12/20/2016

♪ ၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံး စမတ်ဖုန်းများ ♫


နှစ်တစ်နှစ် ကုန်ခါနီးတိုင်း အဲဒီနှစ်ရဲ့ အကောင်းဆုံး စမတ်ဖုန်း၊ တက်ဘလက် ၊ ပီစီ စတာတွေကို ရွေးချယ် ရေးသားလေ့ရှိကြပါတယ်။ ၂၀၁၆ ခုနှစ်အတွက်လည်း အကောင်းဆုံး စမတ်ဖုန်း စာရင်းများကို နည်းပညာ ၀က်ဆိုက်များက ရေးသားကြပါတယ်။ အဲဒီအထဲက TechRadar ၀က်ဆိုက်က ရွေးချယ်ထားတဲ့ အကောင်းဆုံး စမတ်ဖုန်းမျာအား  ဝေဖန်သုံးသပ်ရေးသားထားတာတွေကို အစဉ်လိုက် ဖော်ပြပေးလိုက်ပါတယ်။
၁။ Samsung Galaxy S7 Edge
S7 Edge ဟာ ယခင်မျိုးဆက် S6 Edge လိုပဲ ဒီဇိုင်းလှပပါတယ်။ ဘေးဘက်မျက်နှာပြင်ငယ်က ပိုမိုကွေးညွှတ်လာပြီး စွမ်းဆောင်ချက်များ ပိုမို ပါရှိလာပါတယ်။ ကင်မရာကလည်း စွမ်းဆောင်ရည် အလွန် မြင့်မားပါတယ်။ သတ္တုနဲ့ ဖန် နှစ်မျိုးဖြင့် ကိုယ်ထည်ကို ပေါင်းစပ်တည်ဆောက်ထားတာက ကိုင်တွယ်ရတာ သက်တောင့်သက်သာ ရှိစေပါတယ်။ TouchWiz ဆော့ဝဲကလည်း အရင်ကထက် ပိုမို အသုံးပြုလို့ ကောင်းလာပါတယ်။ ဘက်ထရီသက်တမ်း တိုးတက်လာတာကလည်း ကောင်းတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ S7 Edge ဟာ အဖက်ဖက်က ပြီးပြည့်စုံတဲ့ အကောင်းဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။

၂။ Samsung Galaxy S7
2

S7 ဟာ ယခင်နှစ်ထုတ် S6 နဲ့ ဆင်တူတယ်လို့ ထင်ရပေမယ့် ကိုင်ကြည့်လိုက်ရင် ကွဲပြားခြားနားမှုများကို တွေ့ရမှာပါ။ ဖုန်းရဲ့ အနောက်ဘက်ကို အနည်းငယ် ကွေးညွှတ်ထားတာက ကိုင်တွယ်အသုံးပြုရတာ ကောင်းမွန်ပါတယ်။ ရေစိုခံနိုင်လာပြီး microSD Card Slot ကို ပြန်လည်ထည့်သွင်းပေးလိုက်တာက ကျေနပ်စရာပါ။ S6 မှာ microSD Card Slot ကို ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ ကင်မရာကလည်း အံ့မခန်းပါ။ Megapixel နည်းပါးပေမယ့် အရည်အသွေး ကောင်းပါတယ်။ ဈေးကြီး ပေးဝယ်ဖို့ တန်တဲ့ စမတ်ဖုန်းပါ။

၃။ iPhone 7 Plus
3

iPhone 7 Plus ဟာ လက်ရှိ iPhone အားလုံးထဲမှာ အကောင်းဆုံး ဖြစ်ပါတယ်။ စွမ်းရည်၊ ရေစိုခံ ဒီဇိုင်း၊ အနောက်ကင်မရာ ၂ လုံး တွဲဖက်တပ်ဆင်ထားမှု၊ လျှင်မြန်မှု အပိုင်းများမှာ အလွန် ကောင်းပါတယ်။ ယခင်မျိုးဆက်များနဲ့ ဒီဇိုင်း တူညီပါတယ်။ Apple က Headphone Jack ကိုတော့ ဖယ်ရှားထားပါတယ်။

၎။ LG G5
4

LG က G5 ဖြင့်  ဆန်းသစ်တဲ့ စမတ်ဖုန်း ဒီဇိုင်းကို ပွဲထုတ်ခဲ့ပါတယ်။ ဖုန်းရဲ့ အောက်ခြေကနေ ဘက်ထရီကို ဖြုတ်နိုင်ပြီး အဲဒီနေရာမှာ ကင်မရာ၊ စပီကာ၊ ဘက်ထရီ အပို စသဖြင့် အခြား Module များကို တပ်ဆင်၍ ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ပါတယ်။ အနောက်ကင်မရာ ၂ လုံး ပူးတွဲတပ်ဆင်ထားတာက ဓါတ်ပုံသမားများအတွက် အဆင်ပြေပါတယ်။

