7/11/2017

♪ “iPad Pro 2017 မှာတင်ထားသင့်သော App များ” ♫

Image may contain: phone

Apple က WWDC မှာ အရွယ်အစားအသစ် iPad Pro2 မျိုးကို မိတ်ဆက် လိုက်ပါတယ်။ ဒါကြောင့်အခုဆိုရင် iPad Pro ကို အရွယ်အစားသုံးမျိုး ရွေးချယ်နိုင်ပြီဖြစ်ပါတယ်။ အသစ်မိတ်ဆက်လိုက်တဲ့ iPad Pro ဟာ ၁၀.၅ လက်မနဲ့ဖြစ်ပြီး၊ နောက် တစ်မျိုးကတော့ မျိုးဆက်ဟောင်း ၁၂.၉ လက်မ ကို အဆင့်မြှင့်ထားတဲ့မော်ဒယ်ဖြစ်ပါတယ်။ iPad Pro အသစ်များမှာRetina Display များကိုတပ်ဆင် ထားပေမယ့် Display Refresh Rate ကို 60hz ကနေ 120hz အထိ နှစ်ဆမြှင့်တင်ပေးတဲ့ ProMotion စွမ်းရည် အသစ်ပါလာပါတယ်။ ဒီနည်းပညာအကူအညီကြောင့် apple pencil ကိုအသုံးပြုတဲ့အချိန်မှာ ပိုမိုသွက်လက် မြန်ဆန်ပါလိမ့်မယ်။

အလင်းပြန်မှု အားနည်းတဲ့အတွက် နေအိမ်ပြင်ပမှာသုံးဖို့ အဆင်ပြေပါတယ်။ ပတ်ဝန်းကျင် အလင်းရောင် အပေါ်မူတည်၍ White Balance ကို အလိုအလျောက်ချိန်ညှိပေးတဲ့ True Tone စွမ်းရည်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ iPad Pro မှာ Core 6 လုံးပါတဲ့ CPU နဲ့ Core ၁၂ လုံးပါတဲ့ GPU တပ်ဆင်ထားတဲ့ A10x Fusion Chip ထည့်သွင်းထားပါတယ်။ A10X Fusion chip အသစ်ဟာ A9X ထက် CPU ပိုင်း ၃၀% နီးပါးပိုမြန်လာပြီး graphic ပိုင်းလုပ်ဆောင်ချက် ၄၀% နီးပါးပိုမြန် လာစေမယ်လို့ Apple က ဆိုထားပါတယ်။ ရုပ်ပုံဖမ်းယူမှု စွမ်းဆောင်ပိုင်းတွေအတွက် အနောက်ဘက်မှာ OIS ပါတဲ့ 12MP Camera နဲ့အတူအရှေ့ဘက်မှာ 7MP Face-Time HD Camera တပ်ဆင်ပေးထားပါတယ်။

အသစ်ထွက် iPad Pro တွေရဲ့Display မှာ 600nits brightness ပါဝင်ပြီး ultra low reflectivity ၊ HRD Support တို့ပါဝင်ပါတယ်။ ဘာသာစကား ပေါင်း ၃၀ ကျော် ထည့်သွင်းပေးထားပါတယ်။ ဘက်ထရီစွမ်းအားပိုင်းမှာ ဆိုရင်တော့ Wi-fi မော်ဒယ်များဟာ ၁၀ နာရီနဲ့ LTE Model များဟာ ၉ နာရီအသုံးခံတယ်လို့ ကုမ္ပဏီကပြောပါတယ်။ iPad Pro ဟာ ပုံမှန် iPad တစ်လုံးထက် ပိုမိုသောလုပ်ဆောင်ချက်များစွာကို လုပ်ဆောင်နိုင်မှာဖြစ် သော်လည်း အဆိုပါလုပ်ဆောင်ချက်များအတွက် များစွာသော Applications တွေကို ထည့်သွင်းအသုံးပြုရမှာလည်းဖြစ်ပါတယ်။ Adobe အနေနဲ့ iPad Pro အတွက် သုံးစွဲဖို့အဆင်ပြေစေမယ့် Apps များစွာရှိ နေနှင့်ပြီး ဖြစ်ပါတယ်။ အဲဒါတွေကတော့ Photoshop Fix, AutoCAD 360, Illustrator, Photoshop Sketch, Illustrator Draw, Adobe Brush စသဖြင့် များစွာရှိနေပြီဖြစ်ပါတယ်။ များစွာသော Applications တွေရှိတဲ့အနက် iPad Pro မှာရှိထားသင့်သော ထိပ်တန်း Apps (၅)ခုကို ယခုဆောင်းပါးမှာဖော်ပြပေးလိုက်ပါတယ် . . .

