12/13/2016

♪ အကောင်းစား စမတ်ဖုန်း ကင်မရာ ၃ ခုကို နှိုင်းယှဉ် သုံးသပ်ခြင်း ♫


စမတ်ဖုန်းကင်မရာများဟာ အဆင့်မြင့်လာကြပြီး ရုပ်ရှင်၊ ဗီဒီယိုတွေကိုတောင် ရိုက်ကူးလာကြပါတယ်။ စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီများကလည်း ကင်မရာ စွမ်းရည်ကို ပြိုင်ဘက်များထက် သာအောင် အပြိုင်အဆိုင် တီထွင်လာကြပါတယ်။ အခုဆိုရင် အနောက်ကင်မရာ ၂ လုံး ပူးတွဲ တပ်ဆင်ထားတဲ့ စမတ်ဖုန်းများ ခေတ်စားနေပါတယ်။  စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများဖြစ်တဲ့ Apple iPhone 7 Plus , LG V20 နဲ့ Google Pixel တို့ကို ကာလရှည်ကြာ စမ်းသပ်ကိုင်တွယ်ခဲ့ပြီး အဒီအထဲက အကောင်းဆုံး စမတ်ဖုန်း ကင်မရာကို ရွေးထုတ်ပြချင်ပါတယ်။
27021490093_0777fc173c_b-780x439
iPhone 7 Plus နဲ့ LG V20 တို့ရဲ့ အနောက်ဘက်မှာ ကင်မရာ ၂ လုံးစီ တပ်ဆင်ထားတဲ့အတွက် အနောက်ကင်မရာ ၁ လုံးထဲပါတဲ့ စမတ်ဖုန်းထက် စွမ်းဆောင်ချက် ပိုများပါတယ်။ ဒီနှစ်ထဲမှာတော့ အနောက်ကင်မရာ ၂ လုံး အတွဲအစပ်ဟာ ခေတ်စားနေပြီး ၂၀၁၇ ခုနှစ်မှာ ပိုအရှိန်မြင့်လာမှာပါ။ ကင်မရာ ၂ လုံးအတွဲအစပ်ကို အသုံးချတဲ့ LG နဲ့ Apple နည်းလမ်းများကတော့ ကွဲပြားပါတယ်။
အဲဒီအတွက် ဘယ်ကုမ္ပဏီက ဘယ်လမ်းကြောင်းကို သွားနေလဲဆိုတာ လေ့လာဖို့ လိုပါတယ်။ သင် ဓါတ်ပုံ ရိုက်တဲ့ အလေ့အထအပေါ် မူတည်ပြီး သင့်တော်တဲ့ ကင်မရာကို ရွေးချယ်ရမှာပါ။ Apple က Zoom စွမ်းရည်တိုးတက်ဖို့ အနောက်ကင်မရာ ၂ လုံးကို ပေါင်းစပ် အသုံးချပါတယ်။ iPhone 7 Plus ဟာ သုံးဖူးသမျှဖုန်းထဲမှာ အကောင်းဆုံးနဲ့ အညက်ညောဆုံး Zoom ကို ပံ့ပိုးပေးပါတယ်။ နောက်တစ်ချက်က DSLR နဲ့ ရိုက်မှ ရတဲ့ DoF (Depth of Field) Effect ကို iPhone 7 Plus က ရိုက်ပေးနိုင်ပါတယ်။ ကင်မရာ ၂ လုံးက မတူညီတဲ့ Depth Data ကို ဖမ်းယူပါတယ်။ Foreground ကို ကြည်လင်ပြတ်သားစွာ ဖန်တီးပြီး Background ကိုတော့ Blur ဖြစ်အောင် ပြုလုပ်ပါတယ်။ ဒါပေမယ့် Apple ရဲ့ နည်းပညာဟာ အစောပိုင်းအဆင့်မှာသာ ရှိပါသေးတယ်။ အလင်းရောင်နည်းပါးတဲ့ နေရာများမှာ Camera App က DoF Effect အတွက် အလင်းနည်းလွန်းတယ်လို့ သတိပေးပါတယ်။
phone_banner
Google ကလည်း ဒီလို ရိုက်နိုင်တဲ့ စွမ်းဆောင်ချက်ကို Pixel မှာ ထည့်ပေးထားပါတယ်။ ဒါပေမယ့် ရိုက်ချင်တဲ့ အရာဝတ္ထု ပတ်လည်ကို ကင်မရာ မြင်ကွင်း ရွှေ့ပေးရပါတယ်။ အဲဒီနောက်မှာ App က Depth Data ကို တွက်ချက်ပြီး ဓါတ်ပုံ ဖန်တီးပါတယ်။ Pixel မှာ ကင်မရာ ၁ လုံးပဲ ပါပြီး သုံးဖက်မြင် ဒေတာ လိုအပ်လို့ ဒီလိုလုပ်ရတာပါ။ Apple DoF ထက် အလုပ်ပိုရှုပ်ပါတယ်။ Google က အလင်းရောင်နည်းပါးတဲ့ အချိန်မှာ အဆင်ပြေအောင် ဖန်တီးထားပါတယ်။ Pixel ဟာ ကင်မရာ သုံးလုံးထဲမှာ အမြန်ဆုံး ဓါတ်ပုံရိုက်ပေးနိုင်ပြီး Exposure , Color Depth, Dynamic Range အပိုင်းမှာ အရည်အသွေးမြင့်မားပါတယ်။

lg-v20-6334-001

LG G5 နဲ့ V20 မှာ Standard High-Resolution f/1.8 12MP Camera နဲ့ Wide Angle f/2.4 8MP Camera ၂ လုံးကို အနောက်ဘက်မှာ ပူးတွဲတပ်ဆင်ထားပါတယ်။ EIS ( Electronic Image Stabilization ) အစား OIS (Optical Image Stabilization ) ကို သုံးထားပါတယ်။ G5 ထက် V20 ကို အသားပေးပြောရသလဲဆိုရင် G5 မှာတောင် မပါတဲ့ Selfie Camera ၂ လုံး တပ်ဆင်ထားလို့ပါ။ Apple ကတော့ 12MP Camera ၂ လုံးကို သုံးထားပါတယ်။ Pixel မှာတော့ ကင်မရာ ၂ လုံး မပါပါဘူး။ အခြား ကင်မရာ ၂ လုံးမှာ ပါတဲ့ OIS လည်း မပါပါဘူး။ ဒါဟာ အလင်းရောင်နည်းတဲ့ နေရာမှာ ရလဒ် မကောင်းတတ်ပါဘူး။ ဒါပေမယ့် Google ရဲ့ အလွန် စွမ်းရည်မြင့်တဲ့ HDR+ Algorithm ကြောင့် ကင်မရာ ၂ လုံး နဲ့ OIS မပါတာတောင် ကျန်တဲ့ ဖုန်း ၂ လုံးကို ကဏ္ဍအများစုမှာ ယှဉ်ပြိုင်နိုင်ပါတယ်။

LG V20 ဟာ စာရေးသူ အမြင်အရ iPhone 7 Plus , Google Pixel တို့ထက် ပိုကောင်းပါတယ်။ သာမာန်အခြေအနေမှာ LG ကင်မရာဟာ iPhone , Galaxy S7, Pixel တို့နဲ့ ယှဉ်နိုင်ပါတယ်။ LG V20 ရဲ့ အားသာချက်ကတော့ အခြား ဖုန်းများထက် အသေးစိတ်ကျတဲ့ ဓါတ်ပုံများကို ရိုက်ကူးပေးနိုင်လို့ပါ။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com