၅။ iPhone 7
5

iPhone 7 ဟာ ဒီဇိုင်း ဆန်းသစ်ထားခြင်း မရှိဘဲ ယခင်မော်ဒယ်နဲ့ ဒီဇိုင်း တူညီပါတယ်။ ဒါက စိတ်ကျေနပ်စရာ သိပ်မကောင်းပါဘူး။  ရေစိုခံခြင်းနဲ့ အကောင်းစား ကင်မရာ တပ်ဆင်ထားတာက iPhone ချစ်သူများအတွက် ကျေနပ်စရာ ဖြစ်ပါတယ်။ iPhone 6 ကိုင်နေသူများအတွက် iPhone 7 က သေချာပေါက် ရွေးချယ်စရာ ဖြစ်ပါတယ်။

၆။ Motorola Moto Z
6

Moto Z ဟာလည်း LG G5 လို Modular Phone Design ဖြစ်ပါတယ်။ ဖုန်းနဲ့တွဲဖက် သုံးဖို့ Modular Accessory များကို ထုတ်လုပ်ပေးထားပါတယ်။ သူဟာ ကမ္ဘာ့ အပါးလွှာဆုံး စမတ်ဖုန်း တစ်လုံး ဖြစ်တဲ့အတွက် ဘက်ထရီ အရွယ်အစား သေးငယ်ပါတယ်။ Headphone Jack လည်း မပါပါဘူး။ ဆန်းသစ်တဲ့ ဖုန်းကိုင်ချင်သူများအတွက် သင့်တော်ပါတယ်။

၇။ HTC 10
7

HTC 10 ဟာ ခန့်ညားထည်ဝါပြီး ဒီဇီုင်း လှပပါတယ်။ ကင်မရာကလည်း အံ့မခန်းကောင်းမွန်ပါတယ်။ ဘက်ထရီ ကြာရှည် အသုံးခံတာက ကျေနပ်စရာဖြစ်ပါတယ်။ အသံ အရည်အသွေး ကောင်းမွန်တဲ့ အတွက် သီချင်း ချစ်သူများနဲ့ သင့်တော်ပါတယ်။

၈။ OnePlus 3
8

OnePlus 3 ဟာ သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး ၅.၅ လက်မ AMOLED Display က အလွန်ကြည်လင်ပြတ်သားပါတယ်။ လက်ဗွေရာ စကင်နာကလည်း အလွန် လျှင်မြန်ပါတယ်။ Specifications အားလုံးက ထိပ်တန်းဖုန်းအားလုံးကို ယှဉ်ပြိုင်နိုင်ပါတယ်။ microSD Card တော့ စိုက်လို့ မရပါဘူး။ ဘက်ထရီ သက်တမ်းက ၁ ရက်လောက်သာ အသုံးခံတာက သိပ်မကောင်းပါဘူး။ ဒါပေမယ့် ပေးရတဲ့ ဈေးနဲ့ တန်တဲ့ ဖုန်း ဖြစ်ပါတယ်။

၉။ Google Pixel
9

Google Pixel ဟာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်ပြီး Google Assistant ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ပါပါတယ်။ 12MP အနောက်ကင်မရာကလည်း ဈေးကွက်ထဲမှ အကောင်းဆုံး တစ်ခု ဖြစ်ပါတယ်။ Android Nougat အစစ်ကို ခံစား အသုံးပြုနိုင်မှာပါ။ စွမ်းရည်မြင့် ဂိမ်းများ ကစားနိုင်ပါတယ်။ အလုပ်များ တစ်ပြိုင်နက် လုပ်နိုင်တဲ့အတွက် Multitasking လုပ်လို့ ကောင်းပါတယ်။  မျက်နှာပြင်က ကြည်လင်ပြတ်သားတဲ့အတွက် ရုပ်ရှင်ချစ်သူများအတွက် ရွေးချယ်စရာပါ။

၁၀။ Motorola Moto Z Play
10

Moto Z Play ဟာလည်း Accessory များဖြင့် တွဲဖက် အသုံးပြုနိုင်တဲ့ Modular Phone Design ဖြစ်ပါတယ်။ Music Player , Camera , Projector များကို ဖုန်းမှာ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ ဒီဇိုင်းလှပပြီး ဈေးသက်သာပါတယ်။ CPU ကတော့ အနည်းငယ် အားနည်းပြီး ကင်မရာကလည်း ထိပ်တန်း အဆင့် မဟုတ်ပါဘူး။ ပေးရတဲ့ ဈေးနဲ့ တန်တဲ့ ဖုန်းပါ။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com