7/11/2017

♪ “Samsung Galaxy On Max ကိုရောင်းပြီ” ♫

Image may contain: phone and text

Samsung က Galaxy On Max ကိုမိတ်ဆက်လိုက်ပါတယ်။ အိန္ဒိယရဲ့ အွန်လိုင်းအရောင်းဆိုင် Flipkart ကနေရောင်းချပေးမှာ ဖြစ်ပါတယ်။ Samsung Galaxy On Max ဟာ Galaxy J7 Max ကိုမွမ်းမံထားတဲ့ ဗားရှင်း ဖြစ်ပါတယ်။

Samsung Galaxy On Max မှာ13MP Camera တစ်လုံးစီကိုအရှေ့နဲ့ အနောက်ဘက်မှာတပ်ဆင်ထားပါတယ်။ ၅.၇ လက်မ LCD Full HD Display ပါပြီးHelio P20 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 64GB Internal Storage ထည့်သွင်းထားပြီး microSD Slot ဖြင့် Storage ကို မြှင့်တင်နိုင်ပါတယ်။ ဘက်ထရီကတော့ 3300mAh ဖြစ်ပါတယ်။

Galaxy J7 Max ဟာအိန္ဒိယမှာ Samsung Pay Mini ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ Galaxy On Max မှာလည်း Samsung Pay Mini ပါလာပါတယ်။ သူ့ရဲ့ Home Button မှာလက်ဗွေရာအာရုံခံကိရိယာ ကို မြှပ်နှံထားပြီးဖုန်းလုံခြုံရေး၊ ငွေပေးချေမှုများကို ပြုလုပ်နိုင်ပါတယ်။

Samsung Galaxy On Max ကိုဇူလိုင်လ ၁၀ ရက်နေ့မှာရူပီး ၁၆ ၉၀၀ ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာ ၂၆၁ တန်ကြေးရှိပြီး မြန်မာငွေအားဖြင့် ကျပ် ၃၅၀,၀၀၀ ၀န်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com