12/21/2016

♪ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ LG ရဲ့ G Pad III 10.1 tablet ♫


LG က နောက်ဆုံးပေါ် Tablet အဖြစ် G Pad III 10.1 tablet ကို တရားဝင် မိတ်ဆက်ပေးလိုက်ပြီဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံတွင်းမှာ စတင်ရောင်းချနေပြီဖြစ်ပါတယ်။

နာမည်အတိုင်း (၁၀.၁)လက်မ မျက်နှာပြင်နဲ့ထွက်ရှိလာပြီး Full HD resolution (1920×1200) ကိုထောက်ပံ့မှာဖြစ်ပါတယ်။ Octa-core 1.5GHz process ကိုသုံးထားပြီး RAM 2GB ၊ storage 32GB နဲ့ ကြာရှည်အသုံးခံတဲ့ 6000mAh battery တို့ပါဝင်ပါတယ်။

ကင်မရာတွေအဖြစ် ရှေ့ရော နောက်ရော 5MP ကိုသုံးထားပြီး Bluetooth 4.2 နဲ့ USB type-C တို့ကို အသုံးပြုထားတာတွေ့ရပါတယ်။ 4G LTE ကိုထောက်ပံ့ထားပြီး Android 6.0.1 Marshmallow ကိုအသုံးပြုထားပါတယ်။

Tablet နဲ့အတူ (၇၀)ဒီဂရီ ချိန်ညှိနိုင်တဲ့ kick stand တစ်ခုပါဝင်မှာဖြစ်ပြီး Tablet ကို dock တစ်ခုအဖြစ် အကောင်းဆုံးအသုံးပြုနိုင်မှာဖြစ်ပါတယ်။


LG ရဲ့ ပြည်တွင်းဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံတွင်းမှာ ဒေါ်လာ (၃၆၀) ဝန်းကျင်နဲ့ စတင်ရောင်းချနေ ပြီဖြစ်ပြီး အခြားနိုင်ငံတွေကို တင်သွင်းမယ့် နေ့ရက်ကိုတော့ ကြေညာခဲ့ခြင်းမရှိသေးဘဲ လာမယ့်နှစ်မှာ Stylus Pen ပါဝင်တဲ့ device တစ်မျိုးကို မိတ်ဆက်သွားဖို့ရှိတယ်လို့ LG ကပြောကြားခဲ့ပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com