12/21/2016

♪ ဖေ့စ်ဘုတ် က ကိုယ်ပိုင် TV Show ဖန်တီးလျက်ရှိ ♫


NetFlix နဲ့ Amazon တို့က ကိုယ်ပိုင် TV Show တွေကို အောင်မြင်စွာ တည်ဆောက်နိုင်ပြီးတဲ့နောက်မှာ သူတို့ရဲ့နောက်ကို ထပ်ချပ်မကွာ လိုက်ာလာခဲ့တာကတော့ Facebook ပဲ ဖြစ်နေပါတော့တယ်။
.
ပြီးခဲ့တဲ့ လတွေက ပို့ခဲ့တဲ့ Report တွေအရ Facebook ရဲ့ လူကြီးပိုင်း အစည်းအဝေးတွေမှာ တီဗွီရှိုး၊ တီဗွီစတူဒီယို ၊ ဗွီဒီယိုထုတ်လုပ်ရေးတွေအပြင် လိုင်စင်လျှောက်ထားမှုတွေ နဲ့ မူပိုင်ခွင့်ဥပဒေပိုင်းတွေ ပါ ပါဝင်ခဲ့ပြီး ကိုယ်ပိုင် Video content တွေ တည်ဆောက်သွားဖို့အပြင် Content တည်ဆောက်နိုင်သူတွေကိုပါ လစာကောင်းကောင်း နဲ့ စည်းရုံးသိမ်းသွင်းဖို့ ဆိုတဲ့ အချက်အလက်တွေ ပါဝင်ခဲ့တယ် လို့ ဆိုပါတယ်။.
.
ဖေ့စ်ဘုတ် ဟာ သန်းပေါင်းမြောက်များစွာအရေအတွက် ရှိတဲ့ အိမ်တွင်းနေပြည်သူလူထု ဈေးကွက်ကို စိတ်ဝင်စားနေခဲ့တာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး Xfactor ၊ အမေရိကန် Idol တို့လို့ ရှိုးပွဲတွေ၊ ဇာတ်ညွှန်းအလန်းစားတွေ၊ ဂိမ်းရှိုးတွေနဲ့ အားကစားပွဲတွေအတွက် ပါ သူမတူတဲ့ စိတ်ကူးအိုင်ဒီယာတွေ တီထွင်ဖို့ ညွှန်ကြားထားပါတယ်။

အဆင့်တစ်ခုချင်းအတွက်လည်း မဟာဗျူဟာ ၊ နည်းဗျူဟာတွေ ချမှတ်ခဲ့ပြီး အစောပိုင်းကာလက ထွက်ပေါ်ခဲ့တဲ့ မော်တော်ကားလောက ကို ကူးပြောင်းဝင်ရောက်မယ် ဆိုတဲ့ သတင်းဟာ TV Show ဘက်ပိုင်းက ရင်းနှီးမြုပ်နှံသူတွေကို မျက်စိလည်သွားစေမယ့် ခန့်မှန်းသတင်းတွေ ထုတ်ပြန်ပေးခဲ့တာပဲ ဖြစ်တယ် လို့ သိရပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com