12/22/2016

♪ “Samsung Galaxy J7 Prime” ♫


Samsung ဟာ ၂၀၁၆ ခုနှစ်၏ အကောင်းမွန် အထူးခြားဆုံး အရောင်းပွဲကြီး ကို ယခုလကုန်အထိ ကျင်းပပြု လုပ်နေပါတယ်။ Samsung ဖုန်းများထဲတွင် J Series ဖုန်းများဟာ နောက်ဆုံးပေါ် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ J7 Prime ဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာလက ထုတ်လုပ်ပေးထားတာဖြစ် ပါတယ်။ 

ဖုန်းရဲ့ထောင့်စွန်းများဟာ အ၀န်းအ၀ိုင်းပုံရှိပြီး အဓိက ကင်မရာကို အနောက်ဘက်တွင် လေးထောင့်ပုံစံ ထည့်သွင်းပေးထားပါတယ်။ ဘေးဘက် တွင် Flash မီး ပါရှိပါတယ်။ 2G/3G/4G Network များတွင် အသုံးပြုနိုင်မယ့် ဖုန်းဖြစ်ပါတယ်။ ကိုင်ဆောင်အသုံးပြုရမယ့် အရွယ်အစားပမာဏကတော့ 151.7 × 75 × 8 mm ဖြစ်ကာ အလေးချိန်သည် 167 g ရှိပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်သောဖုန်းများ ဈေးကွက်ထဲတွင် ပေါများနေသောကြောင့် အခု J7 Prime ကိုလည်း ဆင်းကတ်နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။

ထည့်သွင်း သုံးစွဲရမယ့် ဆင်းကတ်အမျိုးအစားကတော့ Nano SIM ပါ။ ဖုန်းမျက်နှာပြင် အတွက် IPS LCD Capacitive Touch Screen ကို အသုံးပြုပေးထားပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်အကျယ်အ၀န်းကတော့ 5.5 inches ရှိသောကြောင့် ကျယ်ပြန့်သော မြင်ကွင်းပုံရိပ်များကို ရရှိပါမယ်။ မြင်ကွင်းစွမ်းရည် အပိုင်း အတွက် 1080 × 1920 pixels ပမာဏနဲ့ ထောက်ပံ့ပေးထားပြီး တစ်လက်မ မှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆကတော့ 401 ppi ပါ။ ဖြန့်ချိရာဈေး ကွက်ပေါ်မူတည်၍ Gorilla Glass တပ်ဆင်ပေးမှာဖြစ်ပါတယ်။

ကင်မရာနှစ်မျိုးနှစ်စား တပ်ဆင်ပေးထားပြီး Auto Focus, LED Flash စနစ် တို့နဲ့ အသုံးပြုနိုင်မယ့် အဓိကကင်မရာဟာ 13 MP, f/1.9 စွမ်းရည်ရှိပါမယ်။ ရှေ့ကင်မရာငယ်ကတော့ 8 MP , f/1.9 စွမ်းရည်ပါ။ ဗီဒီယိုရိုက်ကူးနိုင်မယ့် စွမ်းရည်ကတော့ 1080 p ဖြစ်ပြီး နှုန်းမှာ တစ်စက္ကန့်ကို 30 Frames ဖြစ်ပါ တယ်။ Bluetooth Version ကတော့ 4.1 ပါ။ မှတ်ဥာဏ်ပမာဏအပိုင်းအတွက် RAM ကို 3 GB ထည့် သွင်းပေးထားပြီး Internal Storage တွင် 16 GB ပါရှိ အောင် ဆောင်ရွက်ပေးထားပါတယ်။ ထို့အပြင် Cardslot စနစ် အသုံးပြုနိုင် အောင်လည်း လုပ်ဆောင်ပေးထားပါတယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစား ကတော့ Android ဖြစ်ပြီး Version မှာ Marshmallow ဖြစ်ပါတယ်။


ထည့်သွင်း ပေးထားသော Chipset ကတော့ Exynos 7870 Octa ဖြစ်ပါတယ်။ CPU စွမ်းရည်မှာ Octa Core 1.6 GHz Cortex - A 53 ဖြစ်သောကြောင့် ဖုန်းကို လျင်မြန်သွက်လက်စွာ အသုံးပြုနိုင်ပါလိမ့်မယ်။ GPU ကတော့ Mali-T830 MP2 ပါ။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီ အမျိုးအစားမှာ Li-Ion 3300 mAh ဖြစ်ပြီး 3G Network တွင် စကားပြောဆိုဖို့အတွက်၂၁ နာရီနီးပါး ခံနိုင်စွမ်း ရှိမှာဖြစ်ကာ သီချင်းနားထောင်ဖို့အတွက် ၈၄ နာရီနီးပါးခံနိုင်စွမ်း ရှိပါမယ်။

<Specification>

Network - GSM/HSPA/LTE
Processor - Octa Core 1.6 GHz
Screen - 5.5 inches
Camera - 13 MP
Bluetooth - v 4.1
Storage - 16/32 GB
OS - Android OS, v6.0.1
Contact - 01-381035

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com