12/22/2016

♪ လူ ၅၀ အထိ စကားပြောလာနိုင်ပြီဖြစ်တဲ့ Facebook Group Chat ♫


ဖေ့စ်ဘုတ် ရဲ့ အခုနောက်ဆုံး လွှင့်ထုတ်လိုက်တဲ့ Tool အရဆိုရင် Facebook Video Chat ထဲမှာ လူဦးရေ အယောက် ၅၀ အထိ စကားစမည်ပြောဆိုနိုင်ပြီ ဖြစ်တယ် လို့ TheNextWeb က ရေးသား ဖော်ပြ လိုက်ပါတယ်။

ရပ်ဝေးရောက်နေတဲ့ မိဘဆွေမျိုးတွေ နဲ့ စကားစမည်ပြောချင်လို့ပဲ ဖြစ်ဖြစ် ၊ ရုံးက ၀န်ထမ်းတွေနဲ့ လုပ်ငန်းကိစ္စတိုင်ပင်ချင်လို့ပဲ ဖြစ်ဖြစ် ၊ သူငယ်ချင်းအပေါင်းအသင်းတွေ နဲ့ အတွေ့အကြုံတွေမျှဝေချင် လို့ပဲ ဖြစ်စေ၊ အလွန်အသုံးဝင်တဲ့ Tool တစ်ခုဖြစ်တဲ့အတွက် Blogger တွေနဲ့ Facebooker အများစုက အပြုသဘောနဲ့ ကြိုဆိုကြပါတယ်။

အဲဒီလုပ်ဆောင်ချက်ကို iOS,Android နဲ့ Desktop Version အကုန်လုံးအတွက် လွှင့်ထုတ်လိုက်တာ ဖြစ်ပြီး အရင် က VOIP service တွေကို သီးသီးသန့်သန့် ပြုလုပ်ပေးနေတဲ့ Viper, Skype နဲ့ တခြား VoIP App သမားတွေအပြင် အဓိက ပြိုင်ဘက်လည်း ဖြစ်တဲ့ What’s app ရဲ့ ဈေးကွက်ဝေစု ကို မျှယူလိုက်ပုံရတဲ့ ဒီ Tools အတွက် သီးသီးသန့်သန့် Compoments တွေ မလိုအပ်ပဲ ကိုယ့်ရဲ့ ပြင်ပ HeadPhone တွေကနေတဆင့် ရိုးရိုးရှင်းရှင်းကလေး လုပ်ဆောင်သွားနိုငမယ် လို့ သိရပါတယ်။


Credit to ==> Digital Times
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com