12/04/2016

♪ “Facebook က User များ Safety Check ကို ပြုလုပ်နိုင်အောင် ပံ့ပိုးပေး” ♫


Facebook ရဲ့ Safety Check စွမ်းဆောင်ချက်ဟာ သဘာဝဘေးအန္တရာယ် များ၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်တဲ့ အချိန်မှာသူငယ်ချင်းများဘေးကင်း ကြောင်းကိုသိရှိနိုင်တဲ့အတွက် အသုံးဝင်ပါတယ်။ ဒါပေမယ့် Safety Check ကို Facebook က ပြုလုပ်ပေးမှ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ အခုတော့ Facebook က Safety Check ကို Users များ ကိုယ်တိုင် ဖန်တီးနိုင်အောင် ပံ့ပိုးပေးလိုက်ပါတယ်။ 

“ဘေးအန္တရာယ်ဖြစ်တဲ့ နေရာမှ လူများက အဖြစ် အပျက်ကို ပို့စ်တင်တဲ့ အခါမှာ အန္တရာယ်ကင်းလားလို့ မေးမြန်းမှာဖြစ်ပါတယ်။ အန္တရာယ်ကင်းကြောင်းပြောလိုက်ပြီးတာနဲ့ ထိုလူက အခြားသူငယ်ချင်းများ အား Invite လုပ်ပြီးဖြေဆိုခိုင်းနိုင်ပါတယ်” လို့ Facebook က ရှင်းပြပါတယ်။ Facebook က ၂၀၁၄ ခုနှစ်မှာ Safety Check စွမ်းဆောင်ချက်ကိုစတင် ဖြန့်ချိပေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာဖိလစ်ပိုင်တွင် တိုက်ခိုက်ခဲ့တဲ့ တိုင်ဖွန်းရူဘီဖြစ်ရပ်မှာစတင် ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ Facebook က ယခုနှစ် ဇွန်လမှာ Users များကိုယ်တိုင် ပြုလုပ်နိုင်တဲ့ Safety Check စွမ်းဆောင်ချက်ကိုလူအနည်းငယ်ဖြင့် စတင် စမ်းသပ်နေခဲ့တာ ဖြစ်ပါတယ်။

Facebook က Community Help လို့ အမည်ပေးထားတဲ့ အလားတူ စွမ်းဆောင်ချက်ကိုလည်းမိတ်ဆက်လိုက်ပါတယ်။ Community Help ဟာ ဘေးအန္တရာယ်ကျရောက်နေသူများအတွက် နေစရာနေရာ၊ အစားအစာနဲ့ အထောက်အကူပစ္စည်းများကို လှူဒါန်းနိုင်၊ ရယူနိုင်တဲ့ နေရာဖြစ်တယ်လို့ Facebook က ပြောပါတယ်။ Facebook က ဖြစ်ရပ်အချို့အတွက် Safety Check ကို Activate လုပ်တဲ့အခါမှာ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ခဲ့ဖူး ပါတယ်။ 


ယခုနှစ် မတ်လမှာအကြမ်းဖက်သမားများက Abidjan မြို့တော် အနီးရှိအပန်းဖြေမြို့တစ်ခုမှာလူ ၁၆ ယောက်ကိုသေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ပြီးနောက် Facebook က Safety Check ကို ပြုလုပ်ပေးနိုင်ခဲ့ ခြင်းမရှိခဲ့ပါဘူး။ ယခုတော့ Users များကိုယ်တိုင် Safety Check ကို Activate လုပ်နိုင်တဲ့အတွက် ပိုမိုမြန်ဆန် အဆင်ပြေလာပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com