
ယခင်ကနာမည်ကြီးခဲ့တဲ့ ကီးပက်ဖုန်းကို Nokia ကနေ ပြန်လည်ဆန်းသစ်ထုတ်လုပ်လိုက်တဲ့ 3310(2017) က ဒီနှစ်ထဲမှာနာမည်ကြီးခဲ့တာက တော့ သံသယဖြစ်စရာမရှိပါဘူး။ အခုလည်း နိုကီယာကနေ ဒီဖုန်းကိုပဲ အမေရိကန်-ရုရှားဆက်ဆံရေးအတွ က် ရည်ရွယ်ပြီး Nokia 3310 'Putin-Trump Summit' edition အနေနဲ့ ထပ်မံထုတ်လုပ်လိုက်ပါတယ်။ ဒီဖုန်းရဲ့ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၄၇၆( မြန်မာငွေ ကျပ် ၃၃သိန်းဝန်းကျင်) ရှိတာပဲဖြစ်ပါတယ်။
Nokia 3310 Supremo Putin Edition ဖုန်းကို ဒီနှစ်အစောပိုင်းမှာ မိတ်ဆက်ခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ အခုထပ်မံထွက်ရှိလာတဲ့ Nokia 3310 Putin-Trump ၊ Summit edition ကိုလည်း ဒီ version သစ် ဖုန်းစာရင်းထဲ ထည့်သွင်းရမှာပါ။ ဒီစမတ်ဖုန်းကို G20 international ဖိုရမ်အတွင်း အမေရိကန် သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ တွေ့ဆုံမှုအပြီးမှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ Nokia 3310 Putin-Trump Summit edition ကို ရုရှားက ဖုန်းကျွမ်းကျင်သူတွေဖြစ်တဲ့ 
Caviar နဲ့ Neowin တို့က ဒီဇိုင်းဆွဲခဲ့ပါတယ်။ အနက်ရောင် ကတ္တီပါအစင်းနဲ့
တန်ဖိုးကြီး သားရေထည် case က လွဲပြီး လုပ်ဆောင်ချက်တွေကတော့ Nokia 3310 နဲ့
အတူတူပါပဲ။
Nokia 3310 Putin-Trump Summit edition ကို VT-23 grade tempered titanium နဲ့ပြုလုပ်ခဲ့ပြီး ရှေ့နောက်နှစ်ဖက်လုံးကိုစတီးနဲ့ လှပစွာ ပုံဖော်ထားပါတယ်။ ဖုန်းရဲ့နောက်ကျောဘက် မှာ ရွှေရောင်အ၀ိုင်းပုံစံတစ်ခုေ တွ့ရပြီး
Trump နဲ့ Putin တို့ရဲ့ရုပ်ပုံတွေကို ထည့်သွင်းထားပါတယ်။ ဒီသင်္ကေတဟာ
သမ္မတနှစ်ဦးလုံးဟာ ရုရှားနဲ့ အမေရိကန်ကြား ဆက်ဆံရေး
ပိုမိုကောင်းမွန်စေရန်အတွက်
တူညီတဲ့ ဦးတည်ချက်ကို ဖော်ပြခြင်းဖြစ်တယ်လို့ Caviar က ဆိုပါတယ်။ Nokia
3310 Putin-Trump Summit edition ရဲ့ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၂၄၇၆ (ရူပီး
၁၆၀၀၀၀) ၀န်းကျင်ရှိတယ် လို့သိရပါတယ် ။
ပုံမှန်Nokia 3310 ရဲ့ဈေးနှုန်းက ရူပီး ၃၃၁၀( အမေရိကန်ဒေါ်လာ ၅၀) ၀န်းကျင်သာ ရှိတာဖြစ်ပါတယ်။ Caviar က Apple flagship ရဲ့ တချို့အရာတွေအတွက်လည်း အထူးဗားရှင်းအနေနဲ့ ပြုလုပ်ပေးခဲ့တာမျိုး ရှိပြီး iPhone 7 နဲ့ 7 Plus ရဲ့Putin-Trump edition ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၃၀၅၀ (ရူပီး ၁၉၇၀၀၀ ခန့်) က စတယ်လို့ သိရပါတယ်။
#gizbot.com
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
Nokia 3310 Supremo Putin Edition ဖုန်းကို ဒီနှစ်အစောပိုင်းမှာ မိတ်ဆက်ခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ အခုထပ်မံထွက်ရှိလာတဲ့ Nokia 3310 Putin-Trump ၊ Summit edition ကိုလည်း ဒီ version သစ် ဖုန်းစာရင်းထဲ ထည့်သွင်းရမှာပါ။ ဒီစမတ်ဖုန်းကို G20 international ဖိုရမ်အတွင်း အမေရိကန် သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ တွေ့ဆုံမှုအပြီးမှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ Nokia 3310 Putin-Trump Summit edition ကို ရုရှားက ဖုန်းကျွမ်းကျင်သူတွေဖြစ်တဲ
Nokia 3310 Putin-Trump Summit edition ကို VT-23 grade tempered titanium နဲ့ပြုလုပ်ခဲ့ပြီး ရှေ့နောက်နှစ်ဖက်လုံးကိုစတီ
ပုံမှန်Nokia 3310 ရဲ့ဈေးနှုန်းက ရူပီး ၃၃၁၀( အမေရိကန်ဒေါ်လာ ၅၀) ၀န်းကျင်သာ ရှိတာဖြစ်ပါတယ်။ Caviar က Apple flagship ရဲ့ တချို့အရာတွေအတွက်လည်း အထူးဗားရှင်းအနေနဲ့ ပြုလုပ်ပေးခဲ့တာမျိုး ရှိပြီ
#gizbot.com
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/