7/11/2017

♪ “Drone ကြောင့် ထောင်ဖောက်ပြေးနိုင်ခဲ့တဲ့ အကျဉ်းသား” ♫

Image may contain: sky and text

တောင်ကယ်ရိုလိုင်းနားမှ အမျိုးသားတစ်ဦးဟာ လုံခြုံရေး အတင်းကြပ် ဆုံး ထောင်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ အာဏာပိုင်များရဲ့ အဆိုအရ သံကြိုးဖြတ်တဲ့ Cutter ကိုသူ့ထံဒရုန်းတစ်စီးဖြင့် ထောင်အပြင် က လူက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အကျဉ်းသား Jimmy Causey ဟာ၂၀၀၄ခုနှစ်မှာပြန်ပေးဆွဲ မှုကြောင့် ထောင်ကျခဲ့တာဖြစ်ပါတယ်။ သူဟာ ထောင်ထဲကို ခိုးသွင်းခဲ့တဲ့ ဆဲလ်ဖုန်းကနေ သူ့ထံ ထောင်ပြင်ပကနေ Wire Cutter ကို ဒရုန်းဖြင့် ပို့ပေးဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်လို့ The Associated Press က ရေးသားထားပါတယ်။ သူဟာ သံဇကာ လေးခုကို ဖြတ်တောက် လွတ်မြောက်ခဲ့တာ ဖြစ်ပြီး ထောင်အာဏာပိုင်များကို လှည့်စားဖို့ သူ့ အိပ်ယာထဲမှာ လူအရုပ်တစ်ခုကို ထားရှိခဲ့ပါတယ်။

ထောင်ရဲ့ လုံခြုံရေး ကျွမ်းကျင်သူ Kevin Tamez က “လေးလံတဲ့ Wire Cutter များကို ဒရုန်းများက သယ်ဆောင်နိုင်ပါတယ်။ဒရုန်းက မြေပြင်အထိ ဆင်းသက်၍ Wire Cutter ကို သယ်ပေးခဲ့တာပါ။ Wire Cutter ကို ဗုံးကျဲသလို ဝေဟင်ကနေ ပစ်ချလို့ မရပါဘူး။” လို့ The Associated Press ကို ပြောပါတယ်။

ထောင်ပြင်ပကနေ ဒရုန်းများဖြင့် ထောင်ထဲသို့ တရားမ၀င် ပစ္စည်းများ သယ်ယူပို့ဆောင်နေခြင်းများကို တားဆီးဖို့ အကျဉ်းထောင်များမှာ ပိုက်ကွန်များကို စတင် တပ်ဆင်နေကြပေမယ့် ဒီနည်းလမ်းကလည်း အလုပ်မဖြစ်သေးဘူးလို့ သိရပါတယ်။

တက္ကဆပ် အာဏာပိုင်များဟာ ထွက်ပြေးပြီး သုံးရက်အကြာ ပြီးခဲ့တဲ့ သောကြာနေ့မှာ အကျဉ်းသားကို အော်စတင်မှ မိုတယ်တစ်ခုမှာ ဖမ်းမိခဲ့ပါတယ်။သူဟာ၂၀၀၅ခုနှစ် မှာလည်း ထောင်ကထွက်ပြေး လွတ်မြောက်ခဲ့ဖူးပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com