12/13/2016

♪ လက်ရှိ ဘက်ထရီများထက် အဆ ၄၀၀ အသုံးခံတဲ့ ဘက်ထရီ ♫


စမတ်ဖုန်း ၊ တက်ဘလက်နဲ့ အခြား အီလက်ထရောနစ် ကိရိယာများဟာ ပြန်လည်အားဖြည့်နိုင်တဲ့ ဘက်ထရီများ အပေါ် မှီခိုနေရပါတယ်။ ဒါပေမယ့် အသုံးပြုတာကြာလာတာနဲ့ အမျှ ဘက်ထရီများဟာ စွမ်းအင်သိုလှောင်နိုင်မှု ကျဆင်းလာကြပါတယ်။ ဒီနေ့ခေတ် ဘက်ထရီအများစုဟာ လစ်သီယမ်များဖြစ်ကြပြီး အချိန်ကြာလာတာနဲ့ အမျှ ပျက်ဆီးလာပါတယ်။
.
UC Irvine မှ သုတေသနပညာရှင်များက လစ်သီယမ်အစား စွမ်းအင်သိုလှောင်ဖို့ အလွန်သေးငယ်တဲ့ ၀ါယာကြိုးများကို အသုံးပြုခဲ့ပြီး သူတို့ရဲ့ နည်းပညာဟာ သမားရိုးကျ လစ်သီယမ် ဘက်ထရီများထက် ဘက်ထရီ သက်တမ်း အလွန် ကြာရှည်တာကို တွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ ဘက်ထရီများဟာ အကြိမ် ၂၀၀ ၀၀၀ အားဖြည့်ပြီးရင်တောင် သိသိသာသာ ပျက်ဆီးခြင်း မရှိပါဘူး။
.
အခြား သုတေသနအဖွဲ့အစည်းများကလည်း  Nanowires လို့ ခေါ်တဲ့ အလွန်သေးငယ်တဲ့ ၀ါယာကြိုးများဖြင့် ဘက်ထရီ တီထွင်ဖို့ နှစ်ပေါင်းများစွာ ကတည်းက ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် UC Irvine လိုတော့ အောင်မြင်ခြင်း မရှိခဲ့ပါဘူး။
.
UC Irvine ရဲ့ ဘက်ထရီ နည်းပညာဟာ လက်ရှိ ဘက်ထရီများထက် အဆ ၄၀၀ ပိုမို အသုံးခံပါတယ်။ လက်ရှိ စမ်းသပ်တဲ့ အဆင့်မှာ ဘက်ထရီ အစစ်ကို အသုံးပြုထားခြင်း မဟုတ်သေးပါဘူး။ UC Irvine က ဘက်ထရီ အစစ်များဖြင့် သူတို့ရဲ့ နည်းပညာကို ဆက်လက်စမ်းသပ်မှာ ဖြစ်ပါတယ်။




Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com