12/22/2016

♪ အသံ သီးသန့်လွှင့်နိုင်မယ့် Live Audio ကို Facebook စမ်းသပ်နေ ♫


Live 360 ကိုထည့်သွင်းပေးပြီးတဲ့နောက်မှာ Facebook အနေနဲ့ နောက်ထပ် လုပ်ဆောင်ချက် အသစ်တစ်ခုအဖြစ် အသံသီးသန့် လွှင့်နိုင်မယ့် Live Audio ကို ထပ်မံစမ်းသပ်နေပြီ ဖြစ်ပါတယ်။

စကားသံချည်းပဲဖြစ်တဲ့အတွက် လိုင်းသိပ်မကောင်းတဲ့ နေရာတွေမှာတောင် အလွယ်တကူ လွှင့်နိုင်ပြီး မျက်နှာအမူမယာ မထားတတ်တဲ့သူတွေနဲ့ ရှက်တတ်တဲ့သူတွေလည်း Live လွှင့်ဖို့ ပိုမိုအဆင်ပြေ သွားမှာဖြစ်ပါတယ်။

Live Video အတိုင်းပါပဲ။ လွှင့်တဲ့သူဟာ follower တွေရဲ့ News feed ပေါ်ကို တိုက်ရိုက် လွှင့်နိုင်မှာဖြစ်ပြီး Live feedback တွေကိုလည်းလက်ခံနိုင်မှာဖြစ်တဲ့အတွက် follower တွေပြန်လည်မေးမြန်းသမျှကို လည်း ဖြေကြားနိုင်မှာပါ။

Android User တွေအတွက် အပိုဆုအနေနဲ့ ဖုန်းကို Locked screen ပေါ်ကနေတောင် နားထောင်နိုင်အောင်ဖန်တီးပေးမှာဖြစ်ပြီး iOS User တွေကတော့ Facebook app ထဲ ဝင်ပြီးမှသာ နားထောင်နိုင်မှာဖြစ်ပါတယ်။

nexus2cee_facebook-live-audio-screens-668x389

Facebook ဟာ ဒီ Feature အသစ်ကို ထည့်သွင်းပေးနိုင်ဖို့အတွက် BBC World Service, LBC, Haaper Collins တို့နဲ့ ပူးပေါင်းကာ စမ်းသပ်လျက်ရှိပြီး (၂၀၁၇) နှစ်ဆန်းပိုင်းလောက်မှာ စတင်ပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။




Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com