12/22/2016

♪ ဆန်းသစ်တဲ့ နှစ်မျိုးသုံး Lenovo Yoga Book ♫


ဆန်းသစ်တဲ့ မျက်နှာပြင်၊ အစွမ်းထက်တဲ့ ဒစ်ဂျစ်တယ် ဘောပင်နဲ့ လက်တော့၊ တက်ဘလက် နှစ်မျိုးသုံးလို့ရတဲ့ စွမ်းဆောင်ရည်များဟာ Lenovo Yoga Book ရဲ့ စွဲဆောင်မှုများ ဖြစ်ပါတယ်။ Android Tablet များစွာ အပါအ၀င် Android Laptop ကိုတောင် စာရေးသူ တွေ့မြင်ခဲ့ဖူးပါတယ်။ တက်ဘလက်လိုရော လက်တော့လိုပါ သုံးနိုင်တဲ့ Device များလည်း ပေါ်လာပါပြီ။ အဲဒီအထဲက တစ်ခုက Lenovo Yoga Book ဖြစ်ပါတယ်။ 

Hardware
Lenovo Yoga Book မှာ အလွန်ပါးလွှာတဲ့ ၁၀.၁ လက်မ မျက်နှာပြင်တပ်ဆင်ထားပါတယ်။ Resolution က 1920×1200 Pixels ဖြစ်ပါတယ်။ ကီးဘုတ်ကို ၃၆၀ ဒီဂရီ ခေါက်ချိုးနိုင်တဲ့အတွက် တက်ဘလက်လိုရော လက်တော့လိုပါ သုံးနိုင်ပါတယ်။ သူ့ရဲ့ ကီးဘုတ်က ထူးခြားပါတယ်။ ကီးဘုတ်မှာ ခလုတ်များ မပါဘဲ စာရိုက်တော့မယ့် အချိန်ကျမှ ခလုတ်များပါတဲ့ ကီးဘုတ် Layout ပေါ်လာမှာပါ။ စာမရိုက်တဲ့ အချိန်မှာတော့ နည်းပညာမြင့် Sketchpad အဖြစ် သုံးနိုင်ပါတယ်။ Pad ပေါ်မှာ ဒစ်ဂျစ်တယ် ဘောပင်နဲ့ စာရေးခြင်း၊ ပုံဆွဲခြင်းများ ပြုလုပ်နိုင်ပါတယ်။

မျက်နှာပြင်နဲ့ ကီးဘုတ်ကို ချိတ်ဆက်တဲ့ အဆက်ကိုလည်း Lenovo က ထူးခြားဆန်းသစ်အောင် ဖန်တီးထားပါတယ်။ ဒီဇိုင်းလှပသလို တက်ဘလက်ကနေ လက်တော့ ၊ လက်တော့ကနေ Sketchpad Mode ကို လွယ်ကူစွာ ပြောင်းနိုင်ပါတယ်။ ထူးခြားဆန်းသစ်သလောက် ရိုးရှင်းပါတယ်။

Yoga Book မှာ Intel Atom Processor ထည့်သွင်းထားပါတယ်။ 4GB RAM, 64GB Storage ပါပြီး microSD Card စိုက်နိုင်ပါတယ်။ 8500mAh Battery နဲ့ Android OS ထည့်သွင်းထားပါတယ်။ Windows 10 ထည့်ထားတဲ့ Yoga Book လည်း ရှိပါတယ်။

ဒစ်ဂျစ်တယ် ဘောပင်
Real Pen လို့ အမည်ပေးထားတဲ့ ဒစ်ဂျစ်တယ်ဘောပင်ဖြင့် မျက်နှာပြင်မှာ စာရေးခြင်း၊ ပုံဆွဲခြင်းများကို ပြုလုပ်နိုင်ပါတယ်။ စကရင်မှ Pixels များကို ဘောပင်ရဲ့ ထိတွေ့မှုက အလွန် တိကျတဲ့အတွက် အသေးစိတ်ကျတဲ့ ပန်းချီကားများကိုတောင် ရေးဆွဲနိုင်ပါတယ်။

Any Pen ကတော့ သတ္တုဖြင့် ပြုလုပ်ထားတဲ့ ဒစ်ဂျစ်တယ် ဘောပင်ဖြစ်ပါတယ်။ အဲဒီ ဘောပင်နဲ့လည်း မျက်နှာပြင်မှာ စာရေးခြင်း ၊ ပုံဆွဲခြင်းများကို ချောမွေ့ပြေပြစ်စွာ အသုံးပြုနိုင်ပါတယ်။

အနှစ်ချုပ်
ပေးရတဲ့ ဈေးနဲ့ တန်တဲ့ ထုတ်ကုန် တစ်ခု ရဖို့ဆိုတာ မလွယ်ကူပါဘူး။ Lenovo Yoga Book ကလည်း အဲဒီလို ထုတ်ကုန်မျိုး ဖြစ်ပါတယ်။ ဒီဇိုင်းလှပပြီး ပါးလွှာ ပေါ့ပါးပါတယ်။ တီထွင်ဖန်တီးမှုကလည်း ဆန်းသစ်ပါတယ်။ ကီးဘုတ်ကလည်း စွယ်စုံသုံးလို့ ရပါတယ်။ ဒစ်ဂျစ်တယ် ဘောပင်ကိုလည်း ၂ မျိုး ထုတ်လုပ်ပေးထားပါတယ်။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com