်ပါတယ်။
More Tab ကို မတွေ့သူများက Apps ကဏ္ဍအောက်မှာ Find WiFi ကို တွေ့နိုင်ပါတယ်။

Find WiFi ထဲမှာ အခမဲ့ ၀ိုင်ဖိုင် ထုတ်လွှင့်ပေးနေတဲ့ စားသောက်ဆိုင်များ၊ ကုမ္ပဏီများရဲ့ အမည် နဲ့ အခြား သတင်းအချက်အလက်များကို ပြသပေးထားပါတယ်။ ညာဘက်အပေါ်ထိပ်မှ Map Button ကို နှိပ်ရင် ၀ိုင်ဖိုင် ကွန်ရက် မြေပုံကို တွေ့ရမှာ ဖြစ်ပါတယ်။

Facebook က ဒီစွမ်းဆောင်ချက်ကို iOS အတွက် နိုင်ငံအချို့မှာ စမ်းသပ်ခဲ့ပါတယ်။ အခုတော့ ကမ္ဘာအ၀န်းမှ Android နဲ့ iPhone များမှာ Find WiFi ကို အသုံးပြုနိုင်ပါပြီ။

( Facebook က တစ်ကမ္ဘာလုံးအတွက် ဒီစွမ်းဆောင်ချက်ကို ထည့်သွင်းပေးနေတာ ဖြစ်တဲ့အတွက် သင့် စမတ်ဖုန်းမှာ Find WiFi ကို မတွေ့ရသေးရင် စောင့်ဆိုင်းပေးပါ။ )




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com