12/22/2016

♪ Samsung က S7 နဲ့ S7 Edge အတွက် နောက်ဆုံးထုတ် Galaxy Game Pack ကို မိတ်ဆက် ♫


Samsung ဖုန်း ကိုင်တဲ့ လူများက Galaxy Game Packs များကို နှစ်သက်ကြပါတယ်။ Samsung ကလည်း Galaxy Game Pack များကို ပုံမှန် ဖြန့်ချီပေးလေ့ရှိပါတယ်။ အခုလည်း Samsung က S7 နဲ့ S7 Edge တို့အတွက် နောက်ဆုံးထုတ် Galaxy Game Pack ကို ဖြန့်ချီပေးလိုက်ပါတယ်။

နောက်ဆုံးထုတ် Game Pack မှာ Plants vs. Zombies: Heroes, Genies & Gems, Vainglory, Clash of Kings, Star Wars: Galaxy of Heroes, MARVEL Contest of Champions, Hungry Shark World, Asphalt 8: Airborne, Need for Speed: No Limits, Hearthstone, HIT, Empire: Four Kingdoms, Nonstop Knight, Olympus Rising တို့ အပါအ၀င် ဂိမ်းပေါင်း ၁၄ ခု ပါပါတယ်။

Samsung က အခု Galaxy Game Pack မှာ Items များကို လက်ဆောင်ပေးထားတယ်လို့ ပြောပါတယ်။ Plants Vs Zombies အတွက် Dragon Bundle ၊ Genies & Gems အတွက် အပို 150 Coins ၊ Vainglory အတွက် Hero ၂ ယောက်တို့လို အပိုလက်ဆောင်များ ထည့်ပေးထားပါတယ်။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com