12/14/2016

♪ Android သမားတွေအတွက် နောက်ဆုံးထွက်ရှိလာတဲ့ Gboard ♫


Android သမားတွေနဲ့ မျှော်လင်စော့င့်စားနေတဲ့သူတွေအတွက် Google Keyboard App ထွက်ရှိလာပြီ ဖြစ်တယ် လို့ သိရပါတယ်။ အခုထွက်ရှိလာတဲ့ Gboard ကို APK အနေနဲ့ စတင် ဒေါင်းလုပ်ရယူနိုင်ပြီး iOS သမားတွေအတွက်လည်း နောက် ၆ လ အကြာမှာ ထွက်ရှိလာမယ် လို့ ဆိုပါတယ်။
.
ကီးဘုတ် ကို သုံးစွဲသူအနေနဲ့ မျက်နှာပြင် အပေါ်မှာ အနည်းငယ် သေးငယ်တဲ့ ” G ” စာလုံးလေးကို မြင်တွေ့ရမှာဖြစ်ပြီး အဲဒီ စာလုံးလေးကို ကလစ်နှိပ်လိုက်ရင် Google Search Engine ကို သွားရောက် အလုပ်လုပ်ပေးမယ် ဖြစ်ပါတယ်။ Google အင်ဂျင် ရဲ့ ရှာဖွေမှုတိုင်းမှာ ပေါ်မှာသမျှ Text တွေကို Copy၊ Paste ရယူနိုင်မှာ ဖြစ်ပါတယ်။
.
Gboard ကို Google Play Store မှာ အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပြီး အထူးသရုပ်ဖော်ထားတဲ့ Emoji စုစည်းမှုတွေ အပြင် text screen ထဲမှာ Gif တွေကို ပါ ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှီ အသုံးပြုနေတဲ့ Keyboard ကနေ Google keyboard ကို အလွယ်တကူ ကူးပြောင်းနိုင်စေဖို့လ့ည်း ဖန်တီးပေးထားတယ် လို့ သိရပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com