12/13/2016

♪ Huawei က Enjoy 6s ကို မိတ်ဆက် ♫


Huawei က တရုတ်မှာ Enjoy 6s ကို မိတ်ဆက်လိုက်ပါတယ်။ မြန်မာငွေ ၂ သိန်းခွဲ ၀န်းကျင် တန်ကြေးရှိပါတယ်။ ရွှေ၊ ငွေနဲ့ အဖြူရောင်များ ထုတ်လုပ်ပေးထားပါတယ်။ Huawei Enjoy 6s ဟာ Enjoy 6 ရဲ့ မျိုးဆက်ဖြစ်ပြီး စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာပါတယ်။ Enjoy 6s မှာ သတ္တုကိုယ်ထည် တပ်ဆင်ထားပြီး Dual-SIM Phone ဖြစ်ပါတယ်။
.
Huawei Enjoy 6s မှာ ၅ လက်မ HD IPS LCD Display တပ်ဆင်ထားပါတယ်။ Octa-Core Qualcomm Snapdragon 435 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 3GB RAM , 32GB Internal Storage ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ထားပါတယ်။
.
3020mAh Battery တပ်ဆင်ထားပြီး 4G LTE ဆက်သွယ်မှုကို အသုံးပြုနိုင်ပါတယ်။ Android 6.0 Marshmallow ကို Huawei Emotion UI 4.1 နဲ့ ပေါင်းစပ်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ စစ်ဆေးတဲ့ ကိရိယာ တပ်ဆင်ထားပါတယ်။ Enjoy 6 ဟာ  IP52 စံနှုန်းရှိတဲ့အတွက် ရေနဲ့ ဖုန်မှုန့်များကို ခံနိုင်ရည်ရှိပါတယ်။ Enjoy 6s ကတော့ ရေနဲ့ ဖုန်မှုန့်များကို ခံနိုင်ရည်ရှိသလားဆိုတာ မသိရသေးပါဘူး။ Huawei က Enjoy 6 ကို တရုတ်နိုင်ငံမှာသာ ရောင်းချပေးခဲ့တဲ့အတွက် Enjoy 6s ကိုလည်း အခြားနိုင်ငံများမှာ ရောင်းချမှာ မဟုတ်ပါ။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com