12/21/2016

♪ WhatsApp ပေါ်မှာ ပို့ပြီးသား Message တွေကို ပြင်နိုင်၊ ဖျက်နိုင်တော့မယ် ♫


WhatsApp ပေါ်မှာ ပို့ပြီးသား Message တွေကို ပြင်နိုင်၊ ဖျက်နိုင်တော့မယ်WhatsApp အနေနဲ့ function အသစ်တစ်ခုအဖြစ် ပို့ပြီးသား၊ ရောက်ရှိပြီးသား message တွေကို ပြန်ပြင်နိုင်၊ ဖျက်နိုင်မယ့် လုပ်ဆောင်ချက်အသစ်ထည့်သွင်းဖို့ စမ်းသပ်နေပြီဖြစ်ပါတယ်။

ပို့ပြီးသား message တွေကို ဖျက်နိုင်တာကတော့ အရင်ကတည်းက ရှိပြီးသားဖြစ်ပေမယ့် ဖျက်တဲ့သူဘက်မှာသာ ပျက်ပြီး တစ်ဖက်ကတော့ မြင်နေရပါတယ်။ အခုအသစ်ပါဝင်လာမယ့် function ကတော့ နှစ်ဖက်စလုံးမှာ ပျက်သွားမှာဖြစ်တယ်လို့ သိရပြီး ဖျက်တာအပြင် ပြန်လည်ပြင်ဆင်မှုတွေ လည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

sdf

WhatsApp အနေနဲ့ iOS user တွေအတွက် အဓိကထားကာ WhatsApp 2.171.869 beta ကို စမ်းသပ်နေပြီဖြစ်တဲ့အတွက် မကြာခင်မှာ WhatsApp ရဲ့ iOS update မှာ ပါဝင်လာတော့မှာဖြစ်ပါတယ်။
ဒါ့အပြင် အခြား function အသစ်တွေအဖြစ် ပေးပို့လာတဲ့ ZIP နဲ့ RAR file တွေလိုမျိုး archive file တွေကို preview ကြည့်ရှုနိုင်မယ့် fuction အသစ်လည်း ထည့်သွင်းပေးပို့ စီစဉ်နေကြောင်း သိရပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com