12/21/2016

♪ Xiaomi က လာမယ့်သောကြာနေ့မှာ Mi Notebook Air အသစ်ကိုမိတ်ဆက်မည် ♫


Xiaomi အနေနဲ့ လာမယ့် ဒီဇင်ဘာ (၂၃) ရက် သောကြာနေ့မှာ Mi Notebook Air အသစ်ကို မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။

အတည်ပြုချက်တွေအရ အခုထွက်ရှိမယ့် Mi Notebook Air အသစ်မှာ built-in အနေနဲ့ mobile data connectivity ပါဝင်လာမှာဖြစ်ပြီး 4G LTE network တွေကို ထောက်ပံ့ပေးမှာဖြစ်တယ်လို့သိရပါတယ်။

ဝေဖန်သုံးသပ်ချက်တွေအရ ပြီးခဲ့တဲ့ July လတွင်းကထွက်ရှိထားတဲ့ Wi-Fi Only Mi Notebook အဟောင်းရဲ့ ဒီဇိုင်းနဲ့ Specs တွေအတိုင်းထွက်ရှိလာဖွယ်ရှိပြီး Wi-Fi Only အစား 4G Notebook အဖြစ်သာ အဆင့်မြှင့်တင်လိုက်တာဖြစ်ပါတယ်။


Xiaomi ဟာ ပြီးခဲ့တဲ့ July လမှာ Mi Notebook Air ကို (၁၂.၅)လက်မ နဲ့ (၁၃.၃)လက်မ version (၂) မျိုးထုတ်လုပ်ခဲ့ပြီး ဒေါ်လာ(၅၀၀) နဲ့ (၇၀၀) ဈေးတွေနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ အခုအသစ်ထွက်ရှိလာမယ့် Mi Notebook Air ကိုတော့ ဘယ်ဈေးနဲ့ထွက်ရှိမယ် ဘာတွေ ထပ်မံထူးခြားလာမယ်ဆိုတာ ကတော့ သောကြာနေ့ကျမှ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Xiaomi အနေနဲ့ Mi Notebook အသစ်ကို လာမယ့်သောကြာနေ့ ဘေကျင်းမှာ အထူး event တစ်ခုပြုလုပ်ပြီး မိတ်ဆက်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။



Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com