12/04/2016

♪ " Dual Camera ပါရှိသော Huawei GR 5 (2017) Smartphone ကို မကြာခင်ဝယ်ယူနိုင်တော့မည် " ♫



အနောက် Dual Camera ပါရှိသော Huawei GR 5 (2017) Smartphone ကို မကြာမီ ပြည်တွင်းဈေးကွက်တွင် မိတ်ဆက်ပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ Smartphone ကို ငွေကျပ် သုံးသိန်းအောက်နှုန်းထားဖြင့် ရောင်းချပေးသွားမည်ဖြစ်ကာ အရောင်အနေဖြင့်တော့ Gold, Grey, Silver တို့ကို ရွေးချယ်ဝယ်ယူနိုင်သည်။

ကင်မရာပိုင်းဦးစားပေးဖန်တီးထားသည့် Mid-End Smartphone တစ်လုံး ဖြစ်ကာ အနောက် 12.0 Megapixels + 2.0 Megapixels ကင်မရာနဲ့ အရှေ့ 8.0 Megapixels ကင်မရာ တို့ပါရှိသည်။ အရည်အသွေးမြင့်ဓာတ်ပုံများ စွာကိုရိုက်ကူးဖန်တီးနိုင်မှာဖြစ်ပြီး မိမိစိတ်ကြိုက်ဖန်တီးလိုသော ရုပ်ပုံများကို လုပ်ဆောင်ချက်ကောင်းများစွာဖြင့် ဖန်တီးနိုင်မည်ဖြစ်သည်။ မျက်နှာပြင်အရွယ်အစားမှာ 5.5 လက်မရှိကာ 2.5D Curved Display နှင့်အတူ Full HD အရည်အသွေးရှိ Screen အမျိုးအစားကို အသုံးပြုပေး ထားသည်။

ဖုန်းတွင်းလုပ်ဆောင်ချက်တွေ မြန်ဆန်ကောင်းမွန်စေဖို့အတွက် Huawei ရဲ့ Kirin 655 အမျိုးအစား Processor ကိုအသုံးပြုပေးထားကာ RAM 3 GB ပါရှိသည်။ Internal Memory မှာ 32GB ပါဝင်သည့်အပြင် Memory ကို တိုးချဲ့အသုံးပြုနိုင်သည်။ Software ပိုင်းလုပ်ဆောင်ချက်များ ပိုမိုကောင်းမွန်စေရန် Android 6.0 (Marshmallow) OS နှင့်အတူ EMUI 4.1 ကို အသုံးပြုပေးထားသည်။ ထို့အပြင် Fingerprint လုပ်ဆောင်ချက် ဖြင့် 0.3 စက္ကန့်အတွင်း Screen Unlock ပြုလုပ်ခြင်းတွေကို လုပ်ဆောင်နိုင်မှာဖြစ်ကာ မိမိမှတ်သားထားသော Fingerprint ID ဖြင့် အခြားလုပ်ဆောင်ချက်များစွာလည်း လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ဘက်ထရီပိုင်းတွင် လည်း 3340 mAh ဘက်ထရီ အမျိုးအစားကိုအသုံးပြုပေးထားသောကြောင့် တစ်ခါအားသွင်းထားလျှင် ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ အင်တာနက်အသုံးပြုခြင်း စသည်တို့ကို အချိန်ကြာမြင့်စွာလုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com