
ဒီနှစ်ထဲမှာ ထုတ်လုပ်ထားတဲ့ Huawei ရဲ့ နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းတွေထဲမှာ
ထိပ်ဆုံးက နေရာယူထားတာကတော့ Huawei P10 Plus ပါပဲ။ နောက်ဆုံးပေါ်
အကောင်းတကာ့အကောင်းဆုံး specs တွေနဲ့ features တွေကို ထည့်သွင်းထားလို့
အကောင်းဆုံး အဆင့်မြင့်စမတ်ဖုန်းကိုမှ သုံးချင်တဲ့သူတွေအတွက်ကတော့ အရမ်းအဆင်ပြေပါတယ်။ စက်စွမ်းဆောင်ရည် အထူးကောင်းမွန်သလို ကင်မရာစွမ်းအားပိုင်းကလည်း Huawei ရဲ့ အရင်ထုတ်လုပ်ခဲ့တဲ့ အဆင့်မြင့်စမတ်ဖုန်းတွေထဲမှာ
အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ ၎င်းမှာ GSM ၊ HSPA နဲ့ LTE networks
တွေကို ထောက်ပံ့ပေးထားပြီး Single SIM နဲ့ Double SIM ဆိုတဲ့ version ၂
မျိုးကို ထုတ်လုပ်ထားပါတယ်။ ထည့်သုံးရမယ့် SIM card အမျိုးအစားကတော့ Nano
SIM ပါ။ ၎င်းမှာ Splash-Resistance လည်းပါရှိတာကြောင့် ရေမှုန်၊
ရေမွှားတွေလောက်ကိုတော့ ခံနိုင်ရည်ရှိပါတယ်။ အနောက်ကင်မရာက Leica Dual
Camera 2.0 Pro Edition စနစ်ဖြစ်လို့ အရည်အသွေးမြင့်မားတဲ့ ဓာတ်ပုံတွေ၊
ဗီဒီယိုတွေအပြင် သဘာဝကျတဲ့ Portrait ဓာတ်ပုံတွေကို
အကောင်းဆုံးရိုက်ယူနိုင်ပါတ ယ်။
* Design & Build *
ဖုန်းရဲ့ဒီဇိုင်းပုံစံက Premium ကျပြီး တစ်ချက်ကြည့်လိုက်တာနဲ့ နောက်ဆုံးပေါ်အဆင့်မြင့်စမတ် ဖုန်းမှန်း
သိသာထင်ရှားလှပါတယ်။ ကိုယ်ထည်က ပါးလွှာကျစ်လစ်ပြီး ဖုန်းမှာ hyper
diamond-cut finishing ကို သုံးထားတာ ပထမဆုံးတွေ့ရတာပါပဲ။ ဒီဇိုင်းပုံစံက
ပြားပြားချပ်ချပ်လေးနဲ့ ဆွဲဆောင်မှုလည်း ရှိပါတယ်။ ဖုန်းအရွယ်အစားက 153.5 x
74.2 x 7 mm ရှိပြီး 165g လေးပါတယ်။ ဒါကြောင့် အရွယ်အစားနဲ့ အလေးချိန်က
ကိုင်တွယ်သုံးစွဲလို့ အရမ်းအဆင်ပြေပါတယ်။ ဖုန်းရဲ့မျက်နှာပြင်အပေါ်ဘက် မှာ
အရှေ့ကင်မရာ Lens ၊ အောက်ခြေဘက်မှာ Home button တို့ကို တွေ့မြင်နိုင်ပြီး
၎င်း Home button မှာ လျင်မြန်တိကျတဲ့ fingerprint sensor ကိုလည်း
တပ်ဆင်ထားပါတယ်။ နောက်ကျောဘက်ရဲ့ အပေါ်ထောင့်နားမှာ အနောက် Dual camera Lens
နဲ့ LED မီးလုံးကို ဘေးတိုက်ယှဉ်ထားပါတယ်။ ဖုန်းရဲ့ ညာဘက်ဘေးဘောင်မှာ
ပါဝါခလုတ်နဲ့ အသံအတိုးအကျယ်ခလုတ်တို့တည်ရှိပြီး
ဘယ်ဘက်မှာ SIM tray ကို ထည့်သွင်းထားပါတယ်။ ကျန်တဲ့ စပီကာပေါက်၊ USB
Charger ပေါက်နဲ့ Headphone တွေကလည်း သူ့နေရာသူ သေသပ်စွာ မြင်တွေ့ရမှာပါ။
Ceramic White, Dazzling Blue, Dazzling Gold, Graphite Black, Mystic
Silver, Rose Gold, Greenery ဆိုပြီး အရောင် 7 မျိုးကို
ခွဲခြားထုတ်လုပ်ပေးထားပါတယ် ။
* Display *
ဖုန်းမျက်နှာပြင်ကို 5.5-inch ကျယ်တဲ့ IIPS-NEO LCD capacitive touchscreen display အမျိုးအစားနဲ့ ပြုလုပ်ထားပြီး 1440 x 2560 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပြသပေးနိုင်ပါတယ်။ ၎င်းမှာ multitouch စနစ်ပါရှိပြီး မျက်နှာပြင်ကို Corning Gorilla glass 5 နဲ့ ထပ်မံဖုံးအုပ်ပေးထားလို့ အကြမ်းလည်းခံပါတယ်။ ဒါကြောင့် အံ့မခန်းလောက်အောင် ကောင်းမွန်တဲ့ အကြည်လင်ပြတ်သားဆုံး ရုပ်ထွက်မျိုးကို ရရှိနိုင်မှာပါ။
* Operating System and Camera *
ကိုယ်ထည်အတွင်းထဲမှာ Android 7.0 (Nougat) ကို run ထားပြီး Emotion UI 5.1 User Interface ကို သုံးပေးထားပါတယ်။ အနောက်ကင်မရာက Dual 20 MP + 12 MP နဲ့ f/ 1.8 aperture စွမ်းအားရှိလို့ Professional ကျတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ကောင်းမွန်စွာရိုက်ကူးနိုင်ပြီး OIS ၊ Leica optics စတဲ့ features တွေလည်း ပါရှိပါတယ်။ အရှေ့ကင်မရာကတော့ 8MP ၊ f/1.9 aperture ရှိပါတယ်။
