
Huawei
ကုမ္ပဏီက P10 ကို မကြာသေးမီက မိတ်ဆက်ခဲ့ပေမယ့် ဒီနှစ်ကုန်ပိုင်းမှာပဲ P
Series ရဲ့ မိသားစုဝင် စမတ်ဖုန်းသစ်ဖြစ်လာမယ့် P20 လို့ နာမည်ပေးထားတဲ့
စမတ်ဖုန်းသစ်တစ်လုံးကို မှတ်ပုံတင်ထားတယ်ဆိုတဲ့သတင်းတွေ
ထွက်ပေါ်လာပါတယ်။ ဒီသတင်းကို Weibo မှာတင်ခဲ့တာဖြစ်ပြီး P20 မှာ P10 Plus
ထက်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ထွက်ရှိလာမယ်လို့လည်း သိရပါတယ်။
Kirin 960 chipset ၊ RAM 6GB /
8GB ကို အသုံးပြုထားမှာဖြစ်ပြီး 5.7 လက်မ QHD panel ၊ 4000 mAh ဘက်ထရီ၊ 16
MP dual-camera နဲ့ ရှေ့ကင်မရာက 8 MP တို့ပါဝင်တယ်လို့လည်း
ဖော်ပြထားပါတယ်။ ဒါဟာလည်း Leica မျိုးဆက်သစ် စမတ်ဖုန်းဖြစ်ပြီး
ဘေးဘောင်လုံးဝမရှိသလောက် နည်းပညာတွေပါဝင်လာမယ်လို့ ဆိုထားပါတယ်။
အားလုံးသိထားကြတဲ့အတိုင်း Huawei Mate 10 ကို အောက်တိုဘာလမှာ
ရောင်းချမယ်ဆိုတဲ့သတင်းကလည်း အရှေ့ပိုင်းမှာ ထွက်ပေါ်ထားတာဖြစ်ပြီး Mate 10
မှာတော့ edge-to-edge စကရင်ဒီဇိုင်းနဲ့ ကုမ္ပဏီရဲ့ Kirin 970 chip
အသစ်တို့ကို အသုံးပြုမယ်လို့ သိရပါတယ်။
ဒါ့အပြင် Mate 10 မှာ 6 လက်မမျက်နှာပြင်နဲ့ 18:9 မျက်နှာပြင် ratio သစ်ကို အသုံးပြုမယ်လို့လည်း အစောပိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ Mate 10 နဲ့ ယှဉ်ပြီးထွက်ရှိလာမှသာ အမှန်ဆိုရင်တော့ အခုအသစ်ထွက်ရှိလာမယ့် P20 မှာ 10nm process နဲ့ Huawei P10 မှာအသုံးပြုထားတဲ့ 960 featured လိုပဲ စွမ်းဆောင်နိုင်မယ့် Cortex-A73 cores ကို အသုံးပြုလာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် ကုမ္ပဏီက မကြာသေးခင်က Cortex-A75 ကို ထုတ်ပြန်ကြေညာခဲ့တာကြောင့် GPU ကိုလည်း Mali-G71MP8 ကနေ G71MP12 ကို မြှင့်တင်အသုံးပြုပါလိမ့်မယ်။
ပွင့်ပွင့်လင်းလင်းပြောရရင်တော့
Huawi က P20 မှာ Kirin chip အသစ်ကို အသုံးပြုမယ့်ပုံပါပဲ။ P20 မှာ 5.7
လက်မ display နဲ့ Mate 10 မှာသုံးထားသလိုပဲ edge-to-edge ဒီဇိုင်း
ပါဝင်ဖွယ်ရှိပါတယ်။ အခုလက်ရှိ Weibo မှာ အရောင်းတာဝန်ခံတွေ
သတင်းထုတ်ပြန်ထားသလို Mate 10 နဲ့ P20 မရှေးမနှောင်း
ထွက်လာခြင်းရှိမရှိဆိုတာကိုတော့ ဆက်ပြီးစောင့်ကြည့်ရမှာပါပဲ။
#m.gsmarena.com
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
Kirin 960 chipset ၊ RAM 6GB /
ဒါ့အပြင် Mate 10 မှာ 6 လက်မမျက်နှာပြင်နဲ့ 18:9 မျက်နှာပြင် ratio သစ်ကို အသုံးပြုမယ်လို့လည်း အစောပိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ Mate 10 နဲ့ ယှဉ်ပြီးထွက်ရှိလာမှသာ အမှန်ဆိုရင်တော့ အခုအသစ်ထွက်ရှိလာမယ့် P20 မှာ 10nm process နဲ့ Huawei P10 မှာအသုံးပြုထားတဲ့ 960 featured လိုပဲ စွမ်းဆောင်နိုင်မယ့် Cortex-A73 cores ကို အသုံးပြုလာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် ကုမ္ပဏီက မကြာသေးခင်က Cortex-A75 ကို ထုတ်ပြန်ကြေညာခဲ့တာကြောင့်
ပွင့်ပွင့်လင်းလင်းပြောရရင်
#m.gsmarena.com
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/