12/22/2016

♪ တစ်ကမ္ဘာလုံးက Redmi Note 3 တွေမှာ Marshmallow တင်လို့ရပြီ ♫


Xiaomi အနေနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က Redmi Note 3 မှာ Marshmallow တင်လို့ရပြီဖြစ်ကြောင်း ကြေညာခဲ့ပေမယ့် India နိုင်ငံတွင်း ဖြန့်ခဲ့တဲ့ Redmi Note 3 တွေမှာသာ ရရှိခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ တစ်ကမ္ဘာလုံးကိုဖြန့်ချိတဲ့ Redmi Note 3 Global version အားလုံးမှာ Marshmallow ကို မြှင့်တင်အသုံးပြုလို့ရပြီဖြစ်ပါတယ်။

Xiaomi ရဲ့ တန်ဖိုးနည်း စမတ်ဖုန်း စီးရီးဖြစ်တဲ့ Redmi Series ရဲ့ လူသုံးအများဆုံး စမတ်ဖုန်းဖြစ်ခဲ့တဲ့ Redmi Note 3 ကို Android 5.1.1 Lollipop နဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ထပ်မံ ထုတ်လုပ်ခဲ့တဲ့ Remi Note 3 Pro ကိုလည်း အလွန်လူကြိုက်များခဲ့ကြပါတယ်။

929cdbacac515b738875283528456895d5c0a01b

Xiaomi Redmi Note 3 ထွက်ပြီးမကြာခင်အချိန်ကတည်းက အသုံးပြုသူတွေဟာ Marshmallow Update ရဖို့ တောင်းဆိုမှုတွေရှိခဲ့ပေမယ့် Xiaomi အနေနဲ့ အချိန်အတော်ကြာအောင် ကြန့်ကြာခဲ့တာဖြစ်ပါတယ်။
Marshmallow ဟာ Lollipop ထက် ဒီဇိုင်းပိုင်းရော feature ပိုင်းတွေများ အများကြီးတိုးတက်ပြောင်းလဲလာခဲ့ပြီး လက်ရှိအချိန်မှာ Android ရဲ့ လူကြိုက်အများဆုံး Version တစ်ခုလည်း ဖြစ်ပါတယ်။

Xiaomi အနေနဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Nougat ကိုလည်း လာမယ့် လအနည်းငယ်အတွင်းမှာ ၄င်းရဲ့ MIUI device တွေမှာ တင်သွင်းအသုံးပြုနိုင်ဖို့ ပြင်ဆင်လျက်ရှိတယ်လို့လည်းသိရပါတယ်။




Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com