* Performance *
အကောင်းဆုံး စက်စွမ်းဆောင်ရည်တွေကို ရရှိစေနိုင်ဖို့ Huaweiရဲ့ အမြင့်မားဆုံး HiSilicon Kirin 960 Chipset နဲ့ Octa-core (4x2.4 GHz Cortex-A73 & 4x1.8 GHz Cortex-A53) processor တို့ကို ထောက်ပံ့ထားပြီး ရုပ်ထွက်ပိုင်းတွေအတွက် Mali-G71 MP8 GPU က ပံ့ပိုးပေးထားတဲ့လို့ ရုပ်လုံးကြွပြီး သဘာဝကျတဲ့ မြင်ကွင်းတွေကို တွေ့မြင်ရမှာပါ။ ဒါ့အပြင် RAM 4GB နဲ့ 6GB ပါရှိတဲ့ version 2 မျိုးကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။ ဒါကြောင့် စက်စွမ်းဆောင်ရည်ပိုင်းမှာလ ည်း တော်တော်လေးကို ကောင်းတာကို တွေ့ရပါတယ်။
* Battery *
ဘက်ထရီစွမ်းအားပိုင်းအနေနဲ့ တော့
Non-removable Li-Ion 3750 mAh battery ကို သုံးစွဲထားလို့
နာရီပေါင်းများစွာ အသုံးပြုနိုင်ပြီး Fast Battery Charging
စနစ်ပါရှိတဲ့အတွက် ဖုန်းအားသွင်းရာမှာလည်း မြန်ဆန်မှုရှိပါတယ်။
Specification
Display : 5.5 inch, IPS NEO LCD Capacitive Touchscreen
Memory : 64 GB, 4GB RAM, microSD, up to 256 GB
Camera : Dual 20 MP + 12MP (Back), autofocus, LED Flash
OS : Android OS, v 7.0 (Nougat)
Phone - 09-73171212 (UNIQUE)
Price - 999,000 Ks
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
* Design & Build *
ဖုန်းရဲ့ဒီဇိုင်းပုံစံက Premium ကျပြီး တစ်ချက်ကြည့်လိုက်တာနဲ့ နောက်ဆုံးပေါ်အဆင့်မြင့်စမတ်
* Display *
ဖုန်းမျက်နှာပြင်ကို 5.5-inch ကျယ်တဲ့ IIPS-NEO LCD capacitive touchscreen display အမျိုးအစားနဲ့ ပြုလုပ်ထားပြီး 1440 x 2560 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပြသပေးနိုင်ပါတယ်။ ၎င်းမှာ multitouch စနစ်ပါရှိပြီး မျက်နှာပြင်ကို Corning Gorilla glass 5 နဲ့ ထပ်မံဖုံးအုပ်ပေးထားလို့ အကြမ်းလည်းခံပါတယ်။ ဒါကြောင့် အံ့မခန်းလောက်အောင် ကောင်းမွန်တဲ့ အကြည်လင်ပြတ်သားဆုံး ရုပ်ထွက်မျိုးကို ရရှိနိုင်မှာပါ။
* Operating System and Camera *
ကိုယ်ထည်အတွင်းထဲမှာ Android 7.0 (Nougat) ကို run ထားပြီး Emotion UI 5.1 User Interface ကို သုံးပေးထားပါတယ်။ အနောက်ကင်မရာက Dual 20 MP + 12 MP နဲ့ f/
* Performance *
အကောင်းဆုံး စက်စွမ်းဆောင်ရည်တွေကို ရရှိစေနိုင်ဖို့ Huaweiရဲ့ အမြင့်မားဆုံး HiSilicon Kirin 960 Chipset နဲ့ Octa-core (4x2.4 GHz Cortex-A73 & 4x1.8 GHz Cortex-A53) processor တို့ကို ထောက်ပံ့ထားပြီး ရုပ်ထွက်ပိုင်းတွေအတွက် Mali-G71 MP8 GPU က ပံ့ပိုးပေးထားတဲ့လို့ ရုပ်လုံးကြွပြီး သဘာဝကျတဲ့ မြင်ကွင်းတွေကို တွေ့မြင်ရမှာပါ။ ဒါ့အပြင် RAM 4GB နဲ့ 6GB ပါရှိတဲ့ version 2 မျိုးကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။ ဒါကြောင့် စက်စွမ်းဆောင်ရည်ပိုင်းမှာလ
* Battery *
ဘက်ထရီစွမ်းအားပိုင်းအနေနဲ့
Specification
Display : 5.5 inch, IPS NEO LCD Capacitive Touchscreen
Memory : 64 GB, 4GB RAM, microSD, up to 256 GB
Camera : Dual 20 MP + 12MP (Back), autofocus, LED Flash
OS : Android OS, v 7.0 (Nougat)
Phone - 09-73171212 (UNIQUE)
Price - 999,000 Ks
NetGuide Journal (Every Wednesday)
https://www.facebook.com/