12/21/2016

♪ ဆမ်ဆောင်း S8 ဟာ ၁၁ သိန်း အထိ ဈေးနှုန်း ရှိလာနိုင် ♫


လာမည့်ဖေဖော်ဝါရီလ မှာ ကျင်းပမယ့် Mobile World Congress မှာ လှစ်ဟဖွင့်ထုတ်ပြမယ့် ဆမ်ဆောင်းရဲ့ ဖုန်း အမျိုးအစား က Galaxy S8 ဖြစ်တယ် လို့ ခန့်မှန်းသတင်းတွေ အရ ကြားသိရပြီးနောက် အဲဒီ အမျိုးအစားကို Version နှစ်ခု နဲ့ ထုတ်လုပ်ရောင်းချသွားဖွယ် ရာ ရှိနေတယ် လို့ TheNextWeb က ဆိုပါတယ်။
.
Galaxy S8 ဟာ 5.7 လက်မ ၊ 6.2 လက်မ စတဲ့ အမျိုးအစား ၂ ခု နဲ့ MWC ပွဲအပြီး မတ်လအတွင်းမှာပဲ တကမ္ဘာလုံးကို တင်ပို့ရောင်းချသွားမှာ ဖြစ်ပြီး လုံခြုံရေးအဆင့်အနေနဲ့ Fingerprint နည်းပညာကို သိသိသာသာ ဇောင်းပေးထားမယ် လို့ ဆိုပါတယ်။ အမျီုးအစား ၂ ခုစလုံးဟာ HD display ဖြစ်လာဖွယ်ရှိနေပြီး ပရိုဆက်ဆာကတော့ Qualcomm အသစ်ကို သုံးစွဲပြီး ၊ Snapdragon 830 နဲ့ RAM ကို 6GB ထည့်သွင်းပေးထားမယ် လို့ ဆိုပါတယ်။
.
မြင့်မားတဲ့ နည်းပညာတွေ သုံးစွဲထားတာနဲ့အမျှ ရောင်းချတဲ့ ဈေးနှုန်းဟာလည်း ပိုမိုမြင့်တက်လာမှာ ဖြစ်ပြီး ထုတ်လုပ်ပြီးခဲတဲ့ Samsung Galaxy S7 ထက် ရာခိုင်နှုန်းအားဖြင့် ၂၀ ရာခိုင်နှုန်း ဈေးနှုန်း ပိုမိုမြင့်တက်လာမှာ ဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာဖုန်းဈေးကွက်အတွင်းမှာ Samsung S7 ကို ၈ သိန်း ကျော်ပတ်ဝန်းကျင်၊ Samsung S7 Edge ကို ၉ သိန်း ၃ သောင်း ၀န်းကျင်ခန့် နဲ့ ရောင်းချလျက်ရှိတဲ့အတွက် S8 ဟာ ၁၁ သိန်းကျော် ၀န်းကျင်ဖြစ်လာဖွယ်ရာ ရှိနေတယ် လို့ ခန့်မှန်းတွက်ချက်နိုင်ပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com