12/14/2016

♪ TV App အသစ်၊ Emoji အသစ်၊ အခြားသောအသစ်အသစ်တွေနဲ့ iOS 10.2 ♫


Apple အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ (၁၃) ရက်နေ့ကတည်းက ထွက်ရှိထားတဲ့ iOS 10 ရဲ့ ဒုတိယမြောက် major update အဖြစ် iOS 10.2 ကို တရားဝင် ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ(၃၁) ရက်နေ့ကတည်းက iOS 10.2 နဲ့ ပတ်သတ်လို့ စမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီး developer တွေနဲ့ Public beta testers တွေအတွက် beta version (၇) ခုကို စမ်းသပ်ထုတ်လုပ်ခဲ့ရာကနေ အခုအချိန်မှာတော့ တရားဝင် အဖြစ်ထွက်ရှိလာတာဖြစ်ပါတယ်။

အခုထွက်ရှိလာတဲ့ iOS 10.2 မှာတော့ feature အသစ်တစ်ခုအဖြစ် TV app ပါဝင်လာတာကိုတွေ့ရပါတယ်။ Apple ရဲ့ ကိုယ်ပိုင် ဒီဇိုင်းဆင်တာထားတဲ့ App ဖြစ်ပြီး အသုံးပြုသူတွေအတွက် TV shows အသစ်တွေနဲ့ movies အသစ်တွေကို အလွယ်တကူရှာဖွေနိုင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။ TV app မှာ ပါဝင်တဲ့ Function တွေကို တော့ အောက်က Video မှာ ကြည့်နိုင်ပါတယ်။



Emoji အသစ်တွေလည်း (၁၀၀)ကျော် ပါဝင်လာတဲ့အပြင် ရှိပြီးသား emoji တွေကိုလည်း ပိုမိုဆွဲဆောင်မှုရှိပြီး ပိုမိုသဘာဝကျအောင် ပြန်လည် ဒီဇိုင်းဆင်ထားတာကို မြင်တွေ့ရပါတယ်။ ထုံးစံအတိုင်း wallpaper အသစ်တွေလည်း ပါဝင်လာပါသေးတယ်။



Music app ရဲ့ Repeat နဲ့ Shuffle buttons တွေကို ပြန်လည်ပြင်ဆင်ထားပြီး Celebrate နဲ့ Send With Love ဆိုတဲပ Screen Effects အသစ်နှစ်ခုလည်းပါဝင်လာပါသေးတယ်။ Camera setting တွေမှာလည်း preserved setting အသစ်တစ်ခု ပါဝင်လာပြီး Live Photos တွေရဲ့ frame rate တွေ ပိုမိုမြန်ဆန်လာပြီး stabilization ပိုမို ကောင်းမွန်လာတာတွေ့ရပါတယ်။

iOS 10.1 တုန်းက user တွေကြုံတွေခဲ့ရတဲ့ error တွေ၊ ပြဿနာတွေအားလုံးကို အကောင်းဆုံးပြင်ဆင်ထားပြီး အသစ်ထပ်မံပါဝင်လာတဲ့ feature တွေကလည်း ပြည့်စုံကောင်းမွန်ပြီး ဆွဲဆောင်မှု ရှိတာတွေ့ရပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com