12/24/2016

♪ ကွေးခေါက်နိုင်သောစမတ်ဖုန်းများကို ၂၀၁၉ ခုနှစ်တွင်ဈေးကွက်ဝေစု ၂၀ ရာခိုင်နှုန်းထိရရှိရန်မျှော်မှန်းထား ♫


၂၀၁၉ ခုနှစ်မှာ ကွေးခေါက်နိုင်တဲ့ စမတ်ဖုန်းတွေနဲ့ ပစ္စည်းတွေထွက်လာပြီးပြီးချင်းမှာပဲ အရမ်းကိုရေပန်းစား လာမယ်လို့ မျှော်မှန်းထားကြပါတယ်။ ကွေးခေါက်နိုင်တဲ့ display တွေကို ပြုလုပ်နေတဲ့ Kolon စက်ရုံရဲ့ အကြီးအကဲ Kang Chung-seok က ကွေးခေါက်နိုင်တဲ့ စမတ်ဖုန်းတွေဟာ ၂၀၁၉ ခုနှစ် တောင်ကိုရီးယားနိုင်ငံမှာ ဈေးကွက်ဝေစု ၂၀%ထိ ရနိုင်မယ်လို့ မျှော်မှန်းထားကြောင်း The Korea Herald ကို ပြောကြားခဲ့ပါတယ်။

သူက ဘယ်ကသတင်းတွေရလို့ ဒီလိုမျိုးအတိအကျပြောနိုင်ရတာလဲလို့ သင်အံ့သြကောင်း အံ့သြနိုင်ပါတယ်။ မှန်ပါတယ်။ သူုသေချာပြောနိုင်ရခြင်းအကြောင်းရင်းက Kolon စက်ရုံဆိုတာဟာ ကွေးခေါက်နိုင်တဲ့ ပစ္စည်းတွေထုတ်လုပ်တဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ အရောင်မဲ့ polyimide တွေကို အမြောက်အများ ထုတ်လုပ်ပေးနေတဲ့ တစ်ကမ္ဘာလုံးမှာ တစ်ခုတည်းသော စက်ရုံဖြစ်လို့ပါပဲ။ Kang က Kolon စက်ရုံဟာ နာမည်ကြီးကုမ္ပဏီတွေဖြစ်တဲ့ Samsung နဲ့ LG တို့နဲ့လက်တွဲနေပြီး အပေါ်မှာဖော်ပြခဲ့တဲ့အတိုင်း ပစ္စည်းတွေကို ထုတ်လုပ်ထောက်ပံ့ပေးနေတာ ဖြစ်ကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။


Kang အတွင်းကျကျ လေ့လာထားပုံအရဆိုရင် ၂၀၁၈ မှာ ကွေးခေါက်နိုင်တဲ့စမတ်ဖုန်းတွေကို အမြောက်အများထုတ်လုပ်နိုင်တဲ့ကုမ္ပဏီပေါင်းက ၃ ခုနဲ့ ၅ ခုကြားပဲရှိမယ်လို့ မှန်းထားပါတယ်။ ဈေးကွက်ကို ပထမဆုံးထိုးဖောက်လာမယ့် ပစ္စည်းဟာ အများမျှော်လင့်ထားသလို 1mm အစား 5mm အချင်းဝက်နဲ့ ကွေးညွှတ်နိုင်မှာ ဖြစ်ပါတယ်။

ကွေးညွှတ်နိုင်တဲ့အချင်းဝက်ဆိုတာ ပစ္စည်းကိုကွေးလိုက်တဲ့အခါ မထိခိုက် မပျက်စီးစေနိုင်လောက်တဲ့ အနည်းဆုံးသော အချင်းဝက်ဖြစ်ပါတယ်။ ဒါကြောင့် အချင်းဝက်သေးလေလေ ပိုပြီး flexible ဖြစ်လေလေပါပဲ။
” ကွေးညွှတ်နိုင်တဲ့အချင်းဝက် ၁မီလီမီတာဆိုတဲ့ပမာဏဟာ လုံခြုံစိတ်ချရမှုပိုင်းမှာ ပြဿနာဖြစ်လာစေနိုင်တဲ့ အဓိကအချက်ဖြစ်ပါတယ်။ နည်းပညာကုမ္ပဏီတွေဟာ ပထမဦးဆုံး ၅မီလီမီတာအချင်းဝက်နဲ့ စတင်ထုတ်လုပ်ပြီး နောက်ပိုင်းတဖြည်းဖြည်းနဲ့ အချင်းဝက်ကို လျှော့လျှော့ပြီးထုတ်လာမှာဖြစ်ကြောင်း Kolon စက်ရုံ Kang Chung-seok က ဆိုထားပါတယ်။

ကွေးခေါက်နိုင်တဲ့ စမတ်ဖုန်းတွေ တကယ်ထွက်လာတဲ့အချိန်ထိ အချိန်အနည်းငယ် စောင့်ရမယ် ထင်ပါတယ်။ ဒါပေမယ့် Kolon စက်ရုံကလူ မျှော်မှန်းထားသလောက် ရေပန်းစားလာပါ့မလား? အဖြေကိုတော့ အချိန်ကပဲ စကားပြောသွားမှာဖြစ်ပါတယ်။

မကြာခင်လာမယ့် ကွေးခေါက်နိုင်တဲ့ပစ္စည်းတွေအပေါ် သင့်ရဲ့အမြင်ကရောဘယ်လိုပါလဲ?



Credit to ==> Myanmar Mobile App



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com