12/24/2016

♪ စမတ်ဖုန်းများတွင် Speaker မရခြင်းများအတွက် ပြု ပြင်ရန်နည်းလမ်း ♫


ဖုန်းတလုံးတွင် Main speaker အသံမလာသော် ပထမဦးစွာ Speaker ကောင်းမကောင်းDc 2v ပေး၍ ထိလိုက်လွှတ် တိုင်းပါက အသံမြည်သည်။ အသံမမြည်ပါက speakerလဲရန် ။speaker ကောင်း၍ အသံမမြည်သော် မီတာ Ohm စကေးဖြင့် speaker ငုတ်အား ပတ်လမ်းရှိမရှိ Ground value တိုင်းပါ။ Ground value တခုတွင်ရှိ၍ တခုတွင်မရှိသော် ပတ်လမ်းပျက်သည် ဟုသိရ၏။

ဖုန်းတလုံးတွင် Speaker အထွက်သည်များသောအားဖြင့် power Ic၏အနီးတွင် ရှိသော Resistor အမဲနှစ်ခုမှ speaker ငုတ်သို့ ပေးသွင်းလေ့ရှိသည်။speaker ငုတ်မှ Resistor အမဲနှစ်ခုဆီသို့ တိုက်ရိုက်ရောက်မရောက် စစ်ဆေးပါ။ တိုက်ရိုက်ရောက်သောငုတ် တခုရောက်ပြီး တခုမရောက်ပါက တခုပတ်လမ်းပျက်နေပြီ ဟုသိရ၏။ မရောက်သောငုတ်အားကြိုးကျော်ပါ။ speaker ငုတ်နှစ်ခုစလုံးတွင် ပတ်လမ်းရှိပါက power Icလဲရန်ဖြစ်ပါသည်။ power Ic ဝယ်ရန်ခက်ခဲပါက speaker အား တစကိုGnd ပြုလုပ်၍ ကျန်တစကို speaker ငုတ်ဖြင့် ဆက်သွယ်ပါ။ တစမရပါက ကျန်တစသို့ပြောင်းလဲတပ်ဆင်ပါ။

ဖုန်းများတွင် speaker တည်ဆောက်ပုံသည် bcl (bridge condenser less) စနစ် ဖြစ်သည်။ speaker တွင်Gnd ပါဝင်လေ့မရှိပါ။ Amplifierနှစ်ခြမ်းပါဝင်သည်။ မကောင်းသည့် အခြမ်းအားမသုံးစွဲဘဲ ကောင်းသော Amplifier တခြမ်းအား Gndနှင့် speaker အထွက်အား သုံးစွဲခြင်းဖြစ်သည်။




credit – YMG MOBILE (YOUTH MOBILE GROUP)


Warmly Welcome
KoHtoo ( MMAS )





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com