12/21/2016

♪ အဝေးရောက် ချစ်သူများ အင်တာနက် ကနေ အနမ်းပေးနိုင်တဲ့ Kissinger ♫


တစ်ယောက် တစ်နိုင်ငံစီ နေကြရတဲ့ အဝေးရောက် ချစ်သူများဟာ အင်တာနက် ကနေ ဖုန်းပြောခြင်း၊ စာပို့ခြင်း၊ Video Chat ခြင်းများကို ပြုလုပ်လေ့ရှိပါတယ်။ အခုတော့ အဝေးရောက် ချစ်သူများ အင်တာနက် ကနေ အနမ်းပေးနိုင်ပါပြီ။ Kissinger လို့ အမည်ပေးထားတဲ့ Gadget ကို စမတ်ဖုန်းရဲ့ အောက်ခြေမှာ တပ်ဆင်ရမှာ ဖြစ်ပါတယ်။ သူ့မှာ ပါတဲ့ Pad ကို နမ်းလိုက်တဲ့ အခါမှာ တစ်ဖက်လူရဲ့ Pad မှာ အဲဒီထိတွေ့မှု အနေအထားအတိုင်း ခံစားရမှာ ဖြစ်ပါတယ်။

Kissinger မှာ Pressure Sensors များ တပ်ဆင်ထားပြီး ထိတွေ့မှုကို အာရုံခံနိုင်ပါတယ်။ အာရုံခံ တွက်ချက်ပြီးနောက်မှာ အခြားတစ်ဖက်မှ လူထံ App ကနေ တစ်ဆင့် ပေးပို့တာ ဖြစ်ပါတယ်။ အဲဒီ App ကနေလည်း အဝေးရောက်ချစ်သူများ Video Chat နိုင်ပါတယ်။

စုံတွဲများ၊ အိမ်ထောင်သည်များ သာမက မိဘများကလည်း သူတို့ရဲ့ အဝေးရောက်နေတဲ့ သား သမီးများကို အင်တာနက်ကနေ ဒီလို အနမ်းပေးနိုင်တယ်လို့ တီထွင်သူများက ပြောပါတယ်။ တီထွင်သူ ဇန်က နောက်ထပ် ခြေလှမ်းတစ်ရပ် အနေနဲ့ အနံ့အာရုံကိုပါ ထည့်သွင်းပေးဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အဝေးရောက် ချစ်သူရဲ့ ကိုယ်သင်းရနံ့လေးကိုပါ ရှူရှိုက်နိုင်မှာ ဖြစ်ပါတယ်။

“ အနမ်းပေးခြင်းဟာ ချစ်ခင်နှစ်သက်မှုကို ဖော်ပြတဲ့ ကမ္ဘာ့ ဘာသာစကား ဖြစ်ပါတယ်။ အိမ်ထောင်သည်နဲ့ စုံတွဲတိုင်းရဲ့ ဆက်ဆံရေးကို ခိုင်မြဲစေပါတယ်။ နောက်ပြီး အနမ်းပေးတာက စိတ်ဖိစီးမှုကို လျော့ကျစေ ပါတယ်။ “ လို့ ဇန်က ပြောပါတယ်။



Credit to ==> Digital Times

 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com