<Microsoft Office>

iPad Pro ကို လက်တော့တစ်လုံးလိုအသုံးပြုမယ်ဆိုတော့ မရှိမဖြစ် ရှိထားရမှာက Microsoft Office ပဲဆိုတာကတော့ အသေအချာပါပဲ။ သွားလေရာပေါ့ပေါ့ပါးပါးသယ်ဆောင်သွားပြီးစာတွေရိုက်ကြမယ်၊ စာရင်းဇယားတွေလုပ်ကြမယ်၊ Power Point Slide တွေပြသကြမယ်၊ OneNote မှာ မှတ်စုတွေရေးသားကြမယ်စသဖြင့်ပေါ့။ ဒါပေမယ့်လည်း Office ကိုအသုံးပြုဖို့က တစ်လလျှင် USD 6.99 တော့ကျသင့်မှာဖြစ်ပေ မယ့် ၀ယ်ယူအသုံးပြုသင့်ပါတယ်။ တစ်ခုရှိတာက Office ကိုဝယ်ယူသုံးစွဲ မယ် ဆိုလျှင် One Drive မှာ 1TB သိမ်းဆည်းထားနိုင်မှာဖြစ်တဲ့အတွက် 1TB အပိုသိုလှောင်မှုကို ရရှိနိုင်တာကအားသာချက်တစ်ခု ပါပဲ။ ထို့ပြင် Skype အတွက် မိုဘိုင်းဖုန်းများနှင့် ကြိုးဖုန်းများကိုဖုန်းခေါ်ဆို နိုင်ဖို့ အတွက် (၆၀)မိနစ်စာကိုလည်းရရှိနိုင်မှာဖြစ်ပါ တယ်။ Split View အနေနဲ့ အသုံးပြုနိုင်သောကြောင့် Office Apps နှစ်ခုကိုမျက်နှာပြင်ရဲ့တစ်ဖက် တစ်ချက်မှာဖွင့်ထားပြီး အသုံးပြုနိုင်တာကများစွာ အသုံးတည့်နိုင်စေ မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် Excel ကိုဖွင့်ပြီး သင့်ရဲ့စီးပွားရေးလုပ်ငန်း ဆိုင်ရာ အချက်အလက်တွေကို ကြည့်ရှုကာတစ်ဖက်က Power Point ကိုဖွင့်ထားပြီး သက်ဆိုင်ရာ Chart တွေရဲ့အချက်အလက်များကို ဖြည့်သွင်းဖန်တီးနိုင်စေမှာဖြစ်ပါတယ်။ အလားတူစွာပဲ E-mail Attachment ကို ကြည့်ရှုကာ လိုအပ်တဲ့ပြင်ဆင်မှုများကို သက်ဆိုင်ရာ Word Document မှာ တစ်ပြိုင်နက်ပြင်ဆင်နိုင်မှာလည်း ဖြစ်ပါတယ်။

<Adobe Photoshop>

Photoshop လိုမျိုးဆော့ဝဲတွေအသုံးပြုဖို့က ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ဖို့အတွက် ပုံမှန်အတိုင်းဆိုလျှင် အလတ် တန်းစားပီစီ တစ်လုံး လိုအပ်မှာဖြစ်ပါတယ်။ သို့သော် iPad Pro အနေဖြင့် ပီစီတစ်လုံး ကဲ့သို့ စွမ်းဆောင်ပေးနိုင်စွမ်းရှိတဲ့အတွက် Adobe Photoshop ကို ကောင်းမွန်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Split-Screen လုပ်ဆောင်ချက် ကြောင့် ဓာတ်ပုံတည်းဖြတ် ပြင်ဆင်မှုများအတွက် ပိုမိုလုပ်ဆောင်နိုင်စေ မှာဖြစ်ပါတယ်။ Illustrator Draw, Photoshop Mix, Photoshop Sketch, Photoshop Fix နဲ့ အခြားသော Creative Cloud Apps တွေများစွာက iPad Pro ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ပိုမိုတောက်ပ လာစေအောင်ဖော်ညွှန်းခဲ့ပါတယ်

