12/14/2016

♪ Huawei P9 နှင့် Mate 8 အတွက် Android 7.0 Nougat update ရနိုင်ပြီ ♫


Huawei P9 နှင့် Mate 8 အတွက် Android 7.0 Nougat update ကို ၂၀၁၇ အစောပိုင်းမှာရနိုင်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် အခုတော့ စောစောထွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
တရုတ်နိုင်ငံကသတင်းအရဆိုရင် Android 7.0 Nougat update ဟာ Huawei P9 နဲ့ Mate 8 နှစ်မျိုးလုံးအတွက်ရနိုင်ပြီလို့ သိရပါတယ်။
user အနည်းငယ်အတွက်ပဲ စမ်းသပ်ထွက်ရှိလာတာမဟုတ်ဘဲ user အားလုံးအတွက် တကယ်ထွက်ရှိလာပြီဖြစ်ပါတယ်။
မကြာသေးခင်ကမှ သတင်းထွက်ထားတဲ့ Huawei ရဲ့ Android Update အစီအစဉ်ဟာ တစ်ခုတော့မှန်သွားနိုင်ပါတယ်။ အဲတာကတော့ update ဟာ တရုတ်နိုင်ငံတစ်ခုတည်းအတွက်မဟုတ်ဘူးဆိုတာပါပဲ။
Huawei ဟာ ဒီနှစ်အတွင်းမှာတော့ Android 7.0 Nougat update ကို တခြားနိုင်ငံတွေထိမချဲ့ထားပါဘူး။ ဒါကြောင့် ကမ္ဘာတစ်ဝှမ်းက P9 နဲ့ Mate 8 user တွေကတော့ update အသစ်ကို ၂၀၁၇အစောပိုင်းမှပဲ ရနိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့် သင်ကိုယ်တိုင်တရုတ်နိုင်ငံမှာ ရှိနေတယ်ဆိုရင် သင့်မှာ Huawei P9 ရှိရင်တော့ firmware version B352 ကိုရှာဖွေကြည့်ပါ။ Mate 8 သုံးတယ်ဆိုရင်တော့ firmware version B552 ကိုရှာဖွေကြည့်ပါ။
Beta Android builds ကိုသွင်းထားတဲ့သူတွေအနေနဲ့ အဲ့တာကိုသုံးစရာမလိုတော့ဘဲ Android 7.0 Nougat update ကိုရနိုင်တော့မှာပါ။
firmware version ကတော့ Huawei P9 အတွက် B363 ဖြစ်ပြီး Huawei Mate 8 အတွက်ကတော့ firmware version B562 ဖြစ်သွားပါတယ်။
အခုတရုတ်နိုင်ငံမှာရှိနေတဲ့ Huawei P9 နဲ့ Mate 8 user တွေအနေနဲ့တော့ update အသစ်ကိုရနိုင်ပြီဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက user တွေကတော့ ၂၀၁၇ အစောပိုင်းလောက်ထိစောင့်ရမှာဖြစ်ပါတယ်။


Credit to ==> Myanmar Mobile App



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com