12/22/2016

♪ “iPhone 5S အား ၁၂လ အရစ်ကျဝယ်ယူ၍ Ooredoo ငွေဖြည့်လက်ဆောင်ရယူနိုင်မည်” ♫

Image may contain: phone

အူရီဒူးမြန်မာမှ ဝေယံအီလက်ထရောနစ်နှင့် ပူးပေါင်းပြီး iPhone5S အရစ်ကျ ရောင်းချပေးသွား မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ပါသည်။ iPhone 5s အားမြန်မာပလာဇာ အူရီဒူးအရောင်းဆိုင်တွင်လည်းကောင်း၊ ရန်ကုန်မြို့ နှင့် မန္တလေးမြို့ရှိ Wai Yan Electronic အရောင်းဆိုင်များတွင်လည်းကောင်း တစ်လလျှင် ၄ဝ,ဝဝဝ ကျပ် ဝန်းကျင်ဖြင့် ၁၂ လတိတိ အရစ်ကျစနစ်ဖြင့် ပေးချေဝယ်ယူနိုင်မည်ဖြစ်သည်။

အဆိုပါ iPhone 5s ကို ဝယ်ယူ နိုင်ရန် အတွက် ၆လနှင့် ၉လ အရစ်ကျအစီအစဉ်များလည်း ရှိမည်ဖြစ်သည်။ လက်ငင်းငွေပေးချေစနစ်ဖြင့် ဝယ် ယူလိုပါက ၄၁၉,ဝဝဝ ကျပ်သာပေးချေ ရမည်ဖြစ်သည်။ Space Gray နှင့်ငွေရောင်အရောင်နှစ်မျိုးကို ကြိုက်နှစ်သက် ရာ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး ဖုန်းတွင် 4 .0 မျက်နှာပြင်, 16 GB memory, True Tone Flash ပါရှိသည့် 8.0 MP ကင်မရာပါဝင်မည်ဖြစ်သည်။ 

တစ်နှစ်အာမခံပါရှိပြီး iService မှ ဝယ်ယူပြီးနောက်လိုအပ်သည့် နည်းပညာပိုင်း ဆိုင်ရာပံ့ပိုးပေးမည့် ဝန်ဆောင်မှုကိုလည်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အူရီဒူး မြန်မာမှနံပါတ်အလှနှင့် ၆ လအထိရရှိမည် ဖြစ်သော ငွေဖြည့်အပိုလက်ဆောင်ကိုလည်း ပေးအပ်သွားမည်ဖြစ်ပြီး အူရီဒူး သုံးစွဲသူများ အနေဖြင့် တစ်လလျှင်တစ်ခါငွေကျပ် ၁ဝ,ဝဝဝ ဖြည့်သွင်းတိုင်း ငွေဖြည့်လက်ဆောင် ၁၇,ဝဝဝ ကျပ်အား ၆လတိတိလက်ခံရရှိမည်ဖြစ်ပါသည်။

အဆိုပါငွေဖြည့်အပိုလက်ဆောင်အားသုံးသလောက် ပေးအင်တာနက် အစီအစဉ်၊ အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုနိုင်ရန်နှင့် စာတိုပေးပို့ရာတွင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်မှ စတင်ကာ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ iPhone 5s အား ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com