<Goodreader>

iPad Pro အနေဖြင့် Enterprice Market နဲ့ Professionals များကို ဦးစားပေး Target ထားတာဖြစ်တဲ့အတွက် သူတို့ အနေနဲ့များစွာသော PDF Documents တွေနဲ့အလုပ်လုပ်ကြရမှာမလွဲမသွေပါပဲ။ PDF တွေအတွက် အသုံးပြုသင့်တဲ့ Apps တစ်ခုကတော့ Goodreader ပဲဖြစ်ပါတယ်။ ဒီ Apps မှာ PDF များကိုဖတ်တာ၊ တည်းဖြတ်တာတွေ အတွက် ကွဲပြားခြားနားသော လုပ်ဆောင်ချက်များစွာကို လွယ်ကူစွာ အသုံးပြုနိုင်စေမှာလည်းဖြစ်ပါတယ်။ Goodreader ဟာ ကြီးမားသော PDF ဖိုင်တွေ၊ TXT ဖိုင်တွေ၊ အရွယ်အစားကြီးမားသောစာအုပ်တွေ၊ မဂ္ဂဇင်းတွေနဲ့ 100MB ခန့်ရှိတဲ့ဖိုင်ကြီးတွေကို မြန်ဆန်သောနှုန်းနဲ့ ဖွင့်နိုင်မှာ ဖြစ်ပါတယ်။ PDF စာအုပ်များအတွင်းမှာ Text Boxes များအတွက် စာရိုက်နိုင်တာ၊ Sticky Notes နဲ့မှတ်သားထားတာ၊ လိုင်း တွေ၊ ညွှန်ပြတဲ့မြားတွေ၊ အလွတ်ရေးဆွဲတာတွေကို လုပ်ဆောင်နိုင် မှာဖြစ်ပါတယ်။ ထို့ပြင် Dropbox, OneDrive, Sugar- Sync နှင့် အခြားသော Remote Server တွေဖြစ်တဲ့ WebDAV, AFP, SMB, FTP သို့မဟုတ် SFTP ဆာဗာများနဲ့ Sync လုပ်နိုင်မှာဖြစ် သလို Folders တစ်ခုလုံးပဲဖြစ်ဖြစ်၊ သီးခြားဖိုင်တွေကိုပဲဖြစ်ဖြစ် Sync လုပ်နိုင်မှာ ဖြစ်ပါတယ်။ GoodReader အနေဖြင့် PDF နဲ့ TXT ဖိုင်များကိုသာမက လူသုံးများသော နာမည်ကျော်ဖိုင်အမျိုးအစားများဖြစ်တဲ့ MS Office.doc,.ppt, .Xls, iWork, HTML and Safari Webarchives, High Resolution Images, ZIP and RAR archives စတာတွေကို ဖွင့်နိုင်ရုံမျှမက အသံနဲ့ ဗီဒီယိုဖိုင်တွေကိုတောင် ဖွင့်နိုင်မှာဖြစ်ပါတယ်။

<Breakneck>

Breakneck ကတော့ မျက်နှာပြင်အကျယ် iPad Pro အတွက် အသင့်လျော်ဆုံးသောဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းမှာတော့ ကောင်းကင် ပျံယာဉ်တစ်စီးက အလွန်လျင်မြန်သောနှုန်းနဲ့ ပျံသန်းနေမှုများပါဝင်ပြီး ရှေ့မှာရှိနေတဲ့ အဆောက်အဦများစတဲ့ အတားအဆီးများစွာကို ရှောင်လွဲသွားကာ ဝေးနိုင်သလောက်ခပ်ဝေးဝေးသွားရမှာပဲဖြစ်ပါတယ်။ Story Line အခြေပြုဂိမ်းတစ်ခု မဟုတ်သော်လည်း ရုပ်ထွက်ပိုင်းဆိုင်ရာ များအနေနဲ့ အလွန်ကောင်းမွန်တာကိုတွေ့ရပါတယ်။ အလွန်လျင်မြန် သောအရှိန်နဲ့ ပျံသန်းနေသောကြောင့် အတားအဆီးများစွာနဲ့ တိုးတိုက် မိမှုများမဖြစ်အောင် ရှောင်တိမ်းဖို့ကစားရမှာဖြစ်ကာ ပိုမိုဝေးဝေးသွားနိုင် လေ ဆုများစွာရရှိလေဖြစ်မှာပါ။ ဒီဂိမ်းဟာ iOS အတွက် သီးသန့် လုပ်ဆောင်ထားတာဖြစ်ပြီး iPad Pro အတွက်တော့ အဆင့်မြင့် 3D ရုပ်ကြွများနဲ့မြင်တွေ့ရနိုင်ကာ စွမ်းဆောင်ရည်ပိုမိုကောင်းမွန် လာမှာဖြစ် ပါတယ်။

<Evernote>

နာမည်ကျော် Application တစ်ခုဖြစ်တဲ့ Evernote ဟာလည်း iPad Pro အတွက်မရှိမဖြစ် Apps တစ်ခုဖြစ်ပါတယ်။ အဆိုပါ Evernote မှာ မှတ်သားထားသည်များကအခြားသော Devices များစွာဖြင့်လည်း အလိုအလျောက် Organize လုပ်ပြီး Sync လုပ်နိုင်စေမှာဖြစ်ပါတယ်။ မိမိတို့ တစ်နေ့တာလုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေ၊ မှတ်သားထားရ မယ့် အရာတွေ၊ Plan တွေ များစွာအတွက် အသုံးပြုဖို့ ဒီ Apps က ထိပ်တန်းမှာပါဝင်နေပါတယ်။ iPad Pro ရဲ့ Multi-tasking လုပ်ဆောင် ချက်များ ကြောင့် သုံးစွဲသူတွေအနေနဲ့ လုပ်ငန်းစဉ်များစွာကိုတစ်ပြိုင်နက် တည်းလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Apple Pencil ကို အသုံးပြုပြီး iPad Pro မှာရှိတဲ့ Evernote မှာမိမိတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို Sketch များနှင့် ရိုးရှင်းလွယ်ကူစွာဆွဲနိုင်ကြမှာ ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com