12/22/2016

♪ ပျောက်သွားတဲ့ Android Device ကို မြေပုံမှာ ခြေရာခံနည်း ♫


ဒီနေ့ခေတ်မှာ Mobile Banking များကို သုံးလာကြပြီ ဖြစ်တဲ့အတွက် သင့် ဖုန်း ပျောက်သွားရင် စိတ်ပူစရာပါ။ သင့်ဖုန်းကို ကောက်ရတဲ့ လူက သင့်ဘဏ်အကောင့်ထဲမှ ငွေများကို ခိုးယူသွားနိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ အရေးကြီး ဒေတာများလည်း ပေါက်ကြားသွားနိုင်ပါတယ်။ အဲဒီ ပြဿနာများကို ဖြေရှင်းဖို့ သင့်ဖုန်း ပျောက်သွားတဲ့ အချိန်မှာ ဖုန်းရဲ့ တည်နေရာကို မြေပုံမှာ ခြေရာခံခြင်း၊ အိမ်ထဲမှာ ပျောက်နေတာ ဆိုရင်လည်း Ring သံမြည်အောင် ပြုလုပ်ခြင်း၊ ဖုန်းမှ ဒေတာများကို ဖျက်ဆီးခြင်း စတဲ့ အဝေးကနေ ဖုန်းကို အင်တာနက်မှ တစ်ဆင့် ထိန်းချုပ်နိုင်တဲ့ Android Device Manager ကို ဖုန်းများမှာ ထည့်သွင်းပေး ထားပါတယ်။ 

ဖုန်း မပျောက်ခင် ကြိုတင်ပြုလုပ်ထားရမယ့် အချက်
Google Settings App> Security > Android Device Manager ထဲသွားပြီး “ Allow remote lock and erase “ ကို Enable လုပ်ပေးပါ။ “ Remotely Locate “ ကိုလည်း Enable လုပ်ထားရမှာပါ။ တစ်ခုမှတ်ထားရမှာက အဝေးကနေ သင့်ဖုန်းမှ ဒေတာများကို Erase လုပ်တဲ့ အခါမှာ Internal Storage ထဲမှ ဒေတာများကိုသာ ဖျက်ဆီးပေးမှာ ဖြစ်တဲ့အတွက် အရေးကြီး ဒေတာများကို Internal Storage ထဲမှာသာ သိမ်းထားသင့်ပါတယ်။

img_55d8ab791cce9

ဖုန်းမှ ဒေတာများကို အဝေးမှ ဖျက်ဆီးနည်း
သင့် ဖုန်း ပျောက်သွားတဲ့ အခါမှာ ဘရောက်စာကနေ Android Device Manager ၀က်ဆိုက်ကို သွားပါ။ သင့် Google အကောင့်နဲ့ Login ၀င်ပါ။ သင့်ဖုန်းဟာ ပါဝါဖွင့်ထားပြီး Signal ရရှိနိုင်တယ်ဆိုရင် ဖုန်းရဲ့ တည်နေရာကို မြေပုံမှာ မြင်နိုင်မှာပါ။ Ring it ကို နှိပ်ရင် Phone Ring သံကို ဖွင့်ပေးမှာပါ။ Lock it ကတော့ ဖုန်းကို Lock လုပ်ပေးတာပါ။ Remotely wipe it ကို သုံးရင် ဖုန်းမှ ဒေတာများကို ဖျက်ပေးမှာပါ။ သင့်ရဲ့ ဖုန်းဟာ Signal မရရှိတဲ့ အခြေအနေမှာဆိုရင်တော့ Android Device Manager က ဖုန်းဟာ အွန်လိုင်း ဖြစ်လာတဲ့ အချိန် သို့မဟုတ် ၀ိုင်ဖိုင် ၊ ဆယ်လူလာ ကွန်ရက်များကို ချိတ်ဆက်မိတဲ့အချိန်များမှာ ဖုန်းရဲ့ တည်နေရာကို ခြေရာခံထားပြီး သင့်ကို ပြသမှာပါ။

unnamed

ရွေးချယ်စရာ နည်းလမ်းများထဲမှ ဒေတာ ပျက်ဆီးမှု မရှိတဲ့ နည်းလမ်းများကို အရင်ဆုံး သုံးသင့်ပါတယ်။ အဲဒီ နည်းလမ်းများနဲ့ အဆင်မပြေမှသာ ဒေတာများ ဖျက်ဆီးတဲ့ နည်းလမ်းကို သုံးပါ။ Erase လုပ်တာဟာ တစ်နည်းအားဖြင့် Full Factory Reset လုပ်တာ ဖြစ်တဲ့အတွက် Photos, Music, Apps, Settings များ အားလုံးကို ဖျက်ဆီးမှာပါ။ SD Card မှ ဒေတာများကိုတော့ မဖျက်ဆီးနိုင်ပါဘူး။

သင့်ဖုန်းမှာ Android Device Manager ကို Set Up မလုပ်ထားမိဘူးဆိုရင်
ဖုန်းများမှာ Android Device Manager ကို Default အားဖြင့် Enable လုပ်ထားပါတယ်။ အကယ်၍ သင်က Disable လုပ်ထားပြီးနောက်မှ ဖုန်းပျောက်သွားတဲ့ အခြေအနေမှာလည်း သင့်ဖုန်းကို ခြေရာခံနိုင်တဲ့ နည်းလမ်းများ ရှိပါသေးတယ်။ သင့်ဖုန်း ပျောက်သွားပြီးမှ Play Store ကိုသွားပြီး သင့် Google အကောင့်နဲ့ Login ၀င်ပါ။

Tracking App တစ်ခုကို အဝေးကနေ Remote Install လုပ်လိုက်ရင် သင့်ဖုန်း အင်တာနက် ချိတ်ဆက်တဲ့ အချိန်မှာ အလိုအလျှောက် အင်စတောလုပ်ပေးမှာပါ။ နာမည်ကြီးတဲ့ Tracking Apps များမှာ Android Lost , Cerberus, AirDroid , Prey , Lookout တို့ ဖြစ်ပါတယ်။ Android Lost ကတော့ Android 2.2 နဲ့တောင် အဆင်ပြေပါတယ်။